Tuesday, July 26, 2011

လက်ဝါးပုံပြင်

အမုန်းတရားမှန်သမျှကို
ဧည့်သည်ပဲထားပါ
အိမ်ရှင်ရင်ခွင်ထဲ ဝင်ခွေမနေပါစေနဲ့…….

အာဏာဆိုတာ
ညီအကိုကိုနေဝင်တယ်။
သားအဖကို လမ်းကွဲတယ်။

အဲလိုဘဲ
လက်ဝါးဟာ သေနတ်ပစ်လို့ရတယ်
လက်ဝါးဟာ ပါးရိုက်လို့ရတယ်
လက်ဝါးဟာ လက်ညှိုးထိုး အပြစ်ပြောလို့ရတယ်
အဲလိုဘဲ
လက်ဝါးဟာ
မြတ်နိုးစွာ လက်တွဲလို့ရတယ်။
လက်ဝါးဟာ လေးစားစွာ လက်စွဲနှုတ်ဆက်လို့ရတယ်။
လက်ဝါးဟာ အားပေးလက်ခုပ်တီးလို့ရတယ်။
အင်း……
လက်ဝါးဟာ ဘုရားရှိခိုးလို့လည်း ရသေးတယ်…
မင်း ဘာကို ရွေးမလဲဆိုတာ
ရိုးရိုးသားသားနဲ့ မင်းရင်ဘတ်ကို မင်းပြန်မေးလိုက်ပါ။


ချစ်ခြင်းမေတ္တာဟာ မီးပြတိုက်တစ်ခုဘဲ
မှောင်မိုက်နေရင်တောင်
မြင်ယောင်မှန်းဆလို့ရတယ်
တို့ရဲ့လက်ဖဝါးတစ်ဖက်ဟာ
နွေးထွေးစွာကမ်းလာမယ့် တစ်ဖက်ကိုမျှော်နေတယ်ဆိုတာ…။        ။


စိမ်းခက်စိုး

No comments: