Monday, July 11, 2011

ဝမ်းနည်းခြင်း အထိမ်းအမှတ်

လူတစ်ယောက် ဘားမှာစိတ်ပျက်လက်ပျက်ထိုင်ရင်း အရက်တွေ တစ် ခွက်ပြီး တစ်ခွက်မှာသောက်နေပါတယ်။ ဒါကို မြင်တော့ စားပွဲထိုးက "ဆရာ ... တစ်ခုခုများ ဖြစ်နေလို့လားဗျာ" လို့ မေးတော့
သူက "ကျွန်တော်နဲ့ ကျွန်တော့မိန်းမ အကြီးအကျယ်ရန်ဖြစ်တယ်။သူက ကျွန်တော့ကို ရှင်နဲ့ တစ်လတိတိ စကားမပြောဘူးလို့ ပြောတယ်ဗျာ"လို့ ဆိုပါတယ်။
ဒီတော့ စားပွဲထိုးက "ဒီလိုလည်း စိတ်မပျက်ပါနဲ့။ တစ်ခုကောင်းတာက သူစကားမပြောဘူးဆိုရင် တစ်လလောက်တော့ အေးအေးလူလူနေလို့ ရတာပေါ့" လို့ဆိုတော့ စိတ်ပျက်ဝမ်းနည်းနေတဲ့ဟန်နဲ့ အဲဒီလူ ပြန်ပြော လိုက်တာက"ဟုတ်ပါတယ်။ဒါပေမယ့် ဒီနေ့ဆိုအဲဒီတစ်လက ရက်စေ့ပြီ လေ"တဲ့။

No comments: