Wednesday, July 20, 2011

အစားပုပ်တယ် ...

ဂျွန်နီလေးက ကိုယ်ဝန်ဆောင်သည်သူ့မေမေရဲ့ဗိုက်ကိုကိုင်ရင်း"မေမေ့ ဗိုက်ကြီးက ဘာလို့ ပူနေတာလဲ" လို့ မေးတော့ သူ့မေမေက "ကလေး လေးရှိနေလို့ပေါ့"လို့ ပြန်ဖြေပါတယ်။

ဒီတော့ဂျွန်နီလေးက တအံ့တဩဖြစ်ပြီးပါးစပ်အဟောင်းသားနဲ့ "မေမေ့ ဗိုက်ထဲမှာ ကလေးလေးရှိနေတယ် ... ဟုတ်လား"လို့ ထပ်မေးပါတယ်။

သူ့မေမေက "တကယ်ပေါ့ သားရဲ့"လို့ ဖြေတော့ ဂျွန်နီလေးက "အဲဒီ ကလေးလေးက လိမ္မာတဲ့ ကလေးလေးလား မေမေ" လို့ ထပ်မေးပါ တယ်။

အမေဖြစ်သူက "တကယ်လိမ္မာတဲ့ ကလေး လေးပေါ့ သားရဲ့" လို့ဖြေ တော့ ဂျွန်နီ လေးက မျက်လုံးတွေဝိုင်းစက်သွားပြီး သူ့မေမေကို ဒီလို ပြန်မေးပါတယ်။"ဒါနဲ့များ မေမေဘာလို့ သူ့ကိုစားပစ်လိုက်တာလဲ ..." တဲ့။

No comments: