Thursday, July 7, 2011

အစားအသောက်များထည့်သည့် ဘူး၊ ပုလင်းများနှင့် ကော်ဖီခွက်များတွင် ထည့်သွင်းအသုံးပြုသော ဓာတုပစ္စည်းနှစ်မျိုးသည် ကင်ဆာဖြစ်ပွားနိုင်

အမေရိကန်သိပ္ပံပညာရှင်များ၏ ဖော်ထုတ်ပြောကြားချက်အရ အစား အသောက်များထည့်သည့် ဘူး၊ ပုလင်း များနှင့် ကော်ဖီခွက်များတွင် ကျယ်ပြန့် စွာထည့်သွင်းအသုံးပြုနေသော ဓာ တုပစ္စည်းနှစ်မျိုးသည် ကင်ဆာရောဂါ ဖြစ်ပွားစေရန် အလားအလာများရှိနေ သည်ဟု စထရိတ်တိုင်းမ်သတင်းတစ် ပုဒ်တွင်ဖော်ပြထားချက်အရသိရသည်။
 

ဖောအော်ဒီဟိုက်ဟုခေါ်သော ဓာတုပစ္စည်းသည် အခန်း၊ မွေ့ရာ၊ စောင် စသည့် အိမ်သုံးပစ္စည်းများတွင် ပိုးမွှားများ ကင်းစင်စေရန်သုံးသည့် ဖောလစ်အက်စစ်၏ အောဒီဟိုက်ဓာ တုဗေဒပစ္စည်းဖြစ်ပြီး ၎င်းင်းသည် သွေး ကင်ဆာရောဂါဖြစ်ပွားစေမှုနှင့် ဆက် စပ်လျက်ရှိနေသည်ဟု အဆိုပါ သိပံ္ပ ပညာရှင်များထုတ်ပြန်သော အစီရင် ခံစာတစ်စောင်တွင် ဖော်ပြထားသည်။
 

ထိုဓာတုဗေဒပစ္စည်းကို လူသား များ ကင်ဆာရောဂါဖြစ်ပွားစေသော ပစ္စည်းဟု လူသိများသည်။
နောက်ထပ်ကင်ဆာရောဂါဖြစ် စေသည်ဟု ဖော်ပြထားသော ဓာတု ဗေဒပစ္စည်းမှာ Styrene ဟုခေါ်သော ဓာတုပစ္စည်းတစ်မျိုးဖြစ်သည်။ အဆိုပါ ဓာတုပစ္စည်းကို ရော်ဘာနှင့် ပလတ် စတစ်ပစ္စည်းထုတ်ကုန်များတွင် အ သုံးပြုသည်။
 

ဖောအော်ဒီဟိုက်ကို လက်သည်း အရောင်တင်ဆေးကဲ့သို့သော အလှ ကုန်ပစ္စည်းများတွင်လည်း ထည့်သွင်းအ သုံးပြုလာမှုသည် တိုးပွားလျက်ရှိနေ သည်ဟု သိရသည်။
 

အမေရိကန်အမျိုးသားကျန်းမာ ရေးအဖွဲ့အစည်းမှ ပြီးခဲ့သည့်အပတ် တွင် ထုတ်ပြန်ခဲ့သော အစီရင်ခံစာ တွင်ဖော်ပြထားသော အန္တရာယ်ရှိ သည့် ဓာတုဗေဒပစ္စည်းရှစ်မျိုးတွင် ထို နှစ်မျိုးပါဝင်သည်ဟု သိရသည်။
ထိုဓာတုဗေဒပစ္စည်းနှစ်မျိုးသည် ကာလရှည်ကြာစွာကပင် ကင်ဆာ ရောဂါနှင့် ဆက်စပ်မှုရှိခဲ့သည်ဟု သိ ထားခဲ့ကြသည်။
 

သို့ရာတွင် ယခု သိပ္ပံပညာရှင်များ ကထုတ်ပြန်သော ကင်ဆာရောဂါဖြစ် ပွားစေသော ဓာတုဗေဒပစ္စည်းစာရင်း တွင် ထိုကဲ့သို့ပါဝင်သွားခြင်းက ၎င်းင်း တို့ကို တရားဝင်သတ်မှတ်စေမှုဖြစ် စေခဲ့သည်ဟု သိရသည်။
 

ဖောအော်ဒီဟိုက်ကြောင့် ဆံပင် အလှပြုပြင်သည့်ဆိုင်မှ အလုပ်သမား များတွင် ခေါင်းကိုက်ခြင်း၊ နှာရည်ယို ခြင်း၊ မျက်စိနီခြင်း၊ အန်ခြင်းနှင့် ပန်းနာ ရင်ကျပ်ထခြင်းအပါအ၀င် သွေးကင် ဆာဖြစ်ပွားမှုနှုန်းမြင့်မားလာခြင်းနှင့် အခြားရောဂါဝေဒနာများကို ဖြစ်ပေါ် စေသည်ဟု သိရသည်။

No comments: