Showing posts with label တရားဒေသနာ. Show all posts
Showing posts with label တရားဒေသနာ. Show all posts

Tuesday, October 4, 2011

၉၀% ပရိုမိုးရှင်းလေယာဉ်လက်မှတ်

ကျနော်လူငယ်ခေတ်တွင် နိုင်ငံခြားသွားလေယာဉ် ကိုတော်ရုံတန်ရုံ စီးနိုင်သည့် အခြေအနေမရှိပါ။ နိုင်ငံခြား သွားရသည်နှင့် တစ်ရပ်ကွက်လုံး၊ တစ်မြို့လုံးသိသောအခြေအနေမျိုးဖြစ်နေသည်။ အများအားဖြင့် သွား လာရသူများမှာ သင်္ဘောသားအလုပ်၊ ပညာတော်သင် များသာရှိသည်။ မှတ်မှတ်ရရ ကျနော်၏ပထမဆုံး နိုင်ငံကူးလက်မှတ် (Passport) နံပါတ်သည် ထောင်ဂဏာန်းသာရှိပါသည်။ ထို့ကြောင့်ကျေးဇူးတော် ဖြင့် ထူးထူးခြားခြား လေယာဉ်စီးခဲ့ရသည့်အတွေ့အကြုံ ကိုဘယ်တော့မှမမေ့။



လေယာဉ်စီးသည့်အခါတွင် လိုက်နာရသည့်စည်းကမ်းများရှိပါသည်။ လေယာဉ်မှတ်ရှိပြီး လေယာဉ်ပေါ် ရောက်တိုင်း ကိုယ်နေခြင်သလို နေလို့မရ၊ စီးချင်သလိုစီးလို့မရပါ။ သတ်မှတ်ထားသည့်ခုံမှာသာအရင်ထိုင်ရ ပြီး လက်ဆွဲပစ္စည်းများကိုလည်း ထားခြင်သလိုထား၍မရ၊ သတ်မှတ်ထားသည့်နေရာတွင်သာထားလို့ရ သည်။ ခါးပတ်ရန်မီးလင်းနေလျှင် ခါးပတ်ပတ်ထားရပြီး ထိုင်ခုံနောက်ကျောမှီများကိုတည့် မတ်စွာထားရပါ သည်။ ခါးပတ်ရန်လေယာဉ်မယ်၏ပြောကြားချက်ကို မလိုက်နာသောခရီးသည်ကို လေဆိပ်ထဲပြန်လှည့်လာ ပြီး ရဲများတက်လာကာ အဆိုပါခရီးသည်ကို ဆွဲချပြီးမှ လေယာဉ် ခရီးဆက်သည်ကိုတွေ့ကြုံဘူးပါသည်။ 

လက်ကိုင်ဖုန်း (Mobile phone) ပိတ်ရန် လေယာဉ်မယ်၏တောင်းဆိုချက်ကို မလိုက်နာသော ခရီးသည် တစ်ဦး ကိုအင်္ဂလန်တရားရုံးမှ ထောင် ၂နှစ်ခွဲချသည့်အကြောင်း နိုင်ငံခြားသတင်းစာတွင် ဖတ်ခဲ့ဘူးပါသည်။


လေယာဉ်စီးရာတွင် လိုက်နာရမည့်စည်းကမ်းချက်၊ ဥပဒေ များကို လေယာဉ်လက်မှတ်တွင် ရေးထားလေ့ ရှိပြီး ယခုချိန်တွင် လိုက်နာရမည့် စည်းကမ်းဥပဒေသည် အရင်ကအချိန်တွေထက် များလာတာကို သတိ ထားမိပါသည်။ ထို့ကြောင့် လေယာဉ်လက်မှတ်ရှိသော်လည်း သတ်မှတ်ထားသော စည်းကမ်းဥပဒေ ကိုမ လိုက်နာပါက လေယာဉ်စီး၍မရကြောင်း နားလည်ရပါသည်။ စစ်မက်ဖြစ်ပွါးမြန်မာနယ်စပ်မှ စစ်ဘေးရှောင် ရွာသူရွာသားများမှ အဖွားတဦးကို တွေ့ဖူးပါသည်။ UNHCR အစီအစဉ်ဖြင့် ၄င်းစစ်ပြေးဒုက္ခသည်များ ကို တတိယနိုင်ငံသို့ပို့ဆောင်ရန်အလှည့်ကျရောက်သောအခါ ၄င်းအဖွါးမှ မသွားနိုင်ကြောင်း ငြင်းဆိုခဲ့ပါသည်။ ညှင်းဆိုသောအကြောင်းအရင်းကိုမေးသော် အဖွါးက-


လေယာဉ်ပျံပေါ်မှဆေးလိပ်သောက်လို့မရတော့မသွါးနိုင်ဘူး။ ပြီးတော့သွါးရမှာက အမေရိကန်

နိုင်ငံဆိုတော့ ၁၀ နာရီကျော်လေယာဉ်စီးရမှာ၊ ဒါကြောင့်မသွားနိုင်ဘူး၊ ”


အဖွါးလိုဘဲ အလှည့်ကျသော်လည်း တတိယနိုင်ငံသွါးရန်ညှင်းဆန်သော လူတစ်ချို့ကိုလည်းတွေ့ရပါသည်။ သူတို့၏အကြာင်းပြချက်မှာ-


နိုင်ငံခြားမှာက စည်းကမ်းတင်းကျပ်တယ်။ ဥပဒေလည်းတင်းကျပ်တယ်။ အဲဒါ ကြောင့်မသွား

ခြင်ဘူး”


ဗီစာ၊ လေယာဉ်လက်မှတ်အလကားရသော်လည်း စည်းမျဉ်းစည်းကမ်း မလိုက်နိုင်ဘဲနေရစ်ခဲ့သော သူတို့၏ ဘ၀သည် ဆင်းဆင်းရဲရဲနှင့်အခက်ခဲပြသာနာကြားတွင်ရုန်းကန်လှုပ်ရှားနေရပါတော့သည်။ တစ်ဖက်တွင် အမေရိကန်နိုင်ငံကို ရောက်ရှိဖို့ ကျပ်ငွေ သိန်းရာချီ အကုန်ကျခံသော လူများကိုလည်းတွေ့ခဲ့ဖူးပါသည်။


တိုတောင်းလှသော လောကအသက်တာသည် အခက်အခဲများနှင့် ရုန်းကန်ရသည်မှာ ပင်ပန်းလှပါသည်။ ထာဝရဘုရား၏ သားသမီးဖြစ်ခွင့်ရသော ယုံကြည်သူ သားသမီးများကို ဘုရားသခင်က မပင်ပန်းစေချင်ပါ။ လောကတွင်အောင်နိုင်သော အသက်တာ၊ ကြွယ်ဝသော အသက်တာ ကိုပေးသနားရန် ဘုရားသခင်သည် သူ၏သားသမီးများကို ဖိတ်ခေါ်လျက်ရှိနေပါသည်။


ရှင်မဿဲခရစ်ဝင်: ၁၁း၂၈

ဝန်လေး၍ပင်ပန်းသော သူအပေါင်းတို့၊ ငါ့ထံသို့လာကြလော့။ ငါသည်ချမ်းသာပေးမည်။




ဤကျမ်းချက်သည် ကြီးမားသော ဘုရားသခင်၏ အာမခံချက်တစ်ခုဖြစ်ပါသည်။ ကျနော်တို့၏ အခက်ခဲ ပြသာနာများကို ဘုရားသခင်ထံ သွားအပ်ပါက လွှတ်မြှောက်ခြင်းအခွင့်၊ အောင်နိုင်သောအခွင့် ကိုပေးရန် ဘုရားသခင် ကတိတော်ရှိနေပါသည်။ သို့သော်ဘုရားသခင်ထံ သွားတတ်ရန်လိုပါ၏။ 

ငါ့ထံသို့လာကြလော့။” အပြစ်ဒုစရိုက်ကြောင့် ဘုရားသခင်နှင့် အဆက်ပြတ်ရသော်လည်း ဘုရားသခင် သည် သူ၏သားသမီးများအား သူ့ဆီလာရန် အခွင့်ပေးထားပါသည်။ သို့သော် ကျနော်တို့ယုံကြည်သူ သားသမီးအများစုသည် ဘုရားသခင်ကို ကျနော်တို့ထံသို့လာရန်သာ ခေါ်နေကြ၏။ တတိယနိုင်ငံသို့ သွားရန် ညှင်းဆန်နေသောလူတချို့ နှင့် အဖွား လိုဖြစ်နေ၏။ သူ့ထံသို့လာရန် ဘုရားသခင်က အခွင့်ပါမစ် နှင့်အတူ လက်မှတ်ပါ ပေးထား၏။ အဲဒီလက်မှတ်ကိုလည်း ၉၀% လျှော့ဈေးပေးထား၏။ တနည်းအားဖြင့် ဘုရားသခင်သည် ကျနော်တို့ဆီမှ ဆယ်ဖို့တစ်ဖို့(၁၀%) သာ တောင်းပါသည်။



မာလခိအနာဂတ္တိကျမ်း: ၃း ၉-၁၀

သင်တို့သည် ကျိန်ခြင်းအမင်္ဂလာကိုခံရကြ၏။ အကြောင်းမူကား၊ ပြည်သူပြည်သားအပေါင်းတို့သည် ငါ့ဥစ္စာကို လုယူကြပြီ။ ဆယ်ဘို့တဘို့ရှိသမျှကို ဘဏ္ဍာတိုက်ထဲသို့သွင်း၍၊ ငါ့အိမ်တော်၌ စားစရာရှိစေခြင်းငှါ၊ ပြုကြလော့။ ငါသည်မိုဃ်းကောင်းကင်ပြတင်းပေါက်တို့ကိုဖွင့်၍ ကောင်းကြီးမင်္ဂလာကို အကုန်အစင်သွန်း လောင်းမည်။ မသွန်းလောင်းမည်ကို ထိုသို့စုံစမ်းကြလော့ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။




အောင်မြင်ကြွယ်ဝသော အသက်တာတွက် ပထမခြေလှမ်းသည် ဆယ်ဖို့တစ်ဖို့ဖြစ်သည်။ ၄င်းဆယ်ဖို့တစ်ဖို့ သည် ဘုရားသခင်၏ဥစ္စာဖြစ်ကြောင်း အတိအလင်းပြောထား၏။ ဒိပြင် ဘုရားသခင်၏ ဥစ္စာကို ပြန်ပေး သည့်အခါ တာဝန်အရသော်၎င်း၊ ကြောက်ရွံ့ခြင်းကြောင့် ပေးခြင်းမျိုးမဟုတ်ဘဲ စိတ်ရောကိုယ်ပါ စေတနာအ ပြည့်ဖြင့်ပြန်ပေးရန်လိုပါသည်။




၂ကော ၉း၇

လူတိုင်း ကိုယ်အလိုအလျောက်လှူရ၏။ နှမြောသောစိတ်နှင့်မလှူရ၊ မလှူဘဲ မနေရဟု စိတ်ထင်နှင့်မလှူရ၊ အကြောင်းမူကား၊ စေတနာစိတ်နှင့်လှူသောသူကိုသာ ဘုရားသခင်နှစ်သက်တော် မူ၏။


လေယာဉ်လက်မှတ်ရပြီးလျှင်လည်း လိုရာခရီးရောက်ရန် လေယာဉ်ပေါ်တွင် လိုက်နာရမည့် စည်းကမ်းဥပ ဒေ ကိုလိုက်နာနိုင်ရန်လိုအပ်ပါသည်။ ထို့အတူ အောင်မြင်ကြွယ်ဝသော အသက်တာရောက်ရန် ဘုရားသ ခင် ပြထားသော သမ္မာတရားလမ်းကို လျှောက်တတ်ရန် လျှောက်နိုင်ရန်လိုအပ်ပါသည်။  သမ္မာတရားလမ်း တိုင်းလိုက်လျှောက်နိုင်ရန် နှုတ်ကပတ်တော်ထဲတွင် မွေ့လျှော် ပြီး ဘုရားသခင်နှင့် မိတ်သဟာရဖွဲ့ရန် လိုအပ်ပါသည်။




ဆာလံ ၃၇း၎

ထာဝရဘုရား၌ မွေ့လျော်ခြင်း ရှိလော့၊၊ သို့ပြုလျှင် စိတ်နှလုံးအလို ပြည့်စုံရသော အခွင့်ကို ပေးတော်မူမည်၊၊


ဘုရားသခင်ကို မိတသဟာရဖွဲ့နိုင်သောအခါ နှုတ်ကပတ်တော်နှင့် ဘုရားသခင်ကိုပိုမိုသိကျွမ်းနိုင်သောအ ခွင့်အလမ်းရလာပါသည်။




ရှင်မဿဲခရစ်ဝင်: ၂၂း၂၇-၄၀

ယေရှုက၊ သင်၏ ဘုရားသခင်ထာဝရ ဘုရားကိုစိတ်နှလုံး အကြွင်းမဲ့ ဥာဏ်ရှိသမျှနှင့် ချစ်လော့၊

ဟူသော ပညတ်သည် ပဌမပညတ်ဖြစ်၏။ ကြီးမြတ်သော ပညတ်သည်လည်း ဖြစ်၏။

ထိုမှတပါးကိုယ်နှင့် စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်လော့ဟူသော ဒုတိယပညတ်သည် ပဌမပညတ်နှင့် သဘောတူ၏။

ဤပညတ်နှစ်ပါး တို့ကားပညတ္တိကျမ်းနှင့် အနာဂတ္တိကျမ်း ရှိသမျှတို့၏ အချုပ်အခြာပင်ဖြစ်သ တည်း ဟု မိန့်တော်မူ၏။




ဘုရားသခင်ချမှတ်ထားသော ပညတ်တော်များကို လိုက်နာနိုင်မှသာ အောင်မြင်ကြွယ်ဝသော အသက်တာ သို့ရောက်ရှိနိုင်ပါသည်။ ပညတ်တော်များကို လိုက်နာနိုင်ရန် ဇာတိပကိ (ကိုယ်ခန္တာသွေးသား) အလိုသို့မ လိုက်ဘဲ ၀ိဥာဏ်ပကတိသဘောအတိုင်း အသက်ရှင်လျက် အဆပေါင်းများစွာသော ဘုရားသခင်ထံတော်မှ ဆုကျေးဇူးမင်္ဂလာများကို ရယူနိုင်ပါသည်။


 
အယောက်စီတိုင်းအောင်မြင်ကြွယ်ဝသောအသက်တာသို့လျှောက်လှမ်းနိုင်ပါစေ။

Sunday, July 31, 2011

ဝန်လေး၍ ပင်ပန်းသောသူ အပေါင်းတို့ ငါ့ထံသို့လာကြလော့။

ချစ်သောအဆွေ၏ ပရိဒေ၀ သောက (အို၊နာ၊သေရေး) ဒုက္ခဆင်းရဲရောက်နေရခြင်းသည် တရားသဘောအားဖြင့် ဆင်ခြင်ကြည့်သော် လူသည် မိမိဘ၀ကို မိမိမပိုင်နိုင်၊ မစီမံနိုင်သောကြောင့်သာ လက်လှမ်းမီရာ ဆေးရုံ၊ ဆေးခန်း၊ လောကဓါတ်ပညာ အတိုအထွာတို့မှ အားကိုးရာရလိုရငြား မျှော်လင့်ချက်ဖြင့် လုပ်ဆောင်နေခြင်းပင်မဟုတ်ပါလား?

“ထက်ရပ်ဘုံတစ်ခွင်နှင့် အောက်ရပ်လူ့ပြည်မှ အပ်ငယ်နှစ်ချောင်း ထိပ်ခြင်းတိုက်ပါသော်မှ လူအဖြစ်ကားရခဲစွတည်း၊ အကယ်လူဖြစ် ဘုရားကိုဖက်ပါမှ မွန်မြတ်ဘ၀ ဆိုအပ်လှ´´ဆိုသော စကားအတိုင်း ရခဲလှသော လူဘ၀တွင် ချစ်သောအဆွေ၏ အားကိုးအားထားပြုရာသည် တဒင်္ဂသာတည်သည့် လောကီဏ္ဍာ၊ ဂုဏ်ရှိန်သတင်း၊ ကျော်စောကိတ္တိတို့ဖြင့် ဘဝ
ကို အချိန်ကုန်လွန်စေကာ၊ ဖာသိဖာသာဖြင့် ဘ၀ကို ရေစုန်မျောကာ လျှစ်လျှူရှုရန်ကား မသင့်လျှော်ပါလေ။ သေခြင်းတရားအား မကြားနာလိုကြသော်လည်း ရှောင်လွှဲရနိုင်ကောင်းသော အရာမဟုတ်သဖြင့် ပညာနှင့် ပြည့်စုံသော အဆွေသည် အသင့်ပြင်ဆင်ထားရှိရန် လိုအပ်လှပေသည်၊။

လူသည် ဓါတ်ကြီးလေးပါးဖြင့်၎င်း၊ အာရုံငါးပါးတို့ဖြင့်၎င်း၊ လိုတမရ ဒုက္ခဆင်းရဲ ဖျားနာနေကြရခြင်းလား၊ သို့တည်းမဟုတ် ဥတု၊ ဗီဇ၊ ကမ္မ၊ နိယာမ တရားသဘောတို့ကြောင့် ဒုက္ခ ပရိဒေ၀တို့နှင့် ယှဉ်တွဲနေရခြင်းမဟုတ်ပါလား။

တရားရှာကိုယ်မှာတွေ့ဟူ၍ ဆိုနိုင်သော်ငြားလည်း ဘုရားကိုကား ကိုယ်ခန္ဓာမှာရှာ၍ မတွေ့နိုင်ပါလေ။
`အနာနှင့်ဆေးတည့်အောင်ပေး ပျောက်ရေးမခက်ပါ´ ဆိုသည့်အတိုင်း လူ့ဘ၀၏အဖြေသည် ဤလောကတွင် မရှိပေ၊ ဘုရားမှတပါး အားကိုးစရာမရှိခြင်းကြောင့် ဤဒုက္ခတိဘုံတွင် မိဘ၊ ဘိုးဘွားမှအစ ကြီးငယ်မဟူ ကိုယ်စီ အပူဒုက္ခ တို့ဖြင့်ရှိကြပြီး၊ အချို့က မူးယစ်ဆေးဝါး တို့ဖြင့်၎င်း၊ ကာမဂုဏ်စည်းစိမ်တို့ဖြင့်၎င်း၊ သတင်းသီလ၊ ဘာသာတရားကိုင်းရှိုင်းခြင်းတို့ဖြင့်၎င်း ကုစားရန်ကြိုးစားကြသော်လည်း ဧငြိမ်းရာ အစစ်အမှန်ကိုကား မတွေ့ရှိနိုင်ကြပေ။ အကြောင်းမှာ ဘုရားကို ပေလျာယကန်ပြုကာ ပလပ်ထားကြခြင်းကြောင့်ပင်ဖြစ်လေသည်။

ဘုရားဟူသည် မပစ်ပယ်ကောင်းသလို မပြစ်မှားအပ်ပေ၊ အကယ်၍ ပစ်မှားခဲ့သော်ကား မိဘ၊ ဆရာသမားတို့ကို စော်ကားသောအပြစ်တရားမှ ရသောကျိန်ခြင်းထက် ကြီးလေးလှသော ဘုရားစာရေသင့် (ကျိန်ခြင်းခံ)၍ ဘ၀ပင်လယ်တွင် ကမ်းမမြင် လမ်းမမြင်ဘဲ အားကိုးရာမဲ့ ဒုက္ခတို့ကိုသာ အဖေါ်ပြုရချေတော့မည်။ ထို့ကြောင့်လည်း လူသားသင်နှင့် ကျွန်ုပ်တို့သည် ဒုက္ခရောက်ခဲ့ရလေပြီ။ ဤအရာတို့သည် အားလုံးအတွက် ကျွန်ုပ်တို့အဘယ်သို့ ဆက်နွယ်နေကြောင်း မြတ်ဘုရား ကျမ်းဂန်မြတ်တွင် အောက်ပါအတိုင်း ဖေါ်ပြထားပါသည်။

၁။ သြကာသလောက။

အစအဦး၌ မြတ်ဘုရားရှင်သည် သြကာသ လောကကို သူ၏ ဣဒ္ဓိပါတ်တန်ခိုးတော်ဖြင့် စီရင်ဖန်ဆင်းတော်မူလေ၏။ စကြာဝဠာ၊ နေ၊ လ၊ ကြယ်တာရာတို့မှအစ နေ့နှင့်ညတို့ပါဝင်ခဲ့ပါတယ် ဓမ္မမိတ်ဆွေ၊

၂။ သတ္တလောက။

တဖန်မြတ်ဘုရားရှင်သည် သူ၏ သဗ္ဗညုတဥာဏ်တော်ရှိသည့်အတိုင်း ဦးစွာ ကုန်းမြေ၊ သစ်ပင်၊ ပန်းမာလာတို့ကို စီရင်ပြီးသော် ကြီးငယ်၊ မျိုးစုံ သတ္တ၀ါအပေါင်းတို့ကို စီရင်ဖန်ဆင်းတော်မူလေသည်။ သို့သော် သင်နှင့် ကျွန်ုပ်တို့လူသားတို့ကိုကား ထိုသို့ မပြုဘဲ တမူထူးကဲစွာ ဖန်ဆင်းတော်မူခဲ့လေသည်ကို ချစ်သောဓမ္မအဆွေ သိမြင်စေရန် မြတ်ဘုရားအလိုတော်ရှိတော်မူလေသည်။

၃။ နိစ္စလောက။

ရှင်တော်မြတ်ဘုရားသည် မနုဿဟူ၍ ခေါ်ဆိုကြသော ကျွန်ုပ်တို့ကိုကား ဓါတ်ကြီးလေးပါး (ပထ၀ီ၊ တေဇော၊ အာပေါ၊ ၀ါယော)တို့ဖြင့် သာမက ရုပ်ခန္ဓာကို ပြုပြင်ပြီးသော် အသက်မဲ့ ရုပ်သာရှိသေးသော လူသားအား ဇီဝ အသက်တည်းဟူသော နာမ်သက်ကိုပေး၍ အို၊ နာ၊ သေခြင်းကင်းသော လူသားဘ၀ကို ဖန်းဆင်းတော်မူလေသည်။
ထိုလောက သုံးပါးတို့၏ အရှင်မြတ်ဘုရားက လူသားတို့အား ဓမ္မလမ်းစဉ်တစ်ခုကို ချမှတ်ပေးလေသည်။ ၎င်းမှာ ဘုရားစကားတော်နှင့်အညီ နာယူမှတ်သားကာ နေ၊ထိုင်၊ သွားလာစေပြီး မရှိစကား နားဝမှာပင် မကြားရသော ဘ၀ဖြင့် ကောင်းကြီးမင်္ဂလာဖြင့် စစ်မှန်သော လူဘ၀တွင် ဘုရားဖက်၍ အသက်ရှည်ရှည် လိုတရ ဘ၀ဖြင့် နေထိုင်စေတော်မူခဲ့လေသည်။

၎။ အနိစ္စလောက။

“ကဲ ဒါဆို နိစ္စလောကမှ အခုတော့ အနိစ္စလောကဖြစ်လာရခြင်းက ဘာကြောင့်လည်း”ဟူ၍ အဆွေမေးလိုကောင်း မေးပေလိမ့်မည်။
ထိုအရာကိုပင် စာရေးသူကလည်း ဖြေဆိုလိုပေ၏။ အို၊ နာ၊ သေခြင်း မမြဲခြင်းတရားတို့သည် ငါသာလျှင်သခင် ငါသာလျှင်အရှင်ဟူ၍ ဘုရားကို ဖက်ပြိုင်ကာ ဘုရား စာရေ (ကျိန်ခြင်း) သင့်သော မာရ်နတ်မင်း၏ စကားအား ယုံမှတ်၍ ဘုရားကဲ့သို့၎င်း၊ ဘုရားလိုဖြစ်ချင်သောကြောင့် ထိုကနဦး လူသားတို့သည် ဖန်ဆင်းခြင်းရဲ့အရှင်၊ ဖန်ဆင်းသခင်ရဲ့နေရာတွင် ဖန်ဆင်းခံ မာရ်နတ်မင်းကို ရှေ့တန်းတင်မှားမိခြင်းကြောင့် မိဘစာရေသင့်ခြင်းတို့ထက် ကြီးမားသော ဘုရားစာရေသင့်ခြင်းကြောင့် အို၊ နာ၊ သေခြင်း ကင်းသော နိစ္စဘုံသားဘ၀မှသည် ရုတ်ခြည်းပင် အို၊ နာ၊ သေခြင်း၊ ဒုက္ခဆင်းရဲ အတိပြည့်သော အနိစ္စဘုံသို့ရောက်ခဲ့ကြရလေသည်။
ထို့ကြောင့် မိတ်ဆွေ…… အဘယ့်ကြောင့် သင်နှင့် ကျွန်ုပ် ဒုက္ခ၌ ကျင်လည်နေရပါသနည်းဟူမူကား ဘုရားကို ဘုရားမှန်းမသိ၊ တရားကို တရားမှန်းမသိ ၊ ဘုရားကို ဘုရားလို မဆည်းကပ်၊ တရားကို တရားလို မမှတ်ယူ ပစ်ပယ်စော်ကားမိသော အကြောင်းတရားအကျိုးဆက်တို့ကြောင့်ပင် ဖြစ်လေတော့သတည်း။

၅။ နိစ္စဘုံသို့သွားရာလမ်း။

ကျွန်ုပ်တို့သည် ဘုရားမဲ့ဝါဒီများယုံကြည်သကဲ့သို့ လူသည် မွေးဖွားခြင်းဖြင့် စကာ သင်္ချိုင်းတွင် လမ်းဆုံးသွားမည့်သူများ မဟုတ်ပေ။
အကြောင်းမှာ လူသည် အပြစ်၏ အကျိုးဆက်ကြောင့် ဤရုပ်ခန္ဓာသည် သေလွန်ရသော်လည်း နာမ်သက်ခန္ဓာကား ပေးတော်မူသော ဘုရားရှင်ထံသို့ တစ်ဖန်ပြန်၍ စစ်ကြောခြင်းကို ခံရပေတော့မည်။ ထို့ကြောင့်လည်း ငယ်စဉ်က ကြားဘူးသော ဓမ္မကဗျာ၌ ပါသောစာစကားလေးအား အလျှဉ်းသင့်၍ ပြောရမည်ဆိုပါက “သေပြီးမုချ မရဏာမင်းထံရောက်ရ”ဆိုသည့်အတိုင်း အမှန် စစ်ကြောခံရပေမည်။
ကောင်းမှုကုသိုလ်၊ အာပါဒ်ဖြေခြင်းတို့သည် လူလူခြင်းတို့ရှေ့တွင် လက်ခံဖွယ်ဟူ၍ ထင်မှတ်ကြသော်လည်း ဘုရားကိုဖက်ပြိုင်၊ ငါသာလျှင် ပဓါန၊ ငါသာလျှင် ငါ့ရဲ့ပဲ့ကိုင်ရှင်ဟူသော“ငါတကောကောသူ (မိစ္ဆာဒိဌိ) ဖြစ်ခဲ့ပါမူ ပြုမိလေသမျ အရာရာအားလုံးတို့သည် သဲထဲရေသွန် (အဟောသိကံ) ဖြစ်ရပေမည်။ ဤကား လူမျိုးရေးနှင့်မဆိုင် ကျွန်ုပ်တို့နှင့် ဘုရားအကြားသာ ဆိုင်လေသည်တကား။
ထို့ကြောင့် အဆွေ ဒုက္ခဆင်းရဲတို့ဖြင့် ပြည့်နှက်နေသော ဤဘ၀တွင် ဘ၀ နာမှုတွေထဲမှာ ထင်ယောင်ယိုးမှား အချိန်ဖြုန်းတီးမနေပဲ ဘ၀နာ စခန်းသို့ ဆိုက်ရောက်ရန် အချိန်ကောင်းသည် ယခုပင်ဖြစ်လေ၏။

“ကွေးသောလက်မဆန့်မီ၊ ဆန့်သောလက် မကွေးမီ” ကျွန်ုပ်တို့၏ ဘ၀သည်ကား အမှန် ချုပ်ငြိမ်းကာ ဘ၀အသက်ဆီမီးစာ ကုန်ဆုံးသွားနိုင်ပေသည် မဟုတ်ပါလား။

“ဘုရားမှတပါး အားကိုးရာအခြားမရှိ”ဆိုသော စကားအတိုင်း စွန့်ခြင်းကြီးများစွာဖြင့် ကျွန်ုပ်တို့အတွက် “ဇီဝိတဒါန” အသက်တော်ကိုပင် စွန့်လွတ်တော်မူပြီး သေခြင်းမဇ္ဈုမာန်ကို အောင်၍ “နိစ္စထာဝရ”အို၊ နာ၊ သေခြင်းကင်းရာ နန်းအမတ မာဂ်လမ်းကို ဖွင့်ပေးတော်မူသော ယေရှုခရစ်တော်အား မိမိပြုမိလေသမျှ ကာယ၊ ၀စီ၊ မနော အလီလီတို့၏ အပြစ်တို့အား သံဝေဂရလျှက် ၀န်ခံတောင်းပန် လျှောက်ကြားပါက အဆွေသည် ဘုရားစာရေ၊ တရားစာရေ သင့်ခြင်းတို့မှကင်းကာ “ငါတို့သည်ကား နွယ်တော်သားပင် ဘုရားမျိုးပင်ဖြစ်ကြလေ”ဟူသောဓမ္မသဘောအတိုင်း ဘုရားရဲ့အတွင်းလူဖြစ်ကာ ထိုအရှင်ခရစ်တော်ဘုရား၏ စောင့်ထိန်းပဲ့ပြင် မှုအစ “ဘ၀၏မွန်မြတ်ရခဲလှခြင်း” ဟူသော အနှစ်သာရတို့ကို အမှန်သိမြင်လာကာ ဒိဌကိုယ့်တွေ့ခံစားလာရပေတော့မည်။

ဝန်လေး၍ ပင်ပန်းသောသူ အပေါင်းတို့ ငါ့ထံသို့လာကြလော့။ ငါသည်ချမ်းသာပေးမည်။ ဆိုးသောကာလ မရောက်မီ သင့်ကို ဖန်ဆင်းတော်မူသော အရှင် (ဘုရားမြတ်) ကိုအောက်မေ့လော။ ငါ့ကိုခေါ်လော၊ ငါထူးမည်၊ ကြီးသောအရာ သင်မသိနိုင်အောင် နက်နဲသော အရာတို့ကို ငါပြမည်။ အမြင့်ဆုံးသော ဘုရား၏ ကွယ်ကာရာ ဌာနတော်၌ နေသောသူသည် အနန္တ တန်ခိုးရှင် အရိပ်ကိုခိုရလိမ့်မည်ဟူ၍ ကတိပေးတော်မူသော ထိုဘုရားမြတ်အား ယခုပင်ခေါ်ဖိတ်၍ တရားဖက်၍ အမျက်ပြေ၊ ဘုရားဖက်၍ အသက်ရှည်ကာ ဒုက္ခဘုံမှ လွတ်ငြိမ်းနိုင်ကြပါစေသော်………..။

နာမတော်မြတ်၌

SAMUEL SOE LWIN

Sunday, July 17, 2011

နိုင်ငံတော်၏အမွေအနှစ်

လောကကြီးတွင် ဘုရားသခင်၏အကြောင်းကိုသာသိပြီး ဘုရားသခင်နှင့် ပုဂ္ဂိုလ်ချင်းထိတွေ့မှုမရှိသေးသူများရှိသလို ဘုရားသခင်ကိုသိရှိယုံကြည်၍ ဘုရားသခင်၏သားသမီးဖြစ်ပြီးမှ အဖ၏အိမ်ထောင်နှင့်စည်းစိမ်ကိုစွန့်ခွာ ပြီးလောကထဲသို့ ထွက် သွားမိခြင်းကြောင့် ဘုရားသခင်ထံမှခံစားရမည့်ကောင်းချီးမင်္ဂလာကမျိုးစုံကို လက်လွှတ်ဆုံးရှုံးရသူများလည်းရှိပေသည်။ သို့သော် အခြားတစ်ဘက်က ဘုရားသခင်၏မေတ္တာဖြင့် ပြင်ဆင်ထားသောနိုင်ငံတော်၏ နက်နဲမှုနှင့်ကြီးမားသော အကျိုးရလဒ် ကိုသိရှိရပြီး လက်တွေ့ခံစားကြရသောလူနည်းစုလေးလည်းရှိပါသည်။

ဒုက္ခသစ္စာ
        ဘုရားသခင်ကိုမသိရှိသေးသော လောကသားများသာလျှင် ဒုက္ခပြဿနာနှင့် ကြုံတွေ့ကြသည်မဟုတ်ပါ။ ဘုရားသခင်ကို ယုံကြည်ကြသောသားသမီးများလည်း ဒုက္ခပြဿနာနှင့် ကြုံတွေ့ကြတတ်ပါသည်(ဟေဗြဲ၊ ၁ဝး၃၂)။ သို့သော် ဒုက္ခရောက်ရသည့် အကြောင်းရင်းချင်းမတူကြပါ။ ပထမအကြောင်းအရင်းမှာ ဘုရားသခင်၏စကားကိုနားမထောင်၊ အလိုတော်လမ်းသို့မလိုက်ခြင်း ကြောင့်ဒုက္ခပြဿနာ ကြုံရခြင်းဖြစ်သည်။ ထိုမှားယွင်းသောလမ်းမှနောင်တရ၍ ဘုရားသခင် ဘက်သို့ပြန်လှည့်လာရန် ဘုရားသခင်ကပြန်ဆင်ခြင်ဖြစ်သည်။ နောက်အကြောင်းအရင်းတစ်ခုမှာ ဘုရားသခင်၏ သားသမီးဖြစ်ပြီးမှ ဒုက္ခနှင့်အခက်အခဲ ပြဿနာကြုံတွေ့ရသူများမှာမူ ဘုရားသခင်၏ကောင်းမြတ်ခြင်း၊ သက်သေကို လောကဓံတရားနှင့် ဒုက္ခများကြားမှခံစားနိုင်ဖို့ရန် ဖြစ်ပေသည်။ ဘုရားသခင်၏နာမကြောင့်အခက်အခဲ ပြဿနာနှင့်ကြုံ တွေ့ရခြင်းသည် အမင်္ဂလာမဟုတ်ဘဲ မင်္ဂလာသာဖြစ်သည်။ ထိုဒုက္ခများကြားတွင် ဘုရားသခင်၏သစ္စာ တရားကိုနားလည် ဖို့ရန်အတွက်ဖြစ်ပေသည်။

သတို့သမီးဆယ်ဦး
        (မဿဲ၊ ၂၅)တွင် သတို့သမီးဆယ်ဦးအကြောင်းဖေါ်ပြထားပသါည်။ ငါးဦးမှာပညာရှိဖြစ်ကြပြီး၊ ကျန်ငါးဦးမှာလူမိုက်ဖြစ် ကြသည်။ ‚င်းတို့အားလုံးသည် မီးခွက်များကိုကိုယ်စီယူကြသော်လည်း ပညာရှိသော သတို့သမီးငါးဦးက မီးခွက်အပြင်ဆီဘူးကို လည်းယူပါသည်။ မိုက်သောသတို့သမီးများက ဆီဘူးကိုမယူကြပါ။ သန်းခေါင်ယံ၌ သတို့သား လာသောအခါ သူတို့အားမီးခွက် များကို ကိုယ်စီထွန်းညှိကြပါသည်။ ဆီးဘူးမယူလာသောသတို့သမီးများ၏မီးခွက်သည် ခေတ္တသာထွန်းတောက်ပြီး မီးသေသွားပါ သည်၊ ဤပုံပမာထဲမှဆီသည် ခရစ်ယာန်အသက်တာအတွက် လွန်စွာအရေးကြီး သော ဝိညာဉ်တော်ကိုပုံဆောင်ပါသည်။
          ယနေ့မိရိုးဖလာအရ ဓမ္မအမွေကိုခံစားကာ ခရစ်ယာန်ဖြစ်လာကြသူများစွာရှိကြရာ၌ အသက်တာ တွင်ဝိညာဉ်တော်ကို မခံစား၊ နားမလည်သူများစွာရှိပါသည်။ ထိုသက်သေကိုခံစားရန်မှာ မိမိသည်အပြစ်သားဖြစ်ကြောင်း ရှေးဦးစွာသိမြင်ဝန်ခံဖို့လို ပါသည်။ ထို့ပြင် အပြစ်ကြောင့်အပါယ်၌ ထာဝရပြစ်ဒဏ်ခံစားရမည်ကိုသိရှိ၍ ကြောက်ရွံ့သော စိတ်ဖြင့် သခင်ခရစ်တော်မှတစ်ပါး အခြားသောကယ်တင်ရှင်မရှိကြောင်းသိမြင်ဝန်ခံလျက် မိမိ၏နှလုံးသားအတွင်း သို့ခေါ်ဖိတ်လက်ခံပြီး နေရာပေးမည်ဆိုပါက သန့်ရှင်းသောဝိညာဉ်တော်၏သက်သေကို နှလုံးသားအတွင်း၌ ခံစားရသည် သာမက တမလွန်အရေးအတွက်လည်း စိတ်အေးချမ်းသာမှုကိုခံစားရပေမည်။

နာမတော်ကိုရိုသေပါ
        ဘုရားသခင်၏သားသမီးတစ်ဦးအနေနှင့ ဝိညာဉ်တော်၏သက်သေကို နှလုံးသားအတွင်းခံစားရပြီးနောက် အရေးကြီး သည့်အရာတစ်ခုမှာ နာမတော်မြတ်ကို ကြောက်ရွံ့သောသဘောဖြင့် ဘုရားရှင်အားရိုသေလေးမြတ်ဖို့လိုပါသည်။ ဘုရားရှင်သည်ကြီးမြတ်သောအရှင၊ တန်ခိုးအနန္တနှင့်ပြည့်စုံသောအရှင်ဖြစ်ပါသည်။ ကြောက်ရွံ့သည်ဟုဆိုရာ၌ ဘုရားသခင်က အပြစ်ပေးဒဏ်ခတ်မည်ကို ကြောက်ရွံ့ရန်မဟုတ်ပါ။ ကျွန်ုပ်တို့၏အားနည်းမှားယွင်းမှုကြောင့် ကိုယ်တော်ရှင်  ဝမ်းနည်းမည်ကိုကြောက်ရွံ့ပါ။ ဘုရားသခင်၏ကောင်းမြတ်ခြင်းများကိုမချီးမွမ်းမိဘဲ ကျန်သွားမည်ကိုကြောက်ရွံ့ပါ။ နာမတော် ထိပါးမည်ကိုကြောက်ရွံ့ပါ။ ဘုရားရှင်သည်ကြောက်ရွံ့ရိုသေထိုက်သောဘုရားရှင်ဖြစ်၍ နှလုံးသားအတွင်းမှ ကြောက်ရွံ့သော သဘောဖြင့် ရိုသေလေးမြတ်ဖို့သတိပြုပါ။ ဘုရားရှင်၏ကောင်းမြတ်ခြင်းကိုချီးမွမ်းဖို့ အကြွေးမတင်မိ ရန်သတိပြုပါ။

ကောင်းကင်ဘဏ္ဍာဆည်းပူးပါ
        နှုတ်ကပတ်တော်၌ ကျွန်ုပ်တို့၏စိတ်နှလုံးသည် ကျွန်ုပ်တို့၏ဥစ္စာဘဏ္ဍာရှိသောနေရာ၌ ရောက်နေကြောင်းသတိပေးပါ သည်။ အချို့သူများသည် လောကတွင်ငွေကြေးဘဏ္ဍာများစွာစုဆောင်၍ ကြွယ်ဝလာသည့်အခါ ထိုအရာများကိုအမှီပြုကိုးစား ပြီးအသက်ရှင်မိကြပါသည်။ လောကီဥစ္စာဘဏ္ဍာများသည် ပျောက်ပျက်သွားနိုင်ကြောင်း၊ စစ်မှန်သောအာမခံချက်ကို မပေးနိုင်ကြောင်း သမ္မာကျမ်းစာကသွန်သင်ထားပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့ယုံကြည်သူများအနေနှင့် တစ်ခဏတာခံစားရ မည့်ကောင်းကောင်းဘဏ္ဍာကိုဆည်းပူးသိုမှီးထားကြရန် ဘုရားသခင်အလိုတော်ရှိပါသည်။
          ကောင်းကင်အကျိုးရလဒ်ကိုမျှော်၍ ဘဏ္ဍာစုဆောင်းတတ်သူများမှာ ပေးကမ်းစွန့်ကြဲတတ်သောသူများဖြစ်ကြသည်။ မိမိ၏လိုအပ်ချက်နှင့်အတ္တကိုရှေ့တန်းမတင်ဘဲ အခြားသူများ၏လိုအပ်မှုကိုကြည့်ရှုသိမြင်ကာ ပါဝင်တတ်သူများမှာ ကောင်းကင် ဘဏ္ဍာကိုစုဆောင်းတတ်သူများဖြစ်ကြပေသည်။ နိုင်ငံတော်နှင့် ဖြောင့်မတ်ခြင်းတရားအတွက်ဦးစားထား၍ ရှာဖွေအသက်ရှင်သူ များကို လောကအသက်ရှင်စဉ်သုံးဆောင်ရန်လိုအပ်သည့် အရာများကိုပေးမည်ဟု ဘုရားရှင်ကတိပြုထားပါသည်။

နိုင်ငံတော်အမွေ
          လောက၌ အသက်ရှင်စဉ်ဘုရားသခင်၏နိုင်ငံတော်ထဲကျင်လည်အသက်ရှင်သောအသက်တာသည် လွန်စွာထူးကဲ ကောင်းမြတ်လှပါသည်။ (ရော၊ ၅)တွင် တမန်တော်ကြီးက ဒုက္ခဆင်းရဲထဲ၌ ဝမ်းမြောက်ကြောင်းပြောပါသည်။ သဘာဝလောကီ သားတစ်ဦးအနေနှင့် ဒုက္ခဆင်းရဲကြုံတွေ့ပါရက ဝမ်းမြောက်နိုင်မည်မဟုတ်ပါ။ ညည်းညူးမြည်တမ်းနေမည်သာဖြစ်သည်။ ဒုက္ခဆင်း ရဲထဲ၌ဝမ်းမြောက်နိုင်ခြင်း၊ ဝါကြွားနိုင်ခြင်းမှာ ဘုရားသခင်၏နိုင်ငံတော်အတွင်း ကျွန်ုပ်တို့ခံစားရသော အမွေပင်ဖြစ်ပေသည်။
          ယောသပ်၏အသက်တာကိုဆင်ခြင်ကြည့်ပါက အစ်ကိုများ၏ မနာလိုရောင်းစားမှုကိုခံရပြီး တစ်ပါးအမျိုးသားများ လက်ဝယ်ကျွန်အဖြစ်ရောင်းရှိရသော်လည်း ယောသပ်နှင့် အတူဘုရားရှင်ပါရှိကောင်းချီးပေးမှုကြောင့်နောက်ဆုံးတွင် နိုင်ငံတော် အုပ်အရာတိုင်းချီးမြှောက်ခံရကြောင်းတွေ့သည်။ ဘုရားသခင်သည်ကျွန်ုပ်တို့၏အသက်တာ၌ ဒုက္ခပြဿနာကိုတွေ့ကြုံခွင့် ပေးခြင်း ကိုပေးသောအခါ၌လည်း ထွက်မြောက်သောလမ်းကိုပါတစ်ပါတည်းပြင်ဆင်ပေးပါသည်။ ဤကဲ့သို့သောကောင်းကျိုး အဖြာဖြာကို ဘုရားသခင်နှင့်အတူ နိုင်ငံတော်အတွင်းအသက်ရှင်၍ နိုင်ငံတော်၏အမွေကိုခံစား နိုင်ဖို့ရန် ကျွန်ုပ်တို့၏ အသက်တာများကိုပြင်ဆင် ပါစို့ဟု မေတ္တာနှင့်အသိပေးဝေငှလိုက်ရပါသည်။

Sunday, July 10, 2011

နှလုံးသားနှင့် တမ်းတခေါ်သံ

ယနေ့လောကတွင် ခရစ်ယာန်မဟုတ်သေးသော်လည်း  အသက်ရှင်တော်မူသောဘုရားကိုယုံကြည်သောသူများစွာရှိ နေပါသည်။ ဘုရားသခင်၏ရှေ့တော်တွင် ခရစ်ယာန်ဖြစ်ခြင်း၊ မဖြစ်ခြင်းသည်အဓိကမဟုတ်ပါ။ သန့်ရှင်းသောဝိညာဉ်တော်၏ ဖေါ်ပြမှုကြောင့် မနောအာရုံအသိက အသက်ရှင်သောဘုရားရှိကြောင်း၊ အသက်ရှင်သောဘုရားသည် မိမိကိုတွေ့မြင်နေ ကြောင်း နားလည်ပြီး၊ ဘုရားကိုယုံကြည်သူတိုင်းအား ဘုရားရှင်ကအသိအမှတ်ပြုပါသည်။ မည်သည့်ဘာသာဝင်ဖြစ်ပါစေ၊ အပြင်လက္ခဏာ သည် အဓိကကျပါသည်။

ဘုရားသခင်သည် မျက်နှာမလိုက်ပါ။ ဆင်းရဲနွမ်းပါးသောကြောင့် အားမငယ်ပါနှင့်။ ချမ်းသာကြွယ်ဝ သောကြောင့် လည်း ဝါကြွားမောက်မာခြင်းမပြုပါနှင့်။ ဘုရားသခင်သည် မည်သူမျက်နှာကိုမျှမမှတ်ပါ။ အပြင်သမဏ္ဍာန်၏ နွမ်းပါးမှု၊ ကြွယ်ဝမှုသည် ဘုရားရှေ့တွင်မပေါ်လွင်ပါ။ အတွင်းနှလုံးသား၏ စိတ်ထားသည်သာ ပေါ်လွင်ပါသည် (တမန်၊ ၁ဝး၃၄-၃၅)။ ထိုကြောင့်ကျွန်ုပ်တို့၏ လုပ်ဆောင်မှုမှန်သမျှသည် မည်မျှပင်ပန်းစွာလုပ်ဆောင်ပါစေ၊ အဓိကမကျပါ။ မည်ကဲ့သို့သောစိတ်နှလုံး နှင့်လုပ်ဆောင်နေသည် ဆိုခြင်းကသာလွန်၍အဓိကကျပါသည်။ ကျွန်ုပ်တို့၏လုပ်ဆောင်မှုထက် အတွင်းစိတ်ထားမှန်ကန်မှု ကိုဘုရားရှင်ကသိမှတ်ပါသည်။

တရားသဖြင့်ကျင့်ဆောင်သူ

ဘုရားသခင်ထံတော်မှ ကယ်တင်ခြင်းကျေးဇူးကို မည်သူခံစားရပါသနည်း။ ဘုရားသခင်ရှေ့တွင်မည်သူ မျက်နှာရပါသနည်း။ ယုဒလူများသာကယ်တင်ခြင်းရသည်မဟုတ်သလိုခရစ်ယာန်များသာကယ်တင်ခြင်းရသည်မဟုတ်ပါ။ လူအမျိုးမျိုးရှိသည်တွင်၊ ဘုရားသခင်ကိုကြောက်ရွံ့၍ တရားသဖြင့်ကျင့်ဆောင်သောသူသည် ဘုရားရှင်ရှေ့တွင် မျက်နှာရသည် သာမက ကယ်တင်ခြင်း ကျေးဇူးကိုလည်းခံစားခွင့်ရှိသည်။

(တမန်၊ ၁ဝ)တွင် ကော်နေလိအမည်ရှိသူသည် ယုဒလူမဟုတ်ပါ။ ခရစ်ယာန်လည်းမဟုတ်ပါ။ အခြားတပါး အမျိုးသားဖြစ် ပါသည်။ သူသည်တပ်မှူးတစ်ဦးဖြစ်ပါသည်။ ထိုမျှမကသူသည်ဘုရားသခင်ကို အာ±ုံပြုတမ်းတပြီး အလှူဒါနကိုပြုသောသူဖြစ်ပါ သည်။ နှလုံးသားဖြင့် ဘုရားကိုကြောက်ရွံ့သောသူဖြစ်သည်။ အလှူဒါနပြု၍ ကောင်းကင်နိုင်ငံသို့ ရောက်နိုင်မည်မဟုတ်ပါ။ နှလုံးသားနှင့်ဘုရားကိုကြောက်ရွံ့ယုံကြည်ပြီးမှ တရားသဖြင့် ပြုမူကျင့်ဆောင်သူသာ ဘုရားကို ကြောက်ရွံ့ယုံကြည်ပြီးမှ တရားသဖြင့်ပြုမူကျင့်ဆောင်သူသာ ဘုရားရှေ့တွင်မျက်နှာရပြီး အသိအမှတ်ပြုခံရကာ၊ ကယ်တင်ခြင်း ကျေးဇူးကိုလည်း ခံစားနိုင်မည် ဖြစ်သည်။ ကော်နေလိသည် နှလုံးသားနှင့်ဘုရားရှင်ကိုတမ်းတကာ တရားသဖြင့် ကျင့်ဆောင်ပြုမူသောကြောင့် ဘုရားရှင်၏ ကျေးဇူးတရားကိုခံစားရပါသည်။

မထင်မှတ်သူများ

ဘုရားရှင်များကိုယုံကြည်၍ ကောင်းကင်နိုင်ငံတော်သို့ ရောက်ရှိသည့်အချိန်တွင် ကျွန်ုပ်တို့မထင်မှတ်ထားသောစွာကို ကောင်းကင်နိုင်ငံတွင် တွေ့ရမည်ဖြစ်သည်။ ထိုအထဲတွင် အပြင်လက္ခဏာအားဖြင့် ခရစ်ယာန်မဟုတ်သော သူများစွာ ပါဝင်ပေလိမ့်မည်။ ထိုမျှသာမက ကျွန်ုပ်တို့ထင်မှတ်ထားသူများထဲမှအချို့ကို ကောင်းကင်နိုင်ငံတော်၌ တွေ့ရ လိမ့်မည် မဟုတ်ပေ။ မြေကြီးပေါ် တွင် ဧဝံဂေလိတရားကိုများစွာလှည့်လည်ဟောပြောနေကြသူတို့ဤား ခရစ်တော်က “သင်တို့ကို ငါမသိ” ဟုငြင်းဆိုကြောင်း (မဿဲ၊ ၇း ၂၁ -၂၃) တွင်ကျွန်ုပ်တို့တွေ့ကြရသည်။ ထိုသူများသည် ဘုရားရှင်၏ အကြောင်းကိုသာသိ၍ ဟောပြောနေသူများဖြစ်သော်လည်း ဘုရားသခင်ကိုနှလုံးသားနှင့် မတွေ့၊ မသိ၊ မမြင်ကြ သူများဖြစ်ပေသည်။ ထိုကြောင့် ယနေ့ကျွန်ုပ်တို့သည်သခင်ယေရှု၏အကြောင်းကိုသာသိ သူလား။ (သို့တည်းမဟုတ်) သခင်ယေရှုကို ပုဂ္ဂိုလ်တော်မြတ်အနေနှင့် ကိုယ်တိုင်ထိတွေ့သက်သေရကာ ယုံကြည်ခိုလှုံနေသူလားဟူ၍ မိမိအသက်တာကို သတိပြုစစ်ဆေးသင့်ပေသည်။

ဘာသာတရား

ယနေ့လောကတွင် အချို့သောသူများသည် မိမိတို့ထင်မြင်ယူဆထားသည့်အတိုင်း အကျိုးခံစားရမည်ဟု မျှော်လင့်သော်လည်း မခံစားရဘဲမျက်မြင်အခြေအနေအရ အကျိုးဆုံးရှုံးနေသူများစွာရှိပါသည်။ ခရစ်ယာန်အများစုမှာ မိမိတို့သာကယ်တင်ခြင်းရမည်။ မိမိတို့ကို သာ ဘုရားသခင်ကစကားပြောသည်ဟုထင်မြင်ယူဆကြပါသည်။ ကော်နေလိသည် ခရစ်ယာန်တစ်ဦးမဟုတ်ပါ။ သို့သော်နှလုံးသားကိုသိ မြင်တော်မူသောဘုရားက ကော်နေလိ၏ အတွင်းနှလုံးသားကိုမြင်၍ မိမိ၏တမန်တော်ကို စေလွှတ်ကာကော်နေလိအား စကားပြောခဲ့ပါ သည်။ လောကတွင် ဘာသာတရားများစွာရှိပါသည်။ ဘာသာတရားများမှာ လူ၏အကျိုးအတွက် ဘုရားသခင်ကခွင့်ပြုထားသောအရာ များဖြစ်သည်။ ဘာသာတရားတိုင်းက လူကိုအပြစ်ရှိကြောင်း၊ အပြစ်ကြောင့်သေခြင်းတရားကိုရင်ဆိုင်ရခြင်းဖြစ်ကြောင့်၊ သတိပေးဖေါ်ပြထား ခြင်းဖြစ်သလို၊ (ရော၊ ၅း ၁၂) တွင်လည်းဖေါ်ပြထားပါသည်။ လူသည်သင်္ခါရသားသက်သက်မဟုတ်ပါ။ ထာဝရကဏ္ဍနှင့်တွဲဖက်၍ ရှင်သန်နေသူဖြစ်ပါသည်။ ဘာသာတရားကြောင့်မိမိ၌အပြစ်ရှိကြောင်းသိမြင်ပါက သင်္ခါရကဏ္ဍကို အလေးထားအသက်မရှင်ဘဲ ထာဝရ ကာလအတွက်စဉ်စား၍ ကြိုတင်ပြင်ဆင်သင့်ပေသည်။

ငါ့ကိုခေါ်လော့

သမ္မာတရား၏ အသိပေးဖေါ်ပြမှုကြောင့် ကျွန်ုပ်တို့သည် ကံသုံးပါးဖြင့် နေ့စဉ်နှင့်အမျှအပြစ်ကျူးလွန် နေကြောင်းသိမြင်လာပြီဆို လျှင် ထိုအပြစ်တရား၏ စိုးမိုးချယ်လှယ်မှုအောက်မှလွတ်မြောက်ရာလမ်း ရှိကြောင်းသတိပြုပါ။ သခင်ယေရှုက “ငါ့ကိုယုံကြည်သောသူသည် အပြစ်စီရင်ခြင်းမခံရ”ဟုသတိပေးပါသည်။ (ယော၊ ၃း၁၈)။ ထိုကတိကိုလက်တွေ့ သိရှိခံစားလိုပါက “ငါ့ကိုခေါ်လော့၊ ငါထူးမည်” ဟုပြော ထားပါသည်။ကိုယ်တော်အသက်ရှင်ကြောင်း လက်တွေ့သိလိုပါက ကိုယ်တော်သည် အမှန်တက်ယအသက်ရှင်၍ ကျွန်ုပ်တို့ကို အပါယ်ငရဲ မှကယ်တင်သော ဘုရားဖြစ်ကြောင်း သက်သေပြပါဟုခေါ်နိုင်ပါသည်။ ထိုသို့ခေါ်ပါက ကိုယ်တော်သည်အသက်ရှင်၍ အပြစ်တရားမှ ကယ်တင်နိုင်သော ဘုရားဖြစ်ကြောင်း ကျွန်ုပ်တို့လက်တွေ့သိရှိယုံကြည်ဖို့သက်သေထူ၍ မစပေလိမ့်မည်။

ဘုရားရှင်သည် မျက်နှာမလိုက်ပါ။ သခင်ယေရှု၏ နာမ၌ခေါ်သူတိုင်းကိုထူး၍ သက်သေထူပါသည်။ ထိုကြောင့်ယနေ့ကျွန်ုပ်တို့၏ အသက်တာ၌ ကိုယ်တော်နှင့် ပုဂ္ဂိုလ်ချင်းထိတွေ့မှုသက်သေမခံစားရသေးပါက၊ ကိုယ်တော်ကို စိတ်နှလုံးနှင့်တမ်းတလျက်ခေါ်ပါ။ ကိုယ်တော် အသက်ရှင်ကြောင်းသက်သေရမည်ဖြစ်သည်သာမက၊ အံ့သြဖွယ်သက်သေ အမျိုးမျိုးကို အသက်တာ၌လက်တွေ့ခံစားရမည်ဖြစ်ပါကြောင်း၊ မေတ္တာနှင့်အသိပေးဝေငှလိုက်ရပါသည်။

Sunday, July 3, 2011

ကောင်းကင်ဘဏ္ဍာ

အခြေပြုကျမ်းချက့့်  
“သံချေးပိုးရွဖျက်ဆီး၍၊ သူခိုးထွင်းဖောက်ခိုးယူရာ မြေကြီးပေါ်မှာ ဘဏ္ဍကိုမဆည်းပူးကြနှင့်၊ သံချေးပိုးရွ မဖျက်ဆီး၍၊ သူခိုးမထွင်းမဖောက်မခိုးမယူရာကောင်းကင်ဘုံ၌ ဘဏ္ဍာကိုဆည်းပူးကြလော့၊ အကြောင်းမူကား အကြင် အရပ်၌ သင်တို့၏ဘဏ္ဍာ ရှိ၏။ ထိုအရပ်သို့ သင်တို့၏စိတ်နှလုံးရောက်တတ်၏” (မဿဲ၊ ၆း၁၉-၂ဝ)။
          
အထက်ကျမ်းပိုဒ်ကို သဘောပေါက်ခံယူပါက ကျွန်ုပ်တို့၏ စိတ်နှလုံးသည် ကောင်းကင်သို့ရောက်နေမည်ဖြစ်သည်။ ဤအရာသည်အံ့သြစရာအကြောင်းဖြစ်ပါသည်။ လူဆိုသည်မှာဘဝမြင့်သည်ကိုနှစ်သက်ကြပါသည်။ ယနေ့ဘဝမြင့်ရန်ထက် မိမိ၏စိတ်နှလုံးကိုဘုရားသခင်ထံမှန်ကန်စွာအပ်နှံထားပါက လောကကြီးသည်ပူပြင်းကြမ်းတမ်းနေပါစေ၊ အေးချမးစွာနေထိုင် သွားရမည်ဖြစ်ကြောင်း လက်တွေ့ကျကျဝေငှလိုပါသည်။ 

ဤဝေငှချက်ကိုလိုက်လျှောက်ခြင်းဖြင့် ကောင်းချီး မင်္ဂလာအပြည့်အဝ ခံစားရ မည်ဖြစ်ကြောင်းအာမခံပါသည်။ သို့သော်ဒေသနာတော်ကိုကြားလျက်နှင့်ယုံကြည် လိုက်လျှောက်မှု မရှိပါက မိမိအတွက်အရှုံးသာ ဖြစ်ပါလိမ့်မည်။ ယနေ့အများအားဖြင့်ကြားလျက်နှင့် ယုံဖို့ခက်ခဲနေကြသူများ ရှိသည်မှာ ဝမ်းနည်းစရာ ပင်ဖြစ်ပါသည်။

လောကီဘဏ္ဍာနှင့်ကောင်းကင်ဘဏ္ဍာ
         
သံချေးပိုးရွဖျက်ဆီးနိုင်သော လောကဘဏ္ဍာကို လူအများဆည်းပူးတတ်သည့်သဘောသည် လက်တွေ့ကျသလို သဘာဝ  လည်းကျပါသည်။ သို့သော်သမ္မာကျမ်းစာက သံချေးပိုးရွမဖျက်ဆီးနိုင်သည့်ကောင်းကင်ဘဏ္ဍာတည်းဟူသော ဘုရားရှင်၏ဘဏ္ဍာ ကိုဆည်းပူးရန်ဖေါ်ပြထားပါသည်။ တစ်နည်းအားဖြင့် ဘုရားသခင်၏ဘဏ်သည်အာမခံချက်မရှိပါ။
          
ထိုနည်းတူ ရွှေငွေဥစ္စာသည်လည်းအလျဉ်းမသင့်လျှင်ဆုံးရှုံး၍ ကုန်ခမ်းသွားတတ်ပါသည်။ ကောင်းကင်ဘဏ္ဍာ ကိုဆည်း ပူးထားသူသည်လောက၌အသက်ရှင်စဉ်အခါ ပူပြငးမှုများခံစားရသော်လည်း စိတ်နှလုံးကကောင်းကင်ဘုံ သို့ရောက်နေသဖြင့် အကျိုးကျေးဇူးခံစားရပါသည်။ ဤအကြောင်းအရာအပေါ်အခြေခံ၍ဘုရားသခင်၏ ဘဏ်တည်းဟူသော ကောင်းကင်နိုင်ငံ၏ဘဏ် တွင်ကောင်းကင်ဘဏ္ဍာကိုလက်တွေ့ကျကျ မည်သို့ဆည်းပူးသိုထားရမည်အကြောင်း ဝေငှချင်ပါ သည်။

ကောင်းကင်ဘဏ္ဍာကိုမည်သို့ဆည်းပူမည်နည်း
          
လူတိုင်းလူတိုင်း ကောင်းကင်ဘဏ္ဍာကိုလိုချင်ကြမည်ဖြစ်သည်။ ကောင်းကင်ဘဏ္ဍာကိုလိုချင်ပါက နှုတ်ကပတ်တော် သြဝါဒအတိုင်းလိုက်လျှောက်ရန်အရေးကြီးပါသည်။ လောကဘဏ်၌ပင် စည်းကမ်း၊ ကတိနှင့်ရလဒ်ရှိပါသည်။ ဘဏ်၌ထည့်ထား ပါက ကတိပြုထားသည့်အတိုင်း ဘဏ်တိုးပေးသည်။ ထိုနောက်လိုအပ်လာပါက အချိန်မရွေး ငွေထုတ်ယူနိုင်ခွင့်ရှိပါသည်။ ဘဏ်တိုးလိုချင်ပါက ထိုင်စဉ်းစားနေရုံနှင့်မပြီးဘဲ မိမိ၏ငွေများကိုဘဏ်၌ထည့်သွင်းထားရန်လိုအပ်ပါသည်။ ထိုနည်းတူ ကောင်းကင်ဏ်၌ထည့်ထားရမည့်ဘဏ္ဍာမှာ ယုံကြည်ခြင်းနှင့် အကျင့်သီလဖြစ်ပါသည်။ ထိုသီလမှာ မုဆိုးမကိုကြည့်ရှုခြင်း၊ ဆယ်ဖို့တစ်ဖို့ပေးလှူခြင်း၊ အလှူငွေထည့်ဝင်ခြင်း၊ ဧဝံဂေလိသာသနာကိုအးပေးခြင်း စသည့်အရာများဖြစ်ပါသည်။ အဆိုပါသီလများကိုလောကဘဏ်၌ငွေစုထားသကဲ့သို့ ကောင်းကင်နိုင်ငံဘဏ်တွင်စုထား၍ ရပါသည်။
          
ထိုပြင်ဘုရားသခင်စေခိုင်းသည့် အတိုင်းဆောင်ရွက်သည့်သီလ၊ ဘုရားနှစ်သက်သည်အတိုင်း ပြောဆိုသက်သေခံ ခြင်း  သီလများလည်းရှိပါသေးသည်။ ယနေ့ဘုရားသခင်ပြောခိုင်းသည့် ဧဝံဂေလိစကားကြော်ငြာခြင်း အရာ၌ အားနည်းနေသလားဟု မိမိကိုမိမိပြန်လည်ဆန်းစစ်ရန် လိုအပ်ပါသည်။ ဘုရားသခင်အကြောင်းပြောဆိုခြင်း၊ သက်သေခံခြင်း တွင် ကျမ်းစာတတ်ရန်မလိုပါ။ ခရစ်တော်ကိုယုံကြည်ခြင်းဖြင့် မည်သည့်အရာများခံစားရကြောင်း၊ ဆုတောင်းခြင်းဖြင့်ဖြေရှင်းပေး ကြောင်း စသည်တို့ကို သက်သေခံပြောဆိုခြင်းသည် ကောင်းကင်ဘဏ္ဍာစုဆောင်းထားခြင်းဖြစ်ပါသည်။
          
လောက၌အသက်ရှင်စဉ် ခရစ်တော်အကြောင်း သက်သေခံပြောဆိုခြင်း၊ ပြဿနာနှင့်ကြုံတွေ့ရသည်အခါ သီချင်းဆိုချီး မွမ်းခြင်း၊ ဆုတောင်းခြင်းဖြင့် ရောဂါဝေဒနာများပျောက်ကင်းခြင်း စသည့်အရာများမရှိခဲ့လျှင် ဘဏ်စာရင်း၌ ငွေမစုဆောင်းထား သကဲ့သို့ဖြစ်ပါသည်။ ထိုကြောင့်ယနေ့ယုံကြည်သူတိုင်းအတွက် သက်သေခံပေးသော မင်္ဂလာရှိသည့် အတွေ့အကြုံအမျိုးမျိုးကို ထပ်၍ထပ်ခါခံစားရမည်ဖြစ်သည်။ ဤအကြောင်းကို မုဆိုးမတစ်ယောက်၏ အဖြစ်အပျက်နှင့် လက်တွေ့ကျကျဝေငှချင်ပါသည်။

ကောင်းကင်ဘဏ္ဍာ စုဆောင်းထားသူတစ်ဦး
       
“ပရောဖက်အမျိုးသား၏ မယားတစ်ယောက်သည် ဧလိရှဲထံသို့လာ၍ ကိုယ်တော့်ကျွန်၊ ကျွန်မ၏ခင်ပွန်းသေပါပြီ၊ ကိုယ်တော်ကျွန်သည် ထာဝရဘုရားကိုရိုသေသောသူဖြစ်သည်ကို ကိုယ်တော်သိတော်မူ၏။ ယခုမှာအကြွေးရှင်သည် ကျွန်မ၏ သားနှစ်ယောက်ကို ကျွန်ခံစေခြင်းငှါလာပါပြီ ” ဟုကြွေးကြော်လေ၏။ ဧလိရှဲ “သွားလော့၊ အိမ်နီးချင်းရှိသမျှတို့တွင် လပ်သောအိုး တို့ကိုငှါးယူလော့၊ များစွာသောအိုးတို့ကိုငှါးယူလော့၊”၏၏၏၏ ထိုမိန်းမသည် သွား၍သားတို့သည် အိုးများကိုငှါးယူခဲ့ပြီးမှ အိမ်ထဲသို့ ဝင်၍ တံခါးကိုပိတ်လျက်ဆီကိုလောင်လေ၏။ ထိုမိန်းမသည်လာ၍ ဘုရားသခင်၏လူကိုကြား ပြောလျှင်သူက“ထိုဆီကိုသွား၍ ရောင်းပြီးလျှင်အကြွေးကိုဆပ်လော့၊ ကြွင်းသောဆီကိုအမှီပြု၍ သင်နှင့်သားတို့သည် အသက်မွေးကြလော့ဟုဆို၏”                   (၄ရာ၊ ၄း၁-၇)။
          
အထက်ဖေါ်ပြပါကျမ်းပိုဒ်အရ သေဆုံးသွားသော ပရောဖက်သည် ထာဝရဘုရားကိုကြောက်ရွံ့ရိုသေသော သူဖြစ်သည်။ ဆိုပါပရောဖက်သေဆုံးသွားသည့်အခါသားနှစ်ယောက်အား ကျွန်ခံရန်ကြွေးရှင်သည် ပရောဖက်၏ ဇနီးထံလာ ရောက်၍ သူမ၏ယောက်ျားသည် ထာဝရဘုရားကို ကြောက်ရွံြု့ပီး ရိုသေသောသူဖြစ်ကြောင်းပြောဆိုပါသည်။ ဖခင်ပရောဖက် ကြီးသည် ဘုရားကိုကြောက်ရွံ့ခြင်း၊ ရိုသေခြင်းဟူသည်သီလကို ဘဏ္ဍာအဖြစ်စုဆောင်းထားသည့်အတွက် သူသေဆုံးသွား သော်လည်း ကျန်ရစ်သည့်မိန်းမနှင့်သားနှစ်ဦးမှာ ဒုက္ခထဲမှလွတ်မြောက်၍ ကောင်းချီးခံစားခဲ့ရကြပေသည်။ 

ပရောဖက်ကြီး ဧလိရှဲက အိမ်နီးချင်း များထံမှလပ်သောအိုးများရနိုင်သရွေ့ငှါးပြီး ‚င်းအိုးများထဲသို့ ဆီကိုလောင်းထည့်ရန် ပြောဆိုသည့် အတိုင်း နားထောင်ခြင်းဖြင့် ဆောင်ရွက်သည့်အခါ အကြွေးဆပ်နိုင်ရုံမျှမက မိသားစု၏အသက်မွေးရန်အတွက် ဖူလုံသွား ကြောင်းတွေ့မြင်ရပါသည်။
          
ထိုပရောဖက်သည် ဘုရားသခင်ကိုကြောက်ရွံ့သောသူဖြစ်ခြင်းကြောင့် သူ့မိသားစုအတွက်အာမခံချက်ရှိလေသည်။ ထိုကြောင့် ကျွန်ုပ်တို့ဖခင်များအနေဖြင့် ‚င်းပရောဖက်နည်းတူ ဘုရားသခင်ကိုကြောက်ရွံ့ရိုသေခြင်းတည်းဟူသော ကောင်းကင် ဘဏ္ဍာကို ဘုရားသခင်ထံဘဏ်စာရင်းဖွင့်စုဆောင်းထားပါက ကျွန်ုပ်တို့၏ဖခင်များသေဆုံးသွားပါလေစေ၊ ကျန်ရစ်သူမိသားစု များအတွက် ကောင်းကင်ဘဏ္ဍာ၏ အာမခံချက်ကိုဆက်လက်ခံစားရမည်ဖြစ်ပါသည်။ 

ဘုရားသခင်၏ ကောင်းကင်ဘဏ္ဍာသည် လောကဘဏ္ဍာထက်စိတ်ချရပါသည်။ ဤအကြောင်းအရာများကို ယုံကြည်သူတိုင်း စဉ်းစားဆင်ခြင်သင့်သည်သာမက လောကဘဏ္ဍာထက် ဘုရားသခင်၏ ဘဏ္ဍာ၏ကိုစုဆောင်းထားခြင်းတည်းဟူသည့် ဘုရားသခင်အားကြောက်ရွံ့ခြင်း၊ အမှုတော် မြတ်အတွက် ပါဝင်အသက်ရှင်ခြင်း၊ နာမတော်မြတ်၌ပေးလှူခြင်းအပြစ်လွှတ်ခြင်းခံရသည့်ကျေးဇူးတော်ကို အောက်မေ့သတိရခြင်း ဖြင့် လက်တွေ့ကျကျအသက်ရှင်လိုက်လျှောက်နိုင်ပါမည့်အကြောင်း မေတ္တာနှင့်ဝေငှလိုက်ပါသည်။

Thursday, June 9, 2011

သင်သိပါရဲ့လား?

``မသိသူ ကျော်သွား၊ သိသူ ဖေါ်စား´´ ဟူသောစကားရပ်ကို မိတ်ဆွေကြားဖူးပေလိမ့်မည်။ ကျွန်ုပ်တို့ မသိနားမလည်သော အရာများစွာရှိသော်လည်း ဤဓမ္မစာစုပါအကြောင်းအရာများကို မသိရှိပါမူ မိတ်ဆွေသည် အကြီးမားတကာ့ အကြီးမားဆုံးသော ဆုံးရှုံးခြင်းနှင့် ရင်ဆိုင်ဘို့ရန် ရှိပေသည်။
ဤဓမ္မစာစုပါ အကြောင်းအရာများသည် မိတ်ဆွေ၏ ယခုဘ၀နှင့်နောင်ဘ၀အတွက် အလွန်ပင် အရေးကြီးသောကြောင့် အဆုံးတိုင် ဖတ်ရှုလေလာဖို့ရန် မေတ္တာဖြင့် ရေးသားလိုက်ရပါသည်။

ဖန်ဆင်းရှင်ရှိသည်။ လောက၌ အဘယ်အရာမဆို အလိုအလျှောက် မဖြစ်လာတတ်ပါ။
အကြောင်းတရား ရှိ၍ အကျိုးတရားဖြစ်လာရသည်။ မိတ်ဆွေနေထိုင်သော အိမ်သည် သူ့အလို
အလျှောက် မဖြစ်လာဘဲ ဆောက်လုပ်သောသူ ရှိ၍ ဖြစ်လာရခြင်းဖြစ်သည် မဟုတ်ပါလော။
ထိုနည်းတူ ဤကမ္ဘာလောကကြီးနှင့် မြင်တွေ့နေရသောစကြ၀ဠာတစ်ခုလုံးသည်လည်း ပြုလုပ်သူ(ဖန်ဆင်းရှင်) ရှိသောကြောင့်သာ ဖြစ်လာရခြင်း ဖြစ်သည်။ ထိုသို့ပြုလုပ်သူ(ဖန်ဆင်းရှင်)
မှာ ``ထာဝရ ဘုရား´´တည်းဟူသော ဘွဲ့နာမတော်ရှိတော်မူသော အန္တတန်ခိုးရှင် ဘုရားသခင်
ပင်ဖြစ်သည်။ ထိုဘုရားသည် တစ်ဆူတည်းသောဘုရားဖြစ်တော်မူ၏။ လူတို့ခေါ် ဝေါ်သမုတ်ကြသော ဘုရားအများရှိသော်လည်း စစ်မှန်သောဖန်ဆင်းရှင်ဘုရားမှာ တစ်ဆူတည်းရှိသည်။ ထိုဘုရားသည် မိတ်ဆွေနှင့် ကျွနုပ်ကို အလွန်ချစ်တော်မူသည်။

လူ၏ဘ၀အစ - ကမ္ဘာပေါ်၌ လူသည် မည်သို့ ဖြစ်ပေါ်လာသည်ကို လောက လူ့ဥာဏ်ဖြင့်အမျိုးမျိုး
သုံးသပ် ယူဆကြသော်လည်း တိကျမှန်ကန်သောအဖြေကို သမ္မာကျမ်းစာ၌သာ တွေ့ရှိရပေသည်။ ထာဝရအရှင် ဘုရားသခင်သည် မြေမှုန့်ဖြင့် လူကို ဖန်ဆင်း၍ အသက်ဇီဝကို မှုတ်သွင်းသဖြင့် လူဖြစ်လာရပါသည်(က၊ ၂း၇)။ ဘုရားသခင်သည် ကမ္ဘာဦးအစ၌ လူနှစ်ယောက်တည်းကိုသာ ဖန်ဆင်းခဲ့ပါသည်။ ထိုလူနှစ်ယောက် ဖြစ်သော အာဒံနှင့်ဧ၀တို့သည် ဘုရားသခင်ပြင်ဆင်ထားသော ဧဒင်ဥယျာဉ်၌ ပျော်ရွှင်ချမ်းမြေ့စွာ နေထိုင်ကြ ရပါသည်။ စားဝတ်နေထိုင်ရေးအတွက် အစစအရာရာ ပြည့်စုံ၏။ ဒုက္ခဆင်းရဲ ပြဿနာ အနာရောဂါ မရှိ။ ပင်ပန်းစွာ လုပ်ကိုင်စားသောက်ဖို့မလို။ သာယာလှပတင့်တယ်သော ဧဒင်ဥယျာဉ်ကြီး၌ နေထိုင်ခဲ့ကြရပါ သည်။

ထိုဥယျာဉ်ကိုထိန်းသိမ်းစောင့်ရှောက်ရန် သူတို့အား ဘုရားသခင် ဘုရားသခင်တာဝန်ပေးထား
သည်။ ဖန်ဆင်းစက ထိုသူတို၌ အပြစ်မရှိ၊ ဘုရားသခင်နှင့် ရင်းနှီင်္းစွာ မိတ်သဟာယဖွဲ့နိုင်ကြသည်။
အပြစ်တရားဝင်ရောက်လာပုံ - ထာဝရဘုရားသခင်က ``ကောင်းမကောင်းကို သိကျွမ်းရာအပင်မှ
တပါး ထိုဥယျာဉ်၌ ရှိသမျှသော အပင်တို့၏အသီးကို သင်သည် စားရသောအခွင့်ရှိ၏။ ထိုအပင်၏ အသီးကိုကား မစားရ။ စားသောနေ့တွင် ဧကန်အမှန်သေရမည်ဟု လူကို ပညတ်ထားတော်မူ၏။
´´ လူသည် အထက်ပါ ပညတ်ချက်ကို ချိုးဖေါက်ြခင်းဖြင့် ဤလောကသို့ အပြစ်တရားဝင်ရောက်လာ
ပါသည်။ ကျွန်ုပ်တို့လူသားများ သည် အပြစ်ရှိသောအာဒံ-ဧ၀မှ မွေးဖွါးလာကြသူများဖြစ်ကြ၍ မွေးစကတည်းက အပြစ်ရှိသော လူသားများ ဖြစ်လာရပါသည်(က၊ ၂း ၁၆-၁၇၊ ရောမ၊ ၅း ၁၂၊
ဆာ၊ ၅၁း ၅)။

အပြစ်သားနှင့် အပြစ်များ - လူများစွာတို့က မကောင်းမှု ဒုစရိုက်၊ အပြစ်ကျူးလွန်သောကြောင့် အပြစ်သားဖြစ်လာရသည်ဟု ထင်တတ်ကြသည်။ ထို့ကြောင့် အပြစ်မကျူးလွန်မိစေရန် ဘာသာ
တရား၏ ပညတ်ချက်များကို အတတ်နိုင်ဆုံး စောင့်ထိန်းနိုင်ဖို့ ကြိုးစားကြသည်။ သို့သော်
လူတိုင်းသည် အပြစ် တစ်ခုမဟုတ် တစ်ခုကို ကျူးလွန်ခဲ့ကြစမြဲဖြစ်သည်။ မုသားပြောခြင်း၊ ဆဲဆိုခြင်း၊ ဒေါသထွက်ခြင်း၊ မိဘစကား နားမထောင်ခြင်း၊ အရက်သေစာ သောက်စားမူးရစ်ခြင်း၊ ရန်တွေ့ခြင်း၊ မကောင်းအပြုအမူကို ပြုကျင့်ခြင်း စသည်တို့အနက် တစ်ခုခုကို မိတ်ဆွေကျူးလွန်ခဲ့ဘူးပေမည်။ အပြစ်လုပ်မိ၍အပြစ်သားဖြစ်လာရခြင်းမဟုတ်၊ အပြစ်သားဖြစ်၍ အပြစ်လုပ်မိခြင်းဖြစ်သည်။
ဥပမာ- သရက်ပင်သည် သရက်သီးကိုသီးသည်။ သရက်သီးသီး သောကြောင့် သရက်ပင်ဖြစ်လာရခြင်းမဟုတ်ပါ။ တဖန် ခွေးသည် ခွေးဖြစ်သောကြောင့် ဟောင်သည်။ ဟောင်သောကြောင့် ခွေး မဖြစ်လာပါ။ လူသည်လည်း အပြစ်သားဖြစ်သောအကြောင့် အပြစ်ကို ကျူးလွန်ရခြင်းဖြစ်သည်။ လူသည် မွေးစကတည်းက အပြစ်ရှိသည်။ ဘုရားသခင်ရှေ့မှာ မသန့်ရှင်း၊
ရွံ့ရှာစရာ သတ္တ၀ါဖြစ်သည်။ အပြစ်လုပ်ဖို့ သင်တန်းတက်စရာမလို၊ အပြစ်ကို အလွယ်တကူ လုပ်တတ်ကြသည်။ ``သို့ဖြစ်လျှင် ရေကိုသောက်သကဲ့သို့ ဒုစရိုက်အပြစ်ကို သောက်လျက် ဆိုးညစ် ရွံ့ရှာဘွယ်သော လူသတ္တ၀ါ၌ အဘယ်ဆိုဘွယ်ရှိ သနည်း´´(ယောဘ၊ ၁၅း ၁၆)။

ဘုရားအမြင်၌လူ - လူသည် မိမိကိုယ်ကို ကောင်းသည်ဟု ထင်တတ်သော်လည်း ဘုရားအမြင်၌ ကောင်းကွက် မရှိပေ။ ရွံ့ရှာဘွယ်ရာ သတ္တ၀ါကဲ့သို့ဖြစ်သည်။ ဘုရားအမြင်၌ တီကောင်၊ ပိုးရွ(လောက်
ကောင်) နှင့်တူသည်။ (ယောဘ၊ ၂၅း ၄-၆) လောက်ကောင်သည် ညစ်ညူးသောပိုးကောင်ဖြစ်၍
လူတိုင်း ရွံ့ရှာတတ်ကြသည်။  မည်သည့်နေရာ၌ ရှိစေကာမူ ရွံ့စရာကောင်းသည်။ ထိုနည်းတူ လူသည်
လည်း ဘုရားရှေ့မှာရွံ့စရာကောင်းသည်။ လောက်ကောင်သည် ညစ်ညူးသောအရာနှင့် အပုပ်အသိုး
များကို ကြိုက်သည်။ လူသည်လည်း ကောင်းမွန်သောတရားစကားများထက် မကောင်းသောအရာ
ကိလေသာ ညစ်ညူးခြင်းစသည်တို့ကို နှစ်သက်တတ်သည်။ လောက်ကောင်သည် ညစ်ညူးသော
အရာများမှ မထွက်ချင်။ လူသည်လည်း အရက်၊ မူးရစ်ထုံထိုင်းစေသောအရာ၊ ဆေးလိပ်၊ လောက အပျော်အပါးတို့ကို ချစ်၍ ထိုအထဲမှ မထွက်ချင်ဖြစ်သည်။ ပျက်စီးတတ်သည့်လောက အရာများကို
တပ်မက် စွဲလန်းကြသည်။

လူ၏ စိတ်နှလုံးသည် အစဉ်သဖြင့် ဆိုးညစ်သည်။ ကောက်ကျစ်စဉ်းလဲ၍ အလွန်ယိုယွင်းသော သဘောရှိသည်။ လူ့နှလုံးထဲ၌ ကောင်းသောအရာမရှိ။ မိတ်ဆွေ၏ စိတ်နှလုံးသည် ကောင်း မကောင်း မိမိကိုယ်ကို စစ်ဆေးကြည့်ပါ။(က၊ ၆း ၅၊ ယေရ၊ ၁၇း ၉၊ မာ၊ ၇း ၂၀-၂၃) လူသည် ဦးခေါင်းမှသည် ခြေဖျားတိုင်အောင် တစ်ကိုယ်လုံး အပြစ်ရှိသည်။ မျက်စိက မကောင်းသောအရာများကို ကြည့်သည်။ ဦးနှောက်က မကောင်းသောအရာကို စဉ်းစားတတ်သည်။ နှုတ်က မပြောသင့်သောစကား၊ မုသာ
စကား၊ သူတပါးကို ထိခိုက်နစ်နာစေသောစကားကို ပြောတတ်သည်။ နားက မကောင်းသောအရာကို
ကြားချင်သည်။ လက်က မမှန်သောအပြု အမူကို ပြုလုပ်တတ်သည်။  ခြေက မကောင်းသောနေရာကို သွားချင်သည်။ လူတစ်ကိုယ်လုံး ကောင်းကွက်မရှိပါ။ တစ်ကိုယ်လုံး အနာရောဂါစွဲသော နူနာရောဂါသည်ကဲ့သို့ ဖြစ်နေသည်(ဟေရှာ၊ ၁း ၄-၆)။

ဘာသာတရားနှင့်ကောင်းမှုလုပ်ခြင်း - ဘာသာတရားတိုင်းသည် ကောင်းရာလုပ်ဖို့ သွန်သင်ကြ
သည်။ လူအများကလည်း ကုသိုလ်ကောင်းမှုလုပ်ခြင်းဖြင့် ကောင်းရာ ရောက်မည်ဟုထင်တတ်ကြ
သည်။ သို့ဖြစ်လျှင် ကုသိုလ်ကောင်းမှုကို မည်မျှ လုပ်ရပါမည်နည်း။ မိမိကုသိုလ်ကောင်းမှုဖြင့် တမ
လွန်ဘ၀အတွက် အာမခံချက် ရှိပြီလော။ ကုသိုလ်ကောင်းမှု မလုပ်ရဟု မဆိုလိုပါ။ ကုသိုလ်ကောင်းမှု
သည် လူ့အမြင်၌ ကောင်းသော်လည်း ဘုရားသခင်ရှေ့မှာ ညစ်သောအ၀တ်နှင့် တူသည်။ ကျွန်ုပ်တို့၏ ကုသိုလ်ကောင်းမှုကို ထာဝရ ဘုရားသခင် လက်မခံပါ(ဟေရှာ၊ ၆၄း ၆)။ ဥပမာ - နူနာရောဂါစွဲလျက် တစ်ကိုယ်လုံး ညစ်ပတ်နံစော်နေသူက မိတ်ဆွေအား စေတနာအပြည့်နှင့် လက်ဖက်သုပ်ကို သူ့လက်နှင့်နယ်ကာ ဧည့်ခံကျွေးမွေးပါက မိတ်ဆွေ လက်ခံပါမည်လော။ လက်မခံနိုင်ပါ။ ထိုနည်းတူ ရွံ့ရှာဖွယ်ရာ အပြစ်သားဖြစ်သော ကျွန်ုပ်တို့၏ ကုသိုလ်ကောင်းမှုကိုလည်းထာဝရဘုရားလက်မ
ခံနိုင်ခြင်းဖြစ်ပါသည်။ ကျွန်ုပ်တို့ အသက်ဝိညာဉ်ငရဲမကျဖို့ ဘာသာ တရားလုပ်ခြင်းနှင့်
ကောင်းမှုလုပ်ခြင်းက မကယ်တင်နိုင်ပါ။

ဘာသာတရား၏ ပညတ်ချက်များသည် အလွန်ကောင်းသော်လည်း အပြည့်အ၀ လိုက်လျောက်
နိုင်သူ ရှိပါသလော။ မရှိပါ။ ကျမ်းစာက ကောင်းသောအကျင့်ကို ကျင့်သောသူမရှိ။ တစ်ယောက်မျှ
မရှိ(ရော၊ ၃း၁၂) ဟု ဆိုထားပါသည်။ ပညတ်တရားက လူအသက်ကိုမသတ်ရ။ သူ့ဥစ္စာကို မခိုးရ။
သူ့မယားကို မပြစ်မှားရဟု ဆိုထားသည်။ ကျွန်ုပ်တို့သည် လူအသက်ကို မသတ်ပါဟု ဆိုသော်လည်း လူတစ်ဦးအား မုန်းမိခြင်း၊ ဒေါသထွက်ခြင်း၊ ရန်တွေ့ခြင်းသည်ပင် လူသတ်ခြင်းဖြစ်သည်ဟု ကျမ်းစာက ဆိုထားပါသည်။ သူ့မယားကို မပြစ်မှားရဟူသော ပညတ်ရှိသော်လည်း ကိလေသာစိတ်နှင့် အမျိုးသမီးတစ်ဦးအား ကြည့်ရှုခြင်းသည်ပင် သူ့မယားကို မပြစ်မှားရဟူသော ပညတ်ချက်ကို
ကျူးလွန်နေပြီ မဟုတ်ပါလော။ သူ့ဥစ္စာကို မခိုးရဟု ဆိုသော်ငြားလည်း သူတပါးဥစ္စာကို တပ်မက်လိုချင်ခြင်းသည်ပင်လျှင် အပြစ်ရှိနေပြီ မဟုတ်ပါလော။

လူမတတ်နိုင် -             ကျွန်တော်တို့သည် ကောင်းရာသုခဘုံကို စံမြန်းဖို့ရန် လူ့နည်းလူ့ဟန်ဖြင့်
အမျိုးမျိုး ကြိုးစားတတ်ကြသော်လည်း ကျွန်တော်တို့၌ အပြစ်မရှိစေရန် မည်သို့မျှ မစွမ်းဆောင်နိုင်ပါ။ သမ္မာကျမ်းစာက ကပ္ပလီလူ(လူမည်း)သည် မိမိအရေအဆင်းကို၎င်း၊ ကျားသစ်သည် မိမိအကွက်အကြားကို၎င်း ပြောင်းလဲ နိုင်သလော။ ပြောင်းလဲနိုင်လျှင် ဒုစရိုက်ကိုပြုလေ့ရှိသော
သူတို့သည်  သုစရိုက်ကို ပြုခြင်းငှါ တတ်နိုင်ကြ လိမ့်မည်ဟု ဆိုထားသည်(ယေ၊ ၁၃း ၂၃)။ ဒုစရိုက်ကို နေ့စဉ်နှင့်အမျှ ပြုလေ့ရှိသော ကျွန်ုပ်တို့သည် ဘုရားသခင်ရှေ့တော်၌ သန့်ရှင်းဖြောင့်မတ်ခြင်းငှါ
မည်သို့မျှ မတတ်စွမ်းနိုင်ပါ။

သတင်းကောင်း - လူတစ်ဦးသည် မိမိ၌ ရှိသည့်အနာရောဂါကို မိမိအစွမ်းဖြင့် မတတ်နိုင်သည်ကို
သိရှိပါက ထိုအနာရောဂါကို ပျောက်ကင်းစေရန် ကုသပေးနိုင်သော သမားတော်ထံ သွားရစမြဲ ဖြစ်
သည်။ ကျွန်ုပ်တို့ လူသားတစ်ယောက်စီတိုင်း၌ စွဲကပ်နေသောအပြစ်ရောဂါကို မိမိ၏ ဘာသာတရား၊ အကျင့်အားဖြင့် မကုသနိုင်ကြောင်းသိရှိလျက် ထိုအပြစ်ရောဂါကို ကုသပေးနိုင်သူ၊ အပြစ်မှ ကယ်တင်
သူကို ရှာရပေမည်။ မည်သူသည် ကျွန်ုပ်တို့၏ အပြစ်ကို ဖြေရှင်းပေးနိုင်သနည်း။ ကျွန်ုပ်တို့သည်
အပြစ်ရှိ၍ မိမိအပြစ်ကြောင့် ငရဲသွားထိုက်သော်လည်း သင်နှင့်ကျွန်ုပ်တိုချစ်တော်မူသော
ဘုရားရှင်က အပြစ်ဖြေရှင်းပေးရန် ဤလောကသို့ ကယ်တင်ရှင်ယေရှုကို စေလွှတ်ခဲ့ပါသည်။

ယေရှုခရစ်သည် မည်သူနည်း - ယေရှုသည် ဤလောကသို့ လူသားအနေဖြင့် ကြွမြန်းတော်မူ
သောဘုရား ဖြစ်သည်။ ဤကမ္ဘာမတည်မရှိကတည်းက တည်ရှိသောဘုရားဖြစ်သည်။
ကိုယ်တော်သည် အရာခပ်သိမ်းကို ဖန်ဆင်းခဲ့သောဘုရားဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်း(၂၀၀၀)
ကျော်က ဤလောကသို့ကြွလာတော်မူသော အရှင်ဖြစ်သည်။ သူသည် အပျိုကညာဝမ်းမှ မွေးဖွါးခဲ့၍ လောက၌ အသက်ရှင်စဉ် အပြစ်ဒုစရိုက်ကို မပြု၊ သန့်ရှင်းဖြူစင်ဖြောင့်မတ်သောသူဖြစ်သည်။
ယေရှုသည် လောက၌ ရှိစဉ် အမျိုးမျိုးသော အနာရောဂါစွဲသူများကို ရောဂါမှ ပျောက်ကင်းစေခြင်း၊ နတ်ဆိုးစွဲခံရသူများအား ချမ်းသာပေးခြင်း၊ သေသောသူများကို ပြန်လည်အသက်ရှင်စေခြင်း၊ လူများစွာ တို့အား မွန်မြတ်သော တရားဒေသနာများကို ဟောကြားခြင်းများ ပြုခဲ့ပါသည်။ သူ၏ အဓိက အရေးကြီးဆုံးသော လုပ်ဆောင်ချက်မှာ တစ်လောကလုံးရှိ လူအပေါင်းတို့၏ အပြစ်များအတွက် အသေခံခြင်းပင် ဖြစ်သည်။ အပြစ်တရား၏အခ သေခြင်းကို လက်ဝါးကပ်တိုင်ပေါ်၌ ပေးဆပ်ခဲ့သည်။

သခင်ယေရှု အသေမခံမှီ ဓမ္မဟောင်းအချိန်ကာလက ဘုရား၏လူမျိုးတော်ဖြစ်သော အစ္စရေးအမျိုးသားတို့သည် နှစ်စဉ် ဘုရားသတ်မှတ်ထားသောနေရာ၌ သတ်မှတ်ထားသော
ယဇ်ကောင်ဖြင့် အပြစ်ဖြေခြင်းကို ပြုလုပ်ရသည်။ တိရစ္ဆာန်အသွေးကို သွန်း၍ ယဇ်ပူဇော်ရသည်။ ယဇ်ပုရောဟိတ်က သာလျှင် ထိုယဇ်ပူဇော်ခြင်းအမှုကို ပြုရသည်။ အသွေးမပါဘဲ အပြစ်လွတ်ခြင်း
မရှိ။ ယခင်က အရိပ်အဖြစ်ပြုခဲ့သော ထိုအမှုသည် ယခု၌ ယေရှုခရစ်တော် လက်ဝါးကပ်တိုင်ပေါ်မှာ အသေခံခြင်း၊ အသွေးသွန်းခြင်းဖြင့် မိတ်ဆွေနှင့် ကျွန်ုပ်တို့ အပြစ်ရှိသမျှကို ဖြေရှင်းခဲ့ပါသည်။ ``ဘုရားသခင်၏သားတော် ယေရှုခရစ်၏ အသွေးတော်သည် ငါတို့ အပြစ်ရှိသမျှကို ဆေးကြောတော်မူ၏။´´(၁ ယော၊ ၁း၇) မိတ်ဆွေ၏ အပြစ်များကို ယေရှုခရစ် အသွေးတော်နှင့်ဆေးကြောသန့်စင်ပြီးဖြစ်သည်။

ယေရှုခရစ်သည် မိတ်ဆွေ၏ အပြစ်အလုံးစုံကိုယူတင်လျက် လက်ဝါးကပ်တိုင်ပေါ် အသေခံ ခဲ့သော
သူ ဖြစ်သည်။ ဟေရှာ၊ ၅၃း ၆၌ “ထာဝရဘုရားသည် ခပ်သိမ်းသော ငါတို့၏ အပြစ်များကို ခရစ်တော်
အပေါ်၌ တင်တော်မူ၏” ဟုဆိုထားသည်။ မိတ်ဆွေ၏အပြစ်အလုံးစုံကိုယေရှု ယူဆောင်သွားပြီ ဖြစ်၍ မိတ်ဆွေ၌ အပြစ်မရှိတော့ပါ။ မိတ်ဆွေသည် ဘုရားလုပ်ဆောင်ချက်ကို ယုံကြည်နာခံရန်သာ ရှိပေ
သည်။

ယေရှုသည် လက်ဝါးကပ်တိုင်ပေါ်၌ အသေခံပြီး သင်္ဂြံလ်ခြင်းခံရကာ သုံးရက်မြောက်သောနေ့၌
သေခြင်းမှ ထမြောက်ခဲ့သည်။ မိမိသည် သေခြင်းမှ ထမြောက်ကြောင်း သူ၏ တပည့်တော်များထံ ထင်ရှားပြခဲ့သည်။ ထိုနောက်ကောင်းကင်ဘုံသို့ ပြန်လည်တက်ကြွခဲ့သည်။ ကောင်းကင်ဘုံ၌ ကျွန်ုပ်တို့နေထိုင်ရန် ပြင်ဆင်တော်မူလျက်ရှိသည်။ မကြာမီအချိန်၌ ကမ္ဘာပေါ်သို့ပြန်လည် ကြွလာ
ဦးမည်။ လူသားအပေါင်းတို့ကို တရားစီရင်မည်။

ချစ်သောအဆွေ ထိုအရှင်ယေရှုအကြောင်းကို မိတ်ဆွေသိရုံနှင့်မပြီးသေးပါ။ ထိုအရှင်ကို
မိတ်ဆွေ၏ ကယ်တင်ရှင်အဖြစ် သိမှတ်ဝန်ခံဖို့လိုသည်။ ထိုအရှင်ယေရှုသည် မိတ်ဆွေ၏
ယခုဘ၀နှင့် တမလွန် ဘ၀အတွက် အာမခံချက်ပေးပိုင်သောအရှင်အဖြစ် ယခုပင်လက်ခံနိုင်
ပေသည်။ အောက်ပါ ဆုတောင်းချက်ဖြင့် ယုံကြည်စွာ ဆုတောင်းကြည့်ပါ။

အရှင်ယေရှုဘုရား- ကျွန်တော်/ကျွန်မသည် အပြစ်သားဖြစ်ပါသည်။ ကိုယ်တော်ရှေ့မှာ
ညစ်ညူးသောသူ ဖြစ်ပါသည်။ ကိုယ်တော်သည် ကျွန်တော်/ကျွန်မကိုချစ်၍ အပြစ်အဖိုးအခကို လက်ဝါးကပ်တိုင်၌ ပေးဆပ်လျက် အသေခံခဲ့ခြင်းဖြင့် အပြစ်များကို ယူတင်သွားသည့်အတွက် ကျေးဇူးတင်ပါသည်။ အသွေးတော်ဖြင့် အပြစ်ရှိသမျှကို ဆေးကြောသန့်ရှင်းစေသည့်အတွက် ကျေးဇူးတင်ပါသည်။ အရှင်ယေရှုခရစ်တော်ကို ကျွန်တော်/ကျွန်မ၏ အပြစ်မှ ကယ်တင်သော
အရှင်အဖြစ် ယုံကြည်ပါသည်။ (အာမင်)


Sunday, June 5, 2011

ကျိန်ခြင်းနှင့် ကောင်းကြီးပေးခြင်း

ဆိုး - ညစဉ်ခွန်အား

ကောင်းကင်ဘုံကို တိုင်တည်၍ မကျိန်ကြနှင့်၊ မြေကြီးကိုတိုင်တည်၍ မကျိန်ကြနှင့်။ ထိုမှတပါး ဘယ်အကျိန်မျှ 

မကျိန်ကြနှင့်။ (ရှင်ယာကုပ်သြ၀ါဒစာ ၅း၁၂)

တကယ်တော့ ကျွန်တော့မှာ အထင်ကရ ပြောစရာအရည်အချင်းကောင်း တစ်ခုမျှ မရှိခဲ့ပါဘူး ဟု ပြောရမှာပါ။ 

ငယ်စဉ်က စာမတော်လို့ ဆုလည်းမရဘူးပါ။ အားကစားမှာလည်း ဘိတ်ချေးဖြစ်ပါတယ်။ ဆယ်တန်းတောင် 
အောင်ပါ့မလား ဟု အောက်မေ့ကြပါ၏။ အရပ်ပုလွန်းသဖြင့်၊ မျက်စိလည်း မကောင်းတာမို့ ဘယ်သူမှလည်း 
မလေးစားခဲ့ပါ။ သို့သော် တစ်နေ့မှာ တိုင်းအဆင့် စာစီစာကုံး ပြိုင်ပွဲမှ တတိယဆုရပါသည်။ ၀င်ပြိုင်သူလည်း 
သုံးယောက်တည်းပါ။အဲဒါကို မသိသော  ဘကြီး ဦးထွန်းရွှေက အထင်တကြီးနှင့် ဒီကောင် ဘယ်နေရာမှ သုံးစားမ
ရပေမဲ့ စာပေဖက်မှာတော့ လောက်လောက်လားလား ဆုတွေရတယ်။ ထွန်းကားမယ့်အကောင် ဟု ချီးကျူးပါသည်။ 
သတင်းစာထဲမှာ ပါသော ကျွန်တော့ ဓါတ်ပုံကို စိုက်ကြည့်ရင်း၊ ငါတို့အမျိုးထဲမှ သတင်းစာထဲတောင် ပါတယ်ဆိုတော့ 
အားပေးရမယ် ဟု ဆိုပြီး အမျိုးတွေဆီ ငွေလိုက်စုကာ၊ တစ်ဆယ်ကျပ်တိတိ ဆုချခဲ့ပါသည်။ ဘကြီး၏ ကောင်းကြီး
ပေးခြင်းကို ခံရလျှင် အားတက်၍ ဖိပြီး စာရေးရာ၊ နောင် ငါးနှစ်မှာ ကျွန်တော် ၀တ္တုရေးသူ ဖြစ်လာပါသည်။

သားသမီးများကို အားပေးရာမှာ၊ ကောင်းကြီးပေးရမှာ ဖြစ်ပါသည်။ တစ်ခါတစ်လေ စိတ်ဆိုးဆိုးနှင့် ကလေးများကို 

အလကား အသုံးကျမှာ မဟုတ်ဘူး၊ ကောင်းစားမှာမဟုတ်ဘူ။ .. ဟုပြောလျှင်၊ ကျိန်ဆိုသကဲ့သို့ ဖြစ်တတ်၍ ဆင်ခြင်
ရမှာပါ။ အစ္စရေးပြည် အလည်ရောက်သူများက ဂိလေဗောတောင်ကို သွားကြည့်ပါသည်။ အင်မတန် စိုက်ပျိုးရေး 
တော်သော အစ္စရေး လူမျိုးတွေ ဘယ်လိုပဲ ကြိုးစားပါစေ၊ စိမ်းလန်းလာခြင်း မရီသော ပကတိ တောင်ကတုံးများ ဖြစ်ပါ
သည်။ နောက်ဆုံးတော့ အစိုးရကတောင် လက်လျှော့ထားပါသည်။ အဘယ့်ကြောင့် ဖြစ်ရပါသနည်း၊ တစ်ခါတုံးက 
ကျိန်ဆိုခြင်း ခံရ၍ ဖြစ်ပါသည်။ အို .. ဂိလဗောတောင်တို့ .. သင်တို့အပေါ်မှာ နှင်းမကျစေနှင့်၊ မိုယ်းမရွာစေနှင့်၊ 
ပူဇော်ရာ အသီးကိုသီးသော လယ်ကွက်မရှိစေနှင့် (၂ရာ၁း၂၁) ဟု ကျမ်းစာလာပါသည်။ ထိုကျိန်စာအတိုင်း 
ယနေ့ထက်တိုင်အောင် နည်းပညာအသစ်တွေနှင့် ဘယ်လိုပဲ ပြုပြင်ပါစေ၊ ဂိလေဗောတောင်တို့က စိမ်းလန်းစိုပြေဖို့ရန် 
မိမိကိုယ်ကို ကျိန်ဆိုခဲ့သော မိခင် ရေဗက္ကာသည် တကယ်ပဲ သား၊ ယာကုပ်ကို ချစ်ခင် တမ်းတလွမ်းရသော်လည်း 
တဖန်ပြန်၍ မတွေ့ခဲ့ရတော့ပါ။

ကျိန်ဆိုခြင်းကို မပြုကြပါနှင့်။ ကောင်းကြီးပေးခြင်းကိုသာ ပြုကြရအောင်။ စိတ်ရှည်နိုင်အောာင် ပင်ပမ်းခဲ့သည်တိုင် 

သားသမီး၊ အိမ်သူ၊ အိမ်သားတို့ အကျိုးအတွက် မကျိန်ဆိုပဲ နေကြရအောင်။

Tuesday, May 17, 2011

ဆုတောင်းခြင်းသည်အောင်မြင်ခြင်း၏လမ်းစဖြစ်သည်။


odu©mawmf&q&mOD;*dk&Sif;armif
(tuWefyf\yXemonfrD;&IdUaomeHUomaygif;uJUodkU4if;?vufudkcsDjcif;onfnOD;,HylaZmf
ouúmuJUodkU4if;?a&SUawmfüjyifqifvsuf&Sdygapaom/ 
qmvHusrf; 141;2 )

        bk&m;ociftoHk;jyKaomvlwpfa,mufoifjzpfvdkygovm;?þar;cGef;\tajzonfvG,fr
vdkvdkESifUajzzdkU&efcufcJaomar;cGef;jzpfavonf/bk&m;ociftoHk;jyKaomolxuftoHk;
awmfcHEdkifaomol[kqdkvQifydkjyD;rSefygvdrfUrnf[kxifrdygonf/
        ,aeUvlom;rsm;\toufwmwGifatmifjrifrIudkvlom;wdkif;qmiwfawmifUwMuonf/
ausmif;wufaomausmif;ol?om;rsm;uESpfpOfESpfwdkif;ausmif;pmar;yGJudkatmifjrifjcifMu
onf/xdkUtwlpD;yGm;a&;vkyfaomvkyfief;&Sifrsm;onfvnf;vpOfvwdkif;olwdkU\tjrwfudk
wGufcsufaeMuonf/odkUaomfvnf;pmar;yGJatmifpm&if;xGufaomtcgausmif;om;wdkif;
pmar;yGJratmifMuyg/tusdK;tjrwfr&onfUpd;yGm;a&;vkyfief;&Sifrsm;pGmwdkUonfvnf;aeU
pOfqdkovdkqdkifcef;rsm;?&Hk;cef;rsm;ydwfvdkuf&onfudkawGUjrifaeMu&rnfjzpfayonf/
    bk&m;ocif\vlonftb,fodkUaomfoljzpfoenf;[kpOf;pm;p&m&Sdygonf/bk&m;ocif
\EdkifiHawmfudktarGrcH&aomolrsm;twGuf?wenf;tm;jzifUbk&m;ocif\vlr[kwfaom
olrsm;udk*vmwdMo0g'pmapmifxJwGifwrefawmfMuD;&Sifaygvkuazmfjyxm;onfrSm 
]] ZmwdyuwdtusifUwdkUonfxif&Sm;Mu\/xdktusifUwdkUrlum;?olUr,m;udkjypfrSm;jcif;?
rw&m;aomarxkefürSD0Jjcif;?npfnl;pGmusifUjcif;?udavomvGefusL;jcif;?&kyfwkudkudk;uG,f
jcif;?olwpfyg;udkjyKpm;jcif;?&efjidK;zGJUjcif;?&efawGUjcif;?*kPfjydKifjcif;?trsufxGufjcif;?jiif;cHk
jcif;tcsif;csif;uGJjym;jcif;?oif;cGJjcif;?olUtusdK;udkjiLpljcif;?vltoufudkowfjcif;?,pfrsdL;
udkaomufusL;jcif;?yGJvkyfjcif;rSpíxdkodkUaomtusifUaywnf;/xdkodkUaomtusifUudkusifU
aomolwdkUonfbk&m;ocif\EdkifiHawmfudktarGrcH&Mu[ktxufuigajymESifUcJUjyD;
onfUtwdkif;,ckyifvnf;igajymESifU\}} (*vmwd 5;19-22)/
        vlom;wdkif;wGifrdrdwdkUudk;uG,f&m,HkMunfrIrsm;&SdMuonf/xdkbmomw&m;wdkif;wGifvnf;
r&Sdrjzpfaomt&monfqkawmif;jcif;jzpfonf/urÇmausmfoif;tkyfq&mESifUpma&;q&m
MuD;csufprpf(CHUCK SMITH)uoifatmifjrifxif&Sm;aomolwpfa,mufjzpfvdkvQift&m
tm;vHk;udkqkawmif;jcif;jzifUtpjyKvdkufyg[kwdkufwGef;azmfjyxm;onf/wpfcgutar&d
uefvlrsdL;omoemjyKq&mwpfOD;onfuWefawmftrIawmfaqmifaeaomtoif;awmfodkU
a&mufvmumtoif;awmf\aemufcHordkif;ESifUtpjyKyHkrsm;udkar;jref;ygonf/uWefawmf
vnf;aemufcHordkif;ESifU,aeUtoif;awmfrSaqmif&GufaeaomtrIawmfvkyfief;rsm;udk
&Sif;jyjyD;aemufqHk;üoluar;cGef;wpfckar;ygonf/
þrQwdkawmif;vSaomtcsdefumvwGifrsm;pGmaomomoemUvkyfief;rsm;udkvkyf
aqmifEDkifcJUonf/oifb,fusrf;pmausmif;xGufvJ[kuWefawmfudkar;cJUygonf/ol\ar;
cGef;udkuWefawmftajzay;cJUonf/odkUaomfvnf;þt&mrsm;onfb,fausmif;xGufonf
qdkonfUar;cGef;ESifUroufqdkifay/uWefawmfut&mtm;vHk;udkbk&m;ocifESifUqkawmif;
jcif;tm;jzifUomvQiftpjyKjcif;omvQifjzpfaMumif;rdrd\ynmwpfckrSrygaMumif;bk&m;
ocifxHqkawmif;ítyfESHumvdktyfaomt&mrsm;udkbk&m;rStcsdefrSDjyifqifay;aMumif;
udkolUtm;&Sif;jycJYygonf/
        a&mrMo0g'pmapmifxJwGifwrefawmfMuD;&Sifaygvku]]ajrmfvifUvQuf0rf;ajrmufMuavmU/
qif;&J'ku©a&mufaomtcgonf;cHMuavmU/qkawmif;yXemjyKjcif;trIudktjrJjyKMuavmU}} 
(a&mr12;12)[kwdkufwGef;xm;onf/uWefawmftrIawmfaqmifaomae&mwGiftrsdK;rsdL;
aomtcufcJrsm;ESifUMuHKawGUae&onfUtMudrfaygif;onfrenf;vSay/wpfcgwpfavwGif
ausmif;uav;rsm;pm;zdkU&efqefr&SdonfUtcsefvnf;&SdcJUonf/rD;c?a&c?tdrfXm;cay;&ef
ponfUjyomemrsm;onfyiftxl;tqef;r[kwfay/wpfcgwpf&0efxrf;rsm;tm;ay;&efv
pmr&SdonfUtcsdefvnf;rsm;pGm&SdcJUonf/odkUaomfvnf;xdkodkUaomftcsdeftcgrsm;wGifvludk
udk;pm;jcif;xufbk&m;xHqkawmif;jcif;trIudkuWefawmfwdkUjyKcJUonf/rsuf&nfusvQufqk
awmif;aomuWefawmfwdkU\qkawmif;jcif;ESifUuav;rsm;\qkawmif;oHudkbk&m;onf
tcsdefrSDjyifqifay;cJUonf/
        uWefawmfwdkUtrIawmfaqmifaeaomaus;Zl;awmfomoemonfaiGtm;jzifUtvkyf
vkyfaomtzGJUr[kwfay/,HkMunfjcif;udktajccHíqkawmif;jcif;tm;jzifUtrIawmfaqmif
aomomoemjyKtzGJUjzpfygonf/,aeUaus;Zl;awmfomoem\&nfrSef;csufyef;wdkifonf
toif;awmfr&Sdao;onfUae&mrsm;wGiftoif;awmfopfrsm;wnfaxmif&efjzpfonf/
,cktcsdefxdtoif;awmftyg;(30)ausmfudkwnfaxmifEdkfifcJUjyD;jzpfonf/þodkUvkyfaqmif
jcif;rsm;onfaiG&Sdívkyfaqmifaejcif;r[kwfyg/,HkMunfjcif;udktajccHíqkawmif;jcif;
tm;jzifUomvkyfaqmifaejcif;omvQifjzpfonf/
        ,aeUuWefawmfwdkUc&pf,mefrsm;onfqkawmif;jcif;ESifUywfoufírsm;pGmtm;enf;ae
ao;onfudkawGU&onf/or®musrf;pmxJwGifom"ursm;pGm&Sdayonf/(wrefawmf 3;1)
wGif]]xdktcgyXemjyK&aomoHk;csufwD;tcsdefüayw&kESifUa,m[efwdkUonfAdrmefawmfodkU
wufMuonf&Sdaomf}}/bk&m;udkcspfaomolrsm;onfbk&m;ESifUapmapmpum;ajymzdkU&efvdk
onfudkayw&kESifUa,m[efom"utm;jzifU,aeUc&pf,mefrsm;udkrD;armif;xdk;jyxm;
onf/&SifaygvkuoufomavmedwfrSm&Sdaomc&pf,mef,HkMunfolrsm;udk]]rjcm;rvyf
qkawmif;yXemjyKMuavmU}}[kwdkufwGef;azmfjyxm;onf/
        qkawmif;jcif;ESifUywfoufít"duusaomtcsuf(5)csuf&Sdygonf/4if;wdkUrSmtjyef
tvSefqufqHrI?0wfjyKudk;uG,fjcif;?0efcsawmif;yefjcif;?toem;cHjcif;?awmif;qdkjcif;wdkU
jzpfMuonf/,aeUuWefyfwdkUqkawmif;onfUtcgwdkif;þtcsufrsm;udkowdjyKrd&efvdktyf
ayonf/

(1)tjyeftvSefqufqHrI ( Relationship )
        qkawmif;jcif;wGift"duusaomtcsufrSmbk&m;ocifESifUvlom;rsm;tMum;tjyeftvSef
qufqHrIyifjzpfonf/udk,fawmfoifay;aomyXemawmfqkawmif;jcif;wGif 
 ]]aumif;uifbHkü&SdawmfrlaomfuWefyfwdkYtz}}[kyg&Sdygonf/þodkUqkawmif;jcif;
onftzESifUom;tMum;tjyeftvSefqufqHrIudkazmfjyaejcif;yifjzpfonfxdktcsufudk
c&pfawmfbk&m;udk,fawmfwdkifoifay;awmfrljcif;jzpfonf/ om;utazxHwGifvdkaom
t&mrsm;udk&if;&if;ESD;ESD;jzifUawmif;avQmufaejcif;oabmrsdL;jzpfonf/

(2) 0wfjyKudk;uG,fjcif; ( Worship )
        tjcm;ta&;MuD;aomtcsufwpfckrSm0wfjyKudk;uG,fjcif;jzpfonf/qkawmif;jcif;onft
ouf&Sifawmfrlaomfxm0&bk&m;ocifudkudk;uG,f0wfjyKjcif;yifjzpfonf/xdkt&Sifonf
t&mtm;vHk;udkzefqif;ydkifoawmfrlaombk&m;jzpfonf/ ayw&kESifUa,m[efwdkUqk
awmif;jcif;tpjyKyHkudkavUvmygu]]tpdk;&awmfrlaomt&Sif?udk,fawmfonfaumif;uif?
ajrMuD;?ork'´&mrSpíxdkt&yfwdkUü&SdorQwdkUudkzefqif;awmfrlaombk&m;ocifjzpfawmfrl
\}}(wrefawmf4;24)[ktpjyKazmfjyxm;onf/vdktyfaomqkrsm;udkrawmif;avQmufrSD
touf&Sifawmfrlaombk&m;ocifESifU0wfjyKudk;uG,frIudktpjyKxm;onfudkawGU&Sd
&ayonf/
        xdkUaMumifUqkawmif;jcif;tm;jzifUuWefyfwdkUonftouf&Sifawmfrlaombk&m;udkudk;uG,f
0wfjyKjcif;jzpfonfudkowdxm;&ayrnf/,aeUc&pf,mef,HkMunfolrsm;onfqkawmif;jcif;
udktouf&Sifawmfrlaombk&m;ociftm;0wfjyKudk;uG,fjcif;r[kwfbJrdrdwdkU\vdktyfaom
t&mrsm;udkawmif;qdkíay;ydkifawmfrlaomarSmfq&mvdkoabmxm;aeonfudkawGUae&
onf/wpfcgwpf&Hc&pf,mefrsm;onf'ku©a&mufrSqkawmif;aomolrsm;pGmudkvnf;ywf0ef;
usifwGifawGUae&onf/em;vnf&efrSmbk&m;ocifonfvdktyfaomt&mrsm;udkawmif;
vQifay;ydkifawmfrlaomarSmfq&mr[kwfay;/
        c&pfawmfbk&m;udk,fawmfwdkifu&Sifa,m[efc&pf0ifxJwGif]]udk;uG,faomolrSeforQwdkU
onfcrnf;awmfudkeH0dnmOfESifU4if;?opömw&m;ESifU4if;?udk;uG,f&rnfUtcsdefumvonf
vmí,ckyifa&mufvQuf&Sd\taMumif;rlum;?xdkodkUudk;uG,faomolwdkUudkcrnf;awmf
onftvdk&Sdawmfrl\/ }}(a,m4;23) [kazmfjyxm;onf/

(3) 0efcsawmif;yefjcif; ( Confession )
        ]]olwpfyg;onftuWefyfwdkUudkjypfrSm;aomtjypfrsm;udktuWefyfwdkUonfvGwfouJUodkU
tuWefyfwdkU\tjypfrsm;udkvGwfawmfrlyg}(&SifróJ6;12) c&pfawmfonfavmuom;rsm;
\tjypftwGuftaocHcJUjyD;jzpfonfxdktwGufaMumifU twdwf?ypöKyÜef?tem*wfumv
twGufavmuvlom;rsm;onfxm0&u,fwifjcif;qkaus;Zl;awmfudk&&Sdrnfjzpfonf/
        ]]udk,ftjypfwdkUudkabmfjyawmif;yefvQif?igwdkUtjypfrsm;udkvGwfí'kp&dkuf&SdorQESifUuif;
pifapjcif;Xgbk&m;ocifonfopömw&m;ESifU4if;?ajzmifUrwfjcif;w&m;ESifU4if;jynfUpHkawmf
rl\/}}(1a,m1;9) xm0&t&Sifbk&m;ocifonft&mtm;vHk;udkodaomnmOfESifUjynfUpHk
awmfrlaombk&m;jzpfonf/uWefyfwdkU\vGefusL;aomtjypfrsm;udkvnf;rawmif;yefcifu
yifodawmfrlaombk&m;jzpfonf/odkUaomfvnf;bk&m;ocifonfuWefyfwdkU\EIwfrSawmif;
yefoHudkvdkcsifaombk&m;jzpfonf/or®musrf;pmxJwGif'g0dwfrif;MuD;onftjypf'kp&dkufudk
cPcPjyKaomoljzpfonf/odkUaomfvnf;bk&m;ocif\cGifUvGwfjcif;udktjrJ&&Sdaomol
jzpfonf/taMumif;rSmol\trSm;udktjrJwrf;EIwfrS0efcsawmif;yefaomaMumifUjzpfonf/
,aeUrsufarSmufawmfwGifrsm;pGmaomvlwdkUonfrdrdwdkU\tjypfrsm;udk0efcsawmif;yefzdkU
&eftwGuf0efav;aeMuonf/txl;ojzifUacgif;aqmifvkyfaeaomolrsm;onfydkíyif0ef
av;aewwfMuonf/
        xdkUaMumifUqkawmif;jcif;0wfudktjrJjyKonfUtcgwGifrdrdwdkU\tjypfrsm;udkbk&m;ocif
\a&SUawmfarSmufwGif0efcsawmif;yef&efvdktyfonf/bk&m;ocifonfuWefyfwdkU\EIwfrS
awmif;yefoHudkMum;jcifaombk&m;jzpfonf/

(4) toem;cHjcif; ( Petition )
        &efukefwuúodkvf?ta0;oifXmecGJwGifynmqnf;yl;pOfuaemufqHk;ESpfpmar;yGJajzcgeD;
cHkeHygwfrsm;xGufvmaomtcguWefawmfemrnfygrvmyg/aemufqHk;wGifausmif;om;a&;&m
XmewGifoGm;a&mufpHkprf;&mausmif;vcay;oGif;&efaiGusefao;aMumif;?tcsdefrSDpmar;yGJ
ajzqdkvdkygutoem;cHpmwifí&aMumif;udkajymqdkvmygonf/aemufqHk;wGiftoem;cH
pma&;oGif;jyD;usefaeao;aomausmif;vcrsm;udkay;oGif;umaemufqHk;ESpfpmar;yGJudk
0ifcGifU&onfomrur[m0dZÆmwef;udkyifwufcGifU&cJUonf/uWefawmf\b0wGifyxr
OD;qHk;aomtoem;cHpmwifoGif;&jcif;jzpfonf/þodkUwifoGif;&mwGifrdrd\vdktyfaom
taMumif;t&mrsm;ESifUtcuftcJrsm;udka&;om;&onf/
        xdkenf;wlpGmyifbk&m;ocifxHwGifqkawmif;jcif;onfrdrd\vdktyfaomtcuftcJrsm;
udktoem;cHpma&;oGif;&jcif;yifjzpfonf/Oyrmtm;jzifUc&pfawmfa,&Ibk&m;udk,fawmf
wdkifuWefyfwdkUtm;oifay;aomt&mrSm ]]toufarG;avmufaomtpmudktuWefyfwdkUtm;
,aeUay;oem;awmfrlyg }}(róJ6;10) [kyXmemawmfqkawmif;csufwGifazmfjyxm;
onf/þodkUtoem;cHcJUjyD;ygubk&m;ocifonfol\cspfjcif;arwÅmawmfudk
oGef;avmif;rnfjzpfayonf/

(5) awmif;qdkjcif; ( Intercession )
       awmif;qdkjcif;(odkU)awmif;cHjcif;onfwpfpHkwpfOD;xHrStjcm;aomfwpfa,muf
uwpfpHkwpfckudk&,lEdkif&efawmif;qdk&,ljcif;jzpfonf/jrefrmtbd"mefxJwGifawmif; 
qdkonfrSmwpfpHkwpf&mjyKvkyfay;&efarwÅm&yfcHjcif;jzpfonf[kazmfjyxm;onf/ 
ocifc&pfawmfu]]oifwdkUonfig\emrudktrSDjyKíwpfpHkwpfckaomqkudkawmif;vQif
awmif;onftwdkif;igjyKrnf/}}(a,m14;14)'gaMumifUc&pf,mef,HkMunfolrsm;t
wGufqkawmif;jcif;onfrdrdwdkUvdktyfaomt&mrsm;udkt&mcyfodrf;udkydkifoawmfrl
aombk&m;xHawmfyg;rSqkyef&,ljcif;jzpfonf/
        ,aeUc&pf,mefrsm;onfqkawmif;aeMuonf/tajz&aomfqkawmif;csufrsm;pGmudkvnf;
oufaocHcsufrsm;Mum;emjcif;tm;jzifUodEdkifonf/tcsdLUvnf;nnf;oHrsm;Mum;ae&onf?
qkawmif;wmMumjyD&vnf;r&bl;pojzifUtrsdL;rsdL;aomtoHrsm;udkuWefyfwdkUywf0ef;usif
wGifMum;ae&onf/'gaMumifUvlwdkif;qkawmif;aeMuonfrSefygonfodkUaomfvnf;
txufazmfjyygtqifUrsm;ESifUudkufnDygovm;qkdonfudkjyefvnfqef;ppf&if;qkawmif;
jcif;tm;jzifUbk&m;ocif\tvdkawmfESifUtnDtouf&SifEdkifaombk&m;ocif\vlrsm;
jzpfEdkifygap&efEdI;aqmftyfygonf/