* မြင့်မြတ်တဲ့နှလုံးသားကို ပိုင်သူဟာ
သနားကြင်နာမှုအတွက် သင့်ရာတန်ဖိုးကို ပေးရတယ်။
ဒီလိုပေးရတဲ့အတွက် ၀မ်းမြောက်ပြီး ဂုဏ်ယူတယ်။
တန်ဖိုးဆိုတာက ကိုယ်ကျိုးကို စွန့်လွှတ်ခြင်းကို ဆိုလိုတာပါ။
* မြင့်မြတ်တဲ့နှလုံးသားကို ပိုင်သူဟာ
ချစ်မြတ်နိုးတဲ့ မိတ်ဆွေအတွက်လည်း စွန့်လွှတ်တယ်။
စွန့်လွှတ်တယ်ဆိုတာက အသက်ကိုမငဲ့တာကို ဆိုလိုတာပါ။
* အသိဥာဏ်ဟာ စွမ်းအားဖြစ်ပါတယ်။
စွမ်းအားနဲ့မိုက်မဲမှုတို့ ဘယ်မှာတွဲမိနိုင်ပါ့မလဲ။
ယုန်သူငယ်ဟာ သူ့ဥာဏ်စွမ်းနဲ့ ခြင်္သေ့ကြီးကို လှည့်စားခဲ့တယ်။
မောက်မာဝင့်ကြွားတဲ့ခြင်္သေ့ကြီး ဇီဝိန်ချုပ်ခဲ့ရတာပေါ့။
* အလုပ်လုပ်ရာမှာ ဘယ်လိုအသိပညာမျိုးကို လိုအပ်ပါသလဲ။
ဂုဏ်သိက္ခာကျစေတဲ့ အသိပညာမျိုး မဖြစ်စေရဘူးပေါ့။
ဂုဏ်သိက္ခာကျစေတဲ့ အသိပညာမျိုးက ယုံကြည်မှုကို ဆုံးရှုံးစေတယ်။
ဒီပညာမျိုးက ငရဲဆီသွားရာလမ်းကို ဖွင့်ပေးတယ်။
* ကျေးဇူးတရားကို မသိသူဟာ အကျင့်ပျက်လွယ်တယ်။
သူ့နှလုံးသားက ညစ်ညမ်းပြီး အောက်တန်းကျတယ်။
သူ့နှလုံးသားက မိုက်မဲသူရဲ့နှလုံးသားမျိုးဖြစ်တယ်။
ဒီနှလုံးသားအကြိုက်လိုက်လုပ်ရင် အပြစ်ထဲမှာ နစ်မြုပ်ရတယ်။
* လူသားကို ဆုံးမရမယ်လို့ အဆိုအမိန့်ရှိပါတယ်။
ပညာရှင်များပင် အသိÓဏ်မှောက်မှားတတ်တယ် မဟုတ်လား။
လမ်းမှားကိုလိုက်လို့ ရိုးသားမှုကင်းမဲ့သူများ
သူ့ကိုယ်သူအထင်ကြီးလို့ မာန်မာနထောင်လွှားသူများ
တာဝန်နဲ့ ၀တ္တရားကို ခွဲခြားပြီး မသိသူများ
ဒီလိုလူမျိုးတွေကို ပြစ်တင်ဆုံးမရမှာ ဖြစ်ပါတယ်။
* ကြောက်ရမယ့်အရေးကိစ္စကို ကြောက်ရမှာပေါ့။
ကြောက်ရမယ့်ကိစ္စဖြစ်မလာမီကပင် ကြောက်ရမယ်လို့ ဆိုလိုတာပါ။
မလွှဲမရှောင်သာ အန္တရာယ်ကို ရင်ဆိုင်ရတော့မယ်လား။
ဒါဆိုကြောက်ရွံ့မှုကို ဖယ်ရှားပြီး ရဲရဲကြီးရင်ဆိုင်လိုက်ပါ။
ဒီလိုလုပ်တာဟာ အသိပညာရှိတာဖြစ်ပါတယ်။
* အသိပညာရှေ့ဆောင်ပါလျှင် မအောင်မမြင်ရှိပါ့မလား။
ဆုံးဖြတ်ချက်ချလုပ်ကြလျှင် မအောင်မမြင်ရှိပါ့မလား။
မြှောက်ပင့်ခယ ချဉ်းကပ်ကြလျှင် မအောင်မမြင်ရှိပါ့မလား။
စီမံချက်ချစွန့်စားကြလျှင် မအောင်မမြင်ရှိပါ့မလား။
* မိမိလယ်ကွင်းအနီးမှာ ရေစီးသန်တဲ့မြစ်ရှိရင် မစိုးရိမ်သူရှိပါ့မလား။
မိမိမယား အခြားသူနဲ့ ကြာပစ်နေရင် မစိုးရိမ်သူရှိပါ့မလား။
မိမိအိမ်အတွင်း အဆိပ်ပြင်းတဲ့မြွေရှိနေရင် မစိုးရိမ်သူရှိပါ့မလား။
No comments:
Post a Comment