Sunday, July 17, 2011

ဘ၀အတွက် ငွေစုဘဏ်


E-mail Print PDF


သင့်ရဲ့ ဘဏ်စာရင်းထဲကို မနက်တိုင်း ကျပ်ငွေ ၄၈၀၀၀ (လေးသောင်းရှစ်ထောင်) ၀င်လာနေပါတယ်။
ဒီငွေဟာ နောက်တစ်နေ့အတွက်မကျန်ပါဘူး
ညနေတိုင်း ဘဏ်စာရင်းမှာကျန်ငွေ သုညဖြစ်သွားတယ်
ဒါကြောင့် တနေ့အတွင်းကုန်အောင်သုံးပစ်ရပါမယ်
မကုန်ရင်တော့ တစ်ပြားမကျန် ဘဏ်က ပြန်သိမ်းတယ်ဆိုတော့
ညနေမရောက်ခင် ငွေတွေအားလုံး  ထုတ်ယူလိုက်မှာပေါ့နော်




ကျွန်တော်တို့အားလုံးမှာ ဘဏ်စာရင်းနဲ့ခပ်ဆင်ဆင် တစ်ခုရှိပါတယ်။
အချိန် လို့ခေါ်ပါတယ်။
မနက်တိုင်း စက္ကန့်ပေါင်း ၄၈၀၀၀ (လေးသောင်းရှစ်ထောင်) ရပါတယ်။
ညပိုင်းဆို အချိန်တွေကုန်သွားပါတယ်။
အချိန်အပို မကျန်ပါဘူး၊ တစက္ကန့်တောင်မကျန်တဲ့အပြင် အချိန်အပိုလဲမရတော့ပါ
နေ့တိုင်းပဲ အသစ်သော အချိန်တွေ ရနေပါတယ်
ရတဲ့အချိန်တွေ အကုန်ထုတ်မသုံးနိုင်ရင်တော့ သင့်ရဲ့ဆုံးရှုံးမှုပါပဲ 



 

နောက်ပြန်လှည့်ကြည့်ချိန်မရ၊ နောက်နေ့အချိန်ကိုလည်း ချေးငှားသုံးမရ
သင့်ကို ယနေ့ပေးထားတဲ့အချိန်ပဲ သုံးရပါမယ်
ကျန်းမာခြင်း၊ ၀မ်းမြောက်ခြင်း၊ အောင်မြင်ခြင်းများအတွက် ရင်းနှီးရပါမယ်
နာရီကတော့ သင့်ကိုမစောင့်ပါဘူး
နေ့ရက်တိုင်းပါ


တနှစ်တာတန်ဘိုးကို   ကျောင်းသားတစ်ယောက် အောင်စာရင်းထွက်မှ သိရတယ်
တစ်လတာတန်ဘိုးကို   သားဖွားရတဲ့မိခင်တစ်ယောက် လမစေ့ခင်မွေးမှ သိရတယ်
တစ်ပတ်တာတန်ဘိုးကို    အပတ်စဉ်မဂ္ဂဇင်းအယ်ဒီတာတစ်ယောက် ထုတ်မဲ့နေ့မှ သိရတယ်
တစ်နာရီတန်ဘိုးကို    ချိန်းထားတဲ့ချစ်သူကို စောင့်စားရသူတစ်ယောက်ဖြစ်ရမှ သိရတယ်
တစ်မိနစ်တန်ဘိုးကို    ရထားမမှီလိုက်တဲ့သူ တစ်ယောက်ဘ၀ရောက်မှ သိရတယ်
တစ်စက္ကန့်တန်ဘိုးကို   ကားတိုက်ခံဖို့ သီသီကလေးလွဲသွားဖူးသူဖြစ်မှ သိရတယ်
မီလီစက္ကန့်တန်ဘိုးကို   အိုလံပစ်မှငွေတဆိပ်ပဲရတဲ့ အပြေးသမားမှ သိရတယ်.








သင့်ရဲ့ဖြစ်ရပ်တိုင်းကို တန်ဖိုးထားပါ
အထူးဖြစ်ရပ်တွေ သူများကိုပြောပြခြင်းအားဖြင့် ပိုတန်ဘိုးရှိလာတယ်
စပယ်ရှယ်ပြောပြခြင်းဟာ သင့်အချိန်ကို အကျိုးရှိစွာအသုံးချမှုဖြစ်တယ်
အချိန်ဟာ ဘယ်သူ့ကိုမှမစောင့်တာ သတိရပါ

မိတ်ဆွေများဟာတကယ်တော့ ရတနာပစ္စည်းဖြစ်ပါတယ်
သူတို့ဟာ သင့်ကိုပြုံးရွှင်စေတယ်၊ သင်အောင်မြင်ရန် အားပေးတယ်
သူတို့နားရွက်ကို ငှားတယ်
သူတို့ပြောတဲ့ ချီးကျူးစကား နဲ့ သူတို့နှလုံးသားကိုအမြဲဖွင့်ပေးတယ်
သင့်မိတ်ဆွေများကို ဂရုစိုက်ပါ
သင့်မိတ်ဆွေများကို ဂရုစိုက်ပါ
ဒီစာလေးများကိုလည်း ပို့ပေးပါ

The End....


No comments: