Saturday, February 25, 2012

တန်ခိုးနိမိတ်၊ပျောက်စေ၊ပရောဖက်ပြုခြင်းများအလွန်အားမကိုးရန်

ယုံကြည်ခြင်း၌ယုံကြည်ခြင်းမှ ခရစ်တော်၌ ယုံကြည်ခြင်းသို့

မာခ်ဟာဗီးလ်(Mark Haville) ပြောပြချက်ဖြစ်သည်။ မာခ်သည် Pentecostal/Charismatic အသင်းတော်ထဲသို့ ပါဝင်ပြီးနောက် ကဲနက်ကုပ်ပလင်(Kenneth CopeLand) ကဲ့သို့သော ဆရာများထံမှ " ယုံကြည်ခြင်းနူတ်ထွက်စကား" (Word-Faith) သင်ကြားမှု၏ လွှမ်းမိုးမှု အောက်သို့ ရောက်သွားခဲ့သည်။ သို့ပါသော်လည်း မာခ်သည် ထိုနည်းအတိုင်းဆက်၍ မနေခဲ့ပါချေ .....
 

အသက် ၂၅ သာရှိသေးသော မာခ်သည် တိုင်းပြည်အနှံ့ တနေရာမှ တနေရာသို့ ခရီးသွားလာနေခဲ့ပြီး သူလုပ်ဆောင်နိုင်သော " နိမိတ်လက္ခဏာ" များကြောင့် ၀င်ငွေအမြောက်အမြား ရရှိခဲ့သောသူ ဖြစ်သည်။ ထူးခြားစွာပင် မာခ်သည် "ယုံကြည်မှုနူတ်ထွက်စကား" သင်ကြားသူ ဆရာအဖြစ် လုပ်ဆောင်ခဲ့မှုများ၊ ယုံကြည်မှုများကို စွန့်ပစ်ကြောင်း ကြေငြာခဲ့ပြီး၊ ယခုခေတ် နိမိတ်လက္ခဏာပြပွဲ လှုပ်ရှားမှုကြီး၏ အကျင့်များ၊ ယုံကြည်ချက်များကို ရဲရဲဝင့်ဝင့် ဆန့်ကျင်နေပြီ ဖြစ်ပါသည်။

(အောက်ပါတို့သည် မာခ်ကို ပီတာဂလိုဗာ (Peter Glover) မှ အမေးအဖြေပြုထားခြင်း ဖြစ်သည်။)


ပီတာ ။ ။ "ယုံကြည်ခြင်းနူတ်ထွက်စကား" (Word Faith) သင်ကြားမှုထဲကို ဘယ်လိုလုပ်ပြီး စတင်ဝင်ရောက်လာပါသလဲ။


မာခ်။ ။ လန်ဒန်မြို့မြောက်ဖက်မှာ ရှိတဲ့ ကျွန်တော့်အသင်းတော်မှာ အသင်းသားတိုင်းလိုလို ကိုင်ဆောင်လေ့ရှိတဲ့ Kenneth Copeland ရဲ့ တိပ်ခွေနဲ့ စာအုပ်တွေ ကို ကျွန်တော်ရပါတယ်။ ကျွန်တော့်ရဲ့ ကိုယ်တွေ့ဖြစ်ရပ်တွေဟာ ကျွန်တော့်ရဲ့ ယုံကြည်ချက် မှန်တယ် ဆိုတာကို ထောက်ခံ မယ်ဆိုတာကို ကျွန်တော် ယုံကြည်ခဲ့ပါတယ်။ ကျွန်တော် တွေ့ကြုံခဲ့ရတဲ့ အဖြစ်တွေဟာလည်း အမှန်တကယ် ဖြစ်နေတယ်လို့ ကျွန်တော်စိတ်ထဲထင်ခဲ့ပါတယ်။ ပါဝင်နေတဲ့ အသင်းသားအရေအတွက်၊ ထုတ်ဝေတဲ့ မီဒီယာ စာဆောင်များက အကျိုးအမြတ်၊

အထွေတွေ အောင်မြင်မှုများကြောင့် ကျွန်တော် အထင်လည်း ကြီးမိပါတယ်။ " ကြီးမားကြီးကျယ်နေရခြင်းဟာ အကောင်းဆုံးဖြစ်လို့ပဲ" လို့ ကျွန်တော့်စိတ်ထဲမှာ ထင်မိခဲ့ပါတယ်။

ပီတာ။ ။ Word of Faith သင်ကြားမှုမှာ ခင်ဗျားအတွက် ဘယ်အချက်က အဆွဲဆောင်ဆုံး ဖြစ်တယ်လို့ ထင်ပါသလဲ။


မာခ်။ ။ ဒီ Word Of Faith လှုပ်ရှားမှုကြီးက ကျွန်တော့်ကို တန်ခိုးပါဝါကို ပေးပါတယ်။ ဒီလိုတန်ခိုးပါဝါ ရှိနေတာဟာ ဘုရားတကယ်ရှိခြင်းရဲ့ သက်သေပဲလို့လည်း ခံယူခဲ့ပါတယ်။ ဒီလှုပ်ရှားမှုကြီးက ကျွန်တော်ရဲ့ တရားဟောခြင်းနဲ့ နိမိတ် ပြခြင်းများကို ထောက်ခံနေပါတယ်။
ဗီဒီယိုခွေတွေ၊ အသံတိပ်ခွေတွေ၊ စာအုပ်စာပေတွေ ကျွန်တော်အများကြီး ရပါတယ်။ ကျွန်တော်ရတဲ့ အရာတွေအားလုံးဟာ အောင်မြင်နေတယ်၊ တောက်ပြောင်နေတယ် လို့ ခံစားရပါတယ်။

ပီတာ။ ။ ခုနကပြောတဲ့ (ဗီဒီယိုခွေ၊ အသံတိပ်ခွေ၊ စာအုပ်) တွေထဲမှာ မြင်ရတဲ့ အရာတွေကို ဘယ်လိုလုပ်ပြီး အသုံးချခဲ့ပါသလဲ။


မာခ်။ ။ အခြေခံအားဖြင့်တော့ ကျွန်တော် ပုံတူကူးပြီး လိုက်လုပ်တာပါပဲ။  Copeland, Cerullo, Benny Hinn တို့လို တရားဟော ဆရာတွေနဲ့ အခြားသူတွေ လုပ်တဲ့ အရာတွေကို တဖြည်းဖြည်းနဲ့ ကျွန်တော် တတ်လာပါတယ်။ ဒီဆရာများဟာ နူတ်ဖြင့်ကြောင်းပေးခြင်း

အစွမ်း(Power of Suggestion)ကို  ရိုးရိုးလေး အသုံးချပြီး နားထောင်နေတဲ့ ပရိသတ်နဲ့ လူတွေကို ထိန်းချုပ်ထားခြင်း ဖြစ်ပါတယ်။

( ပီတာ။ ။ မာခ်ကိုယ်တိုင်လုပ်ခဲ့တဲ့ Leeds  မိသဟာရမှာ ကျင်းပခဲ့တဲ့ လူထုအစည်းအဝေး တခုရဲ့ ဗီဒီယို ကို ကျွန်တော့်ကို ပြပါတယ်။ ပြပွဲတွေမှာ ပြုလုပ်တဲ့ ပရိသတ်ကို ဆွဲဆောင်ကိုင်တွယ်မှု အဆင့်ဆင့်ကို  မာခ်ကနေ ရှင်းပြပါတယ်။

စိတ်ပြေလျော့သွားစေမယ့် သီချင်းများ (၀ိညာဉ်ကို အာရုံပြုစေသည့် သီချင်းများ) ကို အချိန်ကြာမြင့်စွာ ဆိုအပြီးမှာတော့၊ မာခ်ဟာ လူတချို့ကို သူအလိုရှိတဲ့အတိုင်း တွန်းလှဲနိုင်တာကို ကျွန်တော်တွေ့ရပါတယ်။ တွန်းလှဲခံရသူများဟာ ကြမ်းပြင်မှာ အချိန်အကြာကြီးဆက်လက် လဲလျောင်းနေပါတယ်။ ဒိလိုလုပ်တာကို ၀ိညာဉ်တော်အားဖြင့် လှဲခြင်း (Slaying in the spirit) လို့ ခေါ်ပါတယ်။

ပီတာ။ ။ ဒါဆို ခင်ဗျားဆိုလိုတာက အိပ်မွှေ့ချ၊ နူတ်နဲ့ကြောင်းပြီးလုပ်နိုင်တဲ့ အခြေအနေမျိုးကို ရောက်အောင် ဖန်တီးယူတယ်လို့ ဆိုတာလား။


မာခ်။ ။ အဟုတ်ပေါ့ဗျာ။ အသုံးချတဲ့နည်းတွေကတော့ အိပ်မွှေ့ချပညာရှင်များ သုံးတဲ့နည်းတွေနဲ့ ဘာမှ မကွာပါဘူး။

တစ်အချက်က - ဒိလိုမျိုး လူထူအစည်းအပွဲတွေကို လာတဲ့ လူတွေဟာ သူတို့စိတ်ထဲမှာ မျှော်လင့်ချက်က မြင့်မားနေတယ်။ ဘုရားဆီကလာတဲ့ အရာဖြစ်ပါစေပေါ့။ 
နှစ်အချက်က - မှန်ကန်တဲ့ အခြေအနေမျိုးရောက်အောင် ဖန်တီးဖို့လိုတယ်။ သီချင်းအမျိုးအစားတချို့ကို အချိန်အကြာကြီး ဆိုခိုင်းတယ်။ ဒါမှလည်း ပရိသတ်က စိတ်တွေ ပြေလျော့သွားပြီး နွေးထွေးသွားမယ်။

ပီတာ။ ။ ဘယ်လို ကိုးကွယ် ချီးမွမ်းခြင်း သီချင်းမျိုးလဲ။


မာခ်။ ။ သန့်ရှင်းသော ၀ိညာဉ်တော်ကို အသားပေးတဲ့ သီချင်းစာသား တွေကို အသုံးပြုဖို့ ပိုပြီး အရေးကြီးတယ်။ ဒါမှလည်း စိတ်ကူးယာဉ် ဆန်ဆန် အခြေအနေမျိုး ရောက်အောင် ဖန်တီးနိုင်တယ်။ ခရစ်ယာန်၊ ကျမ်းစာဆိုင်ရာ အယူဝါဒပါတဲ့ သီချင်းတွေက ပရိသတ်တွေအတွက် အလုပ်မဖြစ်ဘူး။ ဒီလို သီချင်းအကြာကြီး ဆိုခြင်းရဲ့ အကျိုးသက်ရောက်မှုကတော့ လူတွေကို စိတ်နဲ့လွတ်သွားအောင် လုပ်ပြီး ကိုယ်ဖြစ်စေချင်တဲ့ အရာကို နူတ်နဲ့ ကြောင်းပြီး လုပ်နိုင်အောင် လမ်းဖွင့်ပေးလိုက်တာပါပဲ။ လူအများစုက နူတ်နဲ့ ကြောင်းပြီး စေခိုင်းစေနိုင်တဲ့ အစွမ်းကို နားမလည်ကြဘူး။ ကျွန်တော်တခုတော့ ပြောပါရစေ။ ဆရာတွေဟာ ဒါကို သိသိကြီးနဲ့ တမင်လုပ်နေကြတာမဟုတ်ပါဘူး။ ဆရာအတော်များများဟာ ဒိအချက်ကို မတော်တဆ ရှာဖွေတွေ့ရှိသွားကြတာပါ။ တကယ်လက်တွေ့မှာ အလုပ်ဖြစ်တယ်။ ဒါကြောင့် သူတို့တွေ လုပ်ကြတယ်။ ပြီးတော့ အဲဒါကို "သန့်ရှင်းသောဝိညာဉ်တော်" လို့ ခေါ်လိုက်တယ်။


ပီတာ။ ။ ပရိတ်သတ်တိုင်းကို အဲဒီအကျိုးက သက်ရောက်တာပဲလား။


မာခ် ။ ။ မဟုတ်ပါဘူး။ ဒီအရာတွေကို ဘုရားက လုပ်နေတယ်လို့ ခင်ဗျား မယုံရင် ခင်ဗျားလဲကျစရာအကြောင်း မရှိပါဘူး။ ဒါပေမဲ့ ခင်ဗျားသိထားဖို့က ဒီပွဲကို ကျွန်တော် ဦးဆောင်နေတာပါ။ အလွန်တော်တဲ့ အိပ်မွှေ့ချပညာရှင်တယောက်လို၊ ကျွန်တော်လည်း ပရိသတ်ကို အလုပ်လုပ်နေတာပါ။ ဘယ်လူကတော့ဖြင့် ပိုပြီး နူတ်နဲ့ကြောင်း ခိုင်းစေလို့ ရမယ်ဆိုတာကို မေးခွန်းအနည်းငယ်မေးခြင်းအာြး

ဖင့် ကျွန်တော် အတပ်ပြောနိုင်ပါတယ်။ ပြီးတော့ လူတွေအာလုံး စိတ်ဖြေလျော့နေပြီး ဘာမဆိုလက်ခံတော့မဲ့ အခြေအနေ ရောက်ရင်၊ အရှေ့ဘက်ကို ထွက်လာဖို့ ကျွန်တော် ခေါ်ပါတယ်။ ခင်ဗျား သိထားဖို့က ရှေ့ကိုထွက်လာတဲ့ လူတွေဟာ ဘုရားအလုပ်လုပ်နေတယ် ဆိုတာကို ယုံချင်တဲ့ လူတွေ ဖြစ်တယ် ဆိုတာကို ပါပဲ။ သူတို့ကို နေရာတနေရာမှာ ရပ်ဖို့ ကျွန်တော် ပြောတဲ့အခါမှာ၊ အဲဒီနေရာမှာ ရပ်နေခြင်းအားဖြင့် တစုံတခုခု ဖြစ်လာမယ်ဆိုတဲ့ သူတို့ရဲ့ ယုံကြည်ခြင်းအပေါ်မှာ ကျွန်တော်လွှမ်းမိုးလိုက်တာပါပဲ။ သူတို့ရဲ့ နောက်မှာ တယောက်ယောက်က ရပ်နေတယ်လို့ ကျွန်တော်ပြောလိုက်ခြင်းအားဖြင့် (လဲကျတဲ့အခါမှာ သူတို့ကို အနာတရ မဖြစ်စေချင်ပါဘူး။) နူတ်နဲ့ ကြောင်းပေးခြင်း၊ မျှော်လင့်ခြင်းစိတ်ထားကို အမြင့်ဆုံးရောက်အောင် ကျွန်တော်ပို့လိုက်ပါတယ်။ ကျန်တာတွေကတော့ လွယ်ပါတယ်။

ပီတာ။ ။ ခင်ဗျား ဖန်သားပြင်ပေါ်မှာ ခင်ဗျားပုံကို ခင်ဗျား ပြန်ကြည့်ဖို့ တော်တော်ကို ခက်ခဲနေသလိုပဲ။


မာခ်။ ။ ဟုတ်ပါတယ်ဗျာ။ သမားရိုးကျ အိပ်မွှေ့ချတာကို သန့်ရှင်းသောဝိညာဉ်တော် က အလုပ်လုပ်နေပါတယ်ဆိုပြီး လူသူတော်ကောင်းများစွာကို ယုံကြည်အောင် မသိပဲနဲ့ လှည့်ဖျားမိတဲ့အတွက် ကျွန်တော့်ကိုယ် ကျွန်တော်တောင် ပြန်ကြည့်ဖို့ခက်နေပါတယ်။

ဒါပေမဲ့ ဘယ်လောက်ပဲမှားနေတယ်လို့ ဆိုဆို၊ ဒီအရာတွေဟာ ဘုရားရဲ့ လုပ်ဆောင်ချက်ဖြစ်တယ်လို့  အဲဒီအချိန်တုန်းက ကျွန်တော် ယုံကြည်ခဲ့ပါတယ်။ အဖြစ်မှန်ကတော့၊ ဒီနည်းတွေကို တခြားသူတွေ ဘယ်လိုလုပ်တယ် ဆိုတာ ကြည့်ရင်းနဲ့ ကျွန်တော် တတ်ခဲ့တာပါ။ လေ့ကျင့်ပေးမယ်ဆိုရင် လူတိုင်းလည်း လုပ်နိုင်တဲ့ အရာ ဖြစ်ပါတယ်။ ဒါဟာ စိတ်ပညာနဲ့ ဆိုင်တဲ့ နည်းပညာများပဲ ဖြစ်ပါတယ်။ ဒါ့အပြင် တခြားဘာမှ မရှိပါဘူးဗျာ။

ပီတာ။ ။ခင်ဗျား လုပ်ရပ်နဲ့ ယုံကြည့်ချက်တွေကို ဘယ်လိုလုပ်ပြီး ပြန်သုံးသပ်ဖို့ ဖြစ်လာတာလဲ။


မာခ်။ ။ တိတိကျကျ ပြောရမယ်ဆိုရင်တော့ သမ္မာကျမ်းစာ ကြောင့်ပါပဲ။ ကျွန်တော် ကျမ်းစာကို မူရင်းဂရိဘာသာနဲ့ ပြန်ပြီး လေ့လာဖို့ ဆုံးဖြတ်ခဲ့တယ်။ အဲဒီမှာ ကျမ်းစာက ပြောတာနဲ့ ကျွန်တော် ယုံကြည်ခဲ့တာနဲ့ကို မကိုက်ညီဘူးဆိုတာကို သဘောပေါက်လာတယ်။


အကြီးအကျယ် ပြန်လည်စဉ်းစားသုံးသပ်ခြင်း


ပီတာ။ ။ ဥပမာလေး ပြောပါဦး။


မာခ်။ ။ ကောရိသု ပထမစာစောင်မှာ ၀ိညာဉ် ဆုကျေးဇူးဟာ မိမိအလိုရှိတဲ့အတိုင်း ရမယ်လို့ မပြောထားပါဘူး။ ဘုရားအလိုရှိမှသာ ရမှာ ဖြစ်ပါတယ်။ အရင်က ကျွန်တော်ကို သင်ကြားခဲ့တာကတော့၊ လုံလောက်တဲ့ ယုံကြည်ခြင်း ရှိမယ်။ ရွေးကောက်ခြင်းလဲ ခံရမယ်။ လုံလောက်တဲ့ ဆုတောင်းခြင်းလဲ ရှိမယ် ဆိုရင် သင့်တော်တဲ့ ၀ိညာဉ် ဆုကျေးဇူးရလိမ့်မယ် လို သင်ကြားကြတယ်။ ကျွန်တော် နားလည်သွားတာကတော့ ဘုရားက အဲဒီလို အလုပ်မလုပ်ပါဘူး။ကျွန်တော့်နဲ့ ကျမ်းစာသင်ဖက်တွေက သူတို့ကို ရွေးကောက်ထားတယ် ဆိုတာနဲ့ပဲ ဘာမှ မပြောင်းတော့ပါဘူး။ အတန်းသားများနဲ့ အသင်းသားများမှာ အခြေခံ စုစည်းမှု မရှိတာကို တွေ့မြင်လာရပါတယ်။ အသင်းတော်ဟာ အကြွေးအများကြီး တင်နေပေမဲ့လည်း မလိုအပ်တဲ့ ဆောင်းဗောက်လို အရာမျိုးတွေမှာ

ငွေကို သုံးနေတုန်းပါပဲ။ ကျွန်တော်တို့မှာ ပေါင် ၂၀၀၀၀၀ အကြွေးတင်နေပါတယ်။ အသင်းတော်ထဲမှာလည်း ကွဲပြားမှုတွေ ဖြစ်နေပါတယ်။ ဘာကိုပဲကြည့်ကြည့် အဓိပ္ပါယ်ကို မရှိဘူးဖြစ်နေပါတယ်။ ကျွန်တော်တို့ သင်လာခဲ့တဲ့၊ ကျွန်တော်တို့ ဟောကြားခဲ့တဲ့ ကျန်းမာရေး၊ ချမ်းသာရေး သြ၀ါဒ များဟာ လက်တွေ့နဲ့ မကိုက်ညီပါဘူး။ ဒါကြောင့်ပဲ ကျွန်တော် (အသင်းတော်က) ထွက်လာခဲ့ပါတယ်။

ပီတာ။ ။ အဲဒီနောက်ကော။


မာခ်။ ။ ဂျူးလူမျိုးတွေ သုံးတဲ့ ကျမ်းစာအနက်ဖွင့်နည်း ပါတဲ့ ဗီဒီယိုကို လူတယောက်က ပေးပါတယ်။ ဒီနည်းကို တမန်တော်များက အသုံးချခဲ့ပုံ ရပါတယ်။ ဒီနည်းက ကျွန်တော့်ကို ပိုပြီး သုံးသပ်ဝေဖန်မှု စိတ်ကို ဖြစ်ပေါ်စေပါတယ်။

ဒီနည်းကြောင့် ကျွန်တော်မေးခွန်းတွေ မေးဖြစ်ပါတယ်။ ပို၍ ပို၍ သော လွန်စွာမှ မှားယွင်းတဲ့ အစိတ်အပိုင်းများကို အလေးပေး မေးမြန်းခဲ့ပါတယ်။ ကျွန်တော့်ရဲ့ ယုံကြည်ချက်ဟာ ခရစ်တော်ထံမှာ တဖန် ပြန်ပြီး ကျရောက်လာပါတယ်။ အပြင်ပန်းလုပ်ဆောင်မှုများဖြစ်တဲ့
နိမိတ်လက္ခဏာတွေ၊ အခြားသောဘာသာစကားပြောတာတွေ ပေါ်မှာ ကျွန်တော်ရဲ့ ယုံကြည်မှုကို မထားတော့ပါဘူး။

ပီတာ။ ။ ဒီလို အခြေအနေရောက်တော့ သင့်တော်တဲ့ အသင်းတခုကို ရှာဖို့ စဉ်းစားခဲ့ပါသေးသလား။


မာခ်။ ။ ကျွန်တော် အသင်းတော်က မထွက်ခင်လေးမှာ  National Prayer Network ဧ၀ံဂလိ အဖွဲ့အစည်းကို တည်ထောင်ခဲ့ပါတယ်။ သင်ကြားတဲ့ အသံသွင်းခွေ၊ ဧ၀ံဂလိ အခွေတွေကို ထုတ်ဝေခဲ့ပါတယ်။ ကျွန်တော့်ရဲ့ ကိုယ်စွမ်းညာဏ်စွမ်းတွေကို အဲဒီထဲမှာပဲ နစ်မြုပ်လိုက်ပါတယ်။ အဲဒီကနေ လူတစုထွက်ပေါ်လာပြီး အသင်းတော်အငယ်လေးတခုကို စတင်ခဲ့ပါတယ်။


ကြီးမားသော အန္တာရယ်


ပီတာ။ ။ ဒီကနေ့ ဗြိတိသျှမှာ အသင်းတော်များမှာ ဖြစ်နေတာနဲ့ ပတ်သက်လို့ ခင်ဗျားရဲ့ အမြင်ကို ပြောပါဦး။


မာခ်။ ။ Word-Faith နဲ့ health and wealth သင်ကြားမှုတွေ၊ တရားဟောနေတာတွေဟာ တိုးပွားလာနေတာကို တွေ့ရပါတယ်။ ခရစ်တော်ရဲ့ ကိုယ်ခန္ဓာ( အသင်းတော်) ရဲ့ သက်သေခံရပ်တည်မှုတွေကို လူ့လောက အမြင်နဲ့ ရောထွေးလိုက်တော့ အားနည်းသွားတာကို တွေ့ရပါတယ်။အန္တာရယ် အကြီးမားဆုံးကတော့ ဘုရားသခင်ရဲ့ နူတ်ကပတ်တော်ပေါ်မှာသာ အခြေခံတဲ့ စစ်မှန်တဲ့ ခရစ်ယာန် ယုံကြည်မှုကို အဲဒီအရာတွေက မှေးမှိန်သွားအောင် လုပ်နေတာပါပဲ။ မာတင်လူသာ ပြောသလို "ဘုရား၏ နူတ်ကပတ်တော်သည်သာ နှလုံးသားကို ချုပ်နှောင်ထားပါ၏" ဆိုသလိုပါပဲ။


ပီတာ။ ။ ဒီလို ခရစ်ယာန် ယုံကြည်မှုမျိုးရဲ့ အမှတ်လက္ခဏာ မျိုးက ဘယ်လိုရှိတယ်လို့ ထင်ပါသလဲ။


မာခ်။ ။ ဆူညံတယ်။ လှုံ့ဆော်တယ်။ ဇာတိစိတ်အားကြီးတဲ့ ခရစ်ယာန် လို့ပဲ ထင်ပါတယ်။

ပီတာ။ ။ လက်တွေ့အကျိုးဆက်များ အနေနဲ့ကကော ဘယ်လိုရှိပါသလဲ။

မာခ်။ ။ ဧ၀ဂလိ သာသနာအတွက်၊ လူမှုရေးလိုအပ်မှုအတွက်၊မိဘမဲ့များမုဆိုးမများအတွက် ရံပုံငွေများဟာ တခြားကို ရောက်ကုန်ပါတယ်။ ဒီခေါင်းဆောင်ဆရာများဟာ မြောက်မြားလှတဲ့ ငွေများကို ရကြပါတယ်။ ကျမ်းစာမှာတော့ ခေါင်းဆောင်ဆရာများဟာ အကျိုးအမြတ်ကို မရိတ်သိမ်းရဘူးလို့ သင်ပါတယ်။ ခင်ဗျားဟာ နိမိတ်နဲ့ လက္ခဏာတွေကို သာ လုပ်တတ်မယ်ဆိုရင်၊ ငွေအမြောက်အမြားကို ခင်ဗျားရပါလိမ့်မယ်။ ကျွန်တော်တုန်းကဆိုရင် ပေါင်၄၀၀-၅၀၀ ဆိုတာ အသာကလေးရပါတယ်။ ဒီငွေဟာ ခေတ်သစ် ပရောဖက်များတောင်းနေတဲ့ ဂဏာန်း ငါးလုံးရှိတဲ့ ငွေနဲ့ စာရင် ဘာမှ မပြောပလောက်ပါဘူး။အခြေခံ ခရစ်ယာန် သမ္မာတရားဟာ "ခရစ်ယာန်အတု" နဲ့ အစားထိုးခြင်း ခံနေရပါတယ်။ ကိုယ်ကျိုးဖက်ခြင်းမရှိ၊ ရုပ်ဝတ္တုအရာများပေါ်ဦးစားပေးခြင်းမရှိတဲ့ အသက်ရှင်နေထိုင်မှုမျိုးကို ဖြစ်ပေါ်စေတဲ့ ခရစ်တော်ကိုသာ ဗဟိုပြုတဲ့ ဧ၀ံဂလိတရားဖက်ကိုသာ ပြန်သွားကြဖို့ လိုပါတယ်။

ပီတာ။ ။ ဒီ Word-Faith လှုပ်ရှားမှုကြီးကပြောနေတဲ့ ကယ်တင်ခြင်းရသွားတဲ့ လူအရေအတွက်တွေ အများကြီးရှိတယ် ဆိုတာကကော။


မာခ်။ ။ ဒါက မမှန်ကန်တဲ့ သီသြလောဂျီအပေါ်မှာ အခြေခံပြီး ပြောင်းလဲသွားတာကို ချဲ့ကားပြောကြားနေတာပါ။ ရံပုံငွေတွေကို ဆက်ပြီး တောင်းနိုင်အောင်၊ သူတို့သာသနာမှန်ကြောင်းပြနိုင်အောင် သူတို့အတွက် အရေအတွက်လိုတယ်လေ။


နောက်ဆုံးကာလအတွက် အကြံပေးခြင်း


ပီတာ။ ။ အခုခတ် တန်ခိုးနိမိတ် လှုပ်ရှားမှုကြီးမှာ မြုံးမိနေတဲ့ သူတွေကို ဘာများ ပြောချင်ပါသလဲ။
မာခ်။ ။ယေရှုခရစ်တော်ဟာ တခြားလူတွေထက် ပိုပြီး တန်ခိုးနိမိတ်တွေကို ပြခဲ့ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ သာသနာအပြီးမှာ လူအယောက် ၅၀၀ လောက်ပဲ ရှိပါတယ်။ အခုခတ် ရေစီးကြောင်းမှာ ပိတ်မိနေတဲ့သူတွေ သဘောပေါက်ရမှာက အခုလိုမျိုး နိုးကြားနေတာဟာ ကျမ်းစာက ပေးထားတဲ့ ကတိနဲ့ ဆန့်ကျင်ဖက် ဖြစ်နေပါတယ်။ ခရစ်တော် ပြောတာက မှန်ကန်တဲ့ ခရစ်ယာန်များ လွင့်ပါးသွားပြီး၊ "ရွေးကောက်ခံရသူ" အတုအယောင်များ အလုံးအရင်း ပေါ်လာမယ်လို့ ဆိုပါတယ်။
ကျွန်တော်တို့ဟာ နောက်ဆုံးသောကာလမှာ နေထိုင်နေပြီဆိုရင် ဘုရားသခင်က ဖြစ်မယ်ဆိုတဲ့ အရာတွေ ဘယ်ရောက်နေပါသလဲ။
ဒီလှုပ်ရှားမှုကြီးမှာ ပါဝင်ပတ်သက်နေတဲ့ ညီအစ်ကို၊ မောင်နှမများကို ကျွန်တော်ပြောချင်တာက "ခင်ဗျားတို့ဟာ ကျမ်းစာနဲ့ ပတ်သက်ပြီး တခြားလူများရဲ့ ထင်မြင်ချက်ကိုသာ ယုံကြည်နေကြသူများ ဖြစ်တယ်" ဆိုတဲ့အချက်ကို သတိမထားမိပဲ ဖြစ်နေတယ် ဆိုတာကိုပါပဲ။
မာတင်လူသာရဲ့ " ကျမ်းစာတော်မြတ် တခုတည်းသာ" (Sola Scriptura) ဆိုတဲ့ စကားကို ဂရုစိုက်မယ်ဆိုရင် ပိုပြီး အကျိုးရှိနိုင်ပါတယ် ခင်ဗျား။

ကျေးဇူးတော်ချီးမွမ်းလျှက်။
ဘာသာပြန်သူ - လှမင်းသူ

Update Received Fund for Church Extend Land


MAESAI GRACE CHURCH

Update Received the Contribution of Church Extend Land

No
Names/Organization
Amount /THB
1
Fund Raising Program
79,705
2
Weekly Collection
36,732
3
Pastor Go Shin Maung Family
50,000
4
Mr Thang Suan Mung & Wife (USA)
30,000
5
Sayama Nem Theih Kim (Malaysia)
20,000
6
Rev Lee Eun Hoo (OK. In Church, Korea)
20,000
7
ARLDF (Rescue)
5,000
8
Khoo Soo Teong (Singapore)
5,000
9
Saya Aik Nap Ywan (Tachileik)
5,000
10
Lian Khup,Pau Bawi,Khai Pi
6,000
11
Sayama Aye Phet
3,600
12
Naw Thway Thein
3,500
13
Sayama Easter Hkaung Nu
3,300
14
Mr Nung Bawi (USA)
3,085
15
Mr Nang Htun
3,000
16
Martha
3,000
17
Daw Nah
3,000
18
Lay Dia
3,000
19
Mr Nyi Swar
3,000
20
Saya Cung Lian Mawi
2,000
21
Yeh Kap Rone
3,000
22
Mr Kyaw Win (Germany)
2,000
23
Ma Hsaw Htee
2,000
24
Ko Gin Pi Family
2,000
25
Pa Pau Khan Khup (Singapore)
2,000
26
Saw Willson
2,000
27
Jenny Woon (Malaysia)
1,800
28
Ma Mee Hsaw
1,500
29
Ma Amm Pyang
1,000
30
Daw Nang Mwe
1,000
31
Daw Massih
1,000
32
Saw Lay Eah Thaw
1,000
33
Saya Law Dar Family
1,000
34
Daw Nar Daw
1,000
35
Ko Nyi Tao
500
36
Ko Dominic Family
700
37
Ma Nan Dar & Eah Nee
600
38
Khaipi,Thangpi,Sangpi&Ei Kap and Ko Aik Tao
800
39
Daw Am Mwar,Daw Hla Khin,Daw Shwe Nyunt
600
40
Ko Htoo Htoo Ee
500
41
Ma Ei Su
1,000
42
Sayama Myint Myint Phyu
500
43
Ko Kyaw Myo Htet
500
44
Ei Lwe Mit
10,000
45
Ko Kyaw Thura
3000
46
Ko Sai Sam & Daw Lu Niem
28,000
47
U Wary Chit+Daw Yin Yin Myint
3,000
48
Ma Mya Mya Khin
7,000
49
Mg Cha Oo Laung
1,000
50
Ko Lian
2,000
51
Ma Aye Aye Nwe
500
52
Mr Nang Pian Khai(USA)
12,000

TOTAL AMOUNT RECEIVED
382,422

Our Goal: 970,000 Baht
Needed Amount: 587,578 Baht