Sunday, July 17, 2011

အသိခံစားမှုကို သုံးလ အရွယ် ကတည်းက ကလေးများသိ

ကလေးတွေရဲ့ အသိဥာဏ်နဲ့ အာရုံခံနိုင်စွမ်းကိုသိဖို့ ကလေးငယ် တွေ့ရဲ့ ဦးနှောက်ကို စကင်န်ရိုက် ကြည့်တဲ့အခါသူတို့တွေဟာ ငယ် ရွယ်စဉ်ကတည်းက အသံတွေခံစား မှုတွေကို သိနေ၊ ခံစားနေတယ်လို့သိ ရပါတယ်။

ဒီစမ်းသပ်မှုအရ ကလေးတွေ က သုံးလသားအရွယ်ကတည်းက အသံတွေ ခံစားမှုတွေကို တုံ့ပြန် တတ်တယ်။ မူလက လူတွေသိထား တာထက်စောစောပိုပြီး တုံ့ပြန်တတ် တယ်လို့ သိရပါတယ်။

ကလေး ၂၁ ဦးအိပ်နေစဉ်မှာ ဦးနှောက်ရဲ့ တုံ့ပြန်မှု၊ ကစားစရာ အရုပ်တွေရဲ့ အသံကိုတုံ့ပြန်မှုတွေ ကိုစနစ်တကျ စကင်န်ရိုက်ကြည့်ပြီး ရလာတဲ့ သုတေသနတွေ့ရှိချက်ပါ။

လူတွေက ဦးနှောက်၊ အသံနဲ့ ခံစားမှုတွေကို ဘယ်အချိန်မှာတုံ့ ပြန်နိုင်တဲ့ စွမ်းရည်ရှိတယ်ဆိုတာမူ လက မသိကြပါဘူး။ သိပ္ပံပညာရှင် တွေက အခုလိုသိလိုက်တာက က လေးတွေအောတစ်ဇင်ဖြစ်နေလား၊ မဖြစ်ဘူးလားဆိုတာကို သိဖို့တော့ ခက်မယ်၊ သီးခြားသုတေသနတစ်ခု လုပ်ရပါဦးမယ် လို့ဆိုပါတယ်။
သုတေသနပညာရှင်တွေက functional magnetic-resonance imaging (FMRI) စနစ်နဲ့ scan  လုပ်တာပါ။

ကလေးတွေက ဒီအပေါ် ဘယ်လိုတုံ့ပြန်တယ်ဆို တာလေ့လာတာပါ။ ကလေးတွေက ရယ်သံ၊ ငိုသံတွေ၊ ဆူညံညံအသံတွေ၊ ရေသံ၊ အရုပ်သံတွေကို ဘယ်လိုတုံ့ ပြန်တယ်ဆိုတာကို လေ့လာတာပါ။
ဒီသုတေသနအရ ကလေးတွေ ဟာ ၀မ်းနည်းစရာအသံ၊ ပျော်စရာ မကောင်းတဲ့ အသံတွေကိုတော့ negative ဆန်ဆန်တုံ့ပြန်ပါတယ်။

လန်ဒန်တက္ကသိုလ်ကပါမောက္ခ ဒီကလန်မာဖီက “ဒီသုတေသနနဲ့ မွေးကင်းစကလေးတွေရဲ့ဖွံ့ဖြိုးမှုကို လေ့လာဖို့ ပိုပြီးအဆင်ပြေသွားစေ ပါတယ်”လို့ ဆိုပါတယ်။

လန်ဒန်ယူနီဗာစတီကောလိပ် က ပါမောက္ခ ဒေါကတာအီဗန်မာ ကရူက “ဒါဟာရှားရှားပါးပါးသိရတဲ့ သရုပ်ပြချက်တစ်ခုပါပဲ။ သူက က လေးရဲ့ အစောပိုင်းဖွံ့ဖြိုးမှုတွေကို ဦး နှောက်ဧရိယာအတိုင်းလေ့လာနိုင်ပါ တယ်” လို့ဆိုပါတယ်။

ဒီသုတေသနကို ဆင့်ပွားလေ့ လာနိုင်ရင် အော်တစ်ဇင်နဲ့ ပတ်သက် ပြီး အကျိုးထူးမယ်လို့ ဆိုပါတယ်။ ဒေါက်တာမာဖီကတော့ “ဦးနှောက် စနစ်ဘယ်လိုစီးဆင်းသလဲဆိုတာသိ လာရင် မှားတာနဲ့ ဘယ်လိုမှားပြီးစီး ဆင်းတယ်၊ ဘယ်လိုပြန်ပြီးပြင်ဆင် ရမယ်ဆိုတာ သိနိုင်ပါတယ်” လို့ဆို ပါတယ်။

ကလေးဘ၀ကတည်းက ကြိုသိ ကြိုပြင်နိုင်ရင် အနာဂတ်မှာ ကလေး တွေဘယ်လိုနေထိုင်ရမလဲ ဆိုတာ ဆင်ခြင်ပြီး ကျန်းမာရေးကောင်းတဲ့ ကလေးတွေ၊ မလိုအပ်ဘဲဘာမှဆေး ထိုး၊ ဆေးသောက်စရာမလိုဘဲ လော ကကြီးမှာ အေးအေးဆေးဆေးဖြတ် သန်းသွားနိုင်မှာပါ။

စစ်ငြိမ်းအေး

No comments: