Friday, July 22, 2011

မစားသင့်တဲ့ အစားအစာ တွေ

၂၁ ရာစုဟာ ရောဂါတွေ အ ဖြစ်များ ထူးခြားဆန်းပြားလာတဲ့နှစ် လို့ဆိုရင် မမှားပါဘူး။ သဘာဝ ပတ် ၀န်းကျင် ပြောင်းလဲ တာရယ်၊ လူတွေ ရဲ့ စားသောက် နေထိုင်ပုံ မမှန်တာ ရယ်ကြောင့် ကျန်းမာရေး ထိခိုက်တာ တွေလည်း ဖြစ်လာရပါတယ်။

ကျန်းမာရေး နဲ့ ညီညွတ်အောင် နေနိုင်ဖို့ လိုလာပါတယ်။ ဒါမှ ငွေ မကုန်လူမပန်းဖြစ်မှာပေါ့။
ကျန်းမာရေးပြဿနာထဲမှာ အ ရေးပါတာတစ်ခုက ခန္ဓာကိုယ်ကို ၀ စေတာလည်း ပါပါတယ်။ ကျန်းမာ ရေးကောင်းဖို့ ခန္ဓာကိုယ်မ၀စေဖို့အ တွက် လိုအပ်တာတွေ လုပ်သင့်တာ တွေကို ဝေမျှပေးပါ့မယ်။

ကိုယ်အလေးချိန်တိုးတာက မ ကောင်းပါဘူး။ဒါပေမယ့်ဖြစ်လာပြီဆို ရင် ရှောင်လွှဲလို့မရနိုင်တာမို့ ကြိုတင် ကာကွယ်ရမယ်။ အစာကို နည်းနည်း ပဲစားပြီး အားကစားကို များများလုပ် ရမယ်လို့ ဟားဗတ်တက္ကသိုလ်က ဆရာဝန်တွေက ဆိုထားပါတယ်။

နောက်ပြီးကျန်းမာရေးကောင်း ဖို့ နေ့စဉ် ညမှာ ၆ နာရီကနေ ၈ နာရီအိပ်ဖို့လိုတယ်။ တီဗီကြည့်တဲ့ အချိန်၊ ကွန်ပျူတာကြည့်တဲ့အချိန် တွေလည်း လျှော့ချဖို့လိုပါတယ်။

အဲဒီလိုနေထိုင်တဲ့အပြင် သုတေ သနကသိရတဲ့ အစားအစာငါးမျိုးကို ရှောင်ပြီး အခြားငါးမျိုးကို ဆောင် လိုက်၊ စားလိုက်ရင် အဆင်ပြေသွား မှာပါလို့ သုတေသနလုပ်ခဲ့တဲ့ ဒေါက် တာ ဒါရူရစ်မိုဇာဖာရီယန်က ပြော ပါတယ်။
ဒီအစားအစာတွေကို အနည်း ဆုံးတစ်နှစ်တော့ ရှောင်ရမယ်လို့ လည်း ပြောပါတယ်။ တတ်နိုင်ရင် လုံးဝမစားဘဲလည်း နေသင့်တယ်လို့ ဆိုပါသေးတယ်။

သုတေသနမှာ လူပေါင်းတစ် သိန်းနှစ်သောင်းပါဝင်ပြီး သူနာပြု တက္ကသိုလ်ကလည်း ပူးပေါင်းကူညီ ထားပါတယ်။ သုတေသနအရ စား သောက်ပုံပြောင်းလဲရင် ကျန်းမာရေး လည်း ပြောင်းပါတယ်။

သုတေသနအရ မစားသင့်တဲ့ အစာငါးမျိုးက-
အာလူးကြော်
အာလူး
အချိုရည်
ပြုပြင်မထားတဲ့ အနီသား (အမဲ၊ ၀က်၊ သိုး၊ ဆိတ်)
ဓာတုဆေးတွေနဲ့ ကြာရှည်ခံ အောင် ပြုပြင်ထားတဲ့အသားတွေ ဖြစ်ပါတယ်။

စားသင့်တဲ့အစားအစာတွေက တော့-
အသီးအနှံ
နှံစားသီးနှံ
သစ်သီး
ခွံမာသီးနဲ့
ဒိန်ချဉ်တွေပဲ ဖြစ်ပါတယ်။

နောက်တစ်ချက်ကတော့ အစားအစာတွေရဲ့ အရည်အသွေး ပါ။ စားသင့်တဲ့အစာ စားပေမယ့် အစားအစာရဲ့ အရည်အသွေးက မမီရင် အကျိုးမရှိပါဘူး။ ရောဂါ သတ်ဆေး၊ ပိုးသတ်ဆေး၊ ဓာတုဆေး ကြွင်းတွေရှိနေရင် အကျိုးမရတဲ့အပြင် ကျန်းမာရေးကို ရုတ်တရက်ထိခိုက် နိုင်ပါတယ်။

နောက်ပြီး တချို့အစားအစာ တွေက ပိုးသတ်ဆေးကြွယ်ဝတာမို့ လို့ ရှောင်ဖို့လည်းဆိုထားပါတယ်။ စားသင့်တဲ့ အစားထဲမှာပါပေမယ့် ဓာတ်ကြွင်းအာနိသင်ရှိလို့ ပန်းသီး၊ ဘယ်ရီသီးတွေကိုတော့ ဆင်ခြင်စား ဖို့လိုပါတယ်။
ကိုယ့်ဘ၀ တစ်သက်တာလုံးကို မစားသင့်တာမစား၊ ကိုယ်လက်လှုပ် ရှားလုပ်ရင် ရောဂါဘယ ထူပြောတဲ့ ကာလကြီးကို ဖြတ်သန်းနိုင်မှာပါလို့ ဒေါက်တာဒါရူရစ် မိုဇာဖာရီယန်က ပြောပါတယ်။

စစ်ငြိမ်းအေး
Ref; Web MD

No comments: