Monday, February 20, 2012

ဝိညာဉ်ခွန်အားနည်းချိန်အတွက်ဆာလံကျမ်းပိုဒ်များ

(ဆာလံ ၂၂း၉-၁၁) သို့သော်လည်း ကိုယ်တော်သည် အကျွန်ုပ်ကို အမိဝမ်းထဲက ဆွဲယူ၍ ၊နို့စို့သည်ကာလ၌ စိုးရိမ်ခြင်း အကြောင်း ကို ပယ်ရှင်းတော်မူ၏၊၊ အကျွန်ုပ်သည် ဘွားကတည်းကပင် လက်တော်သို့ ရောက်ပါ၏၊၊ အမိဝမ်းထဲမှ စ၍ ကိုယ်တော်သည် အကျွန်ုပ်၏ ဘုရားသခင် ဖြစ်တော်မူပါပြီ၊၊ အကျွန်ုပ်နှင့် ဝေးဝေးနေတော်မမူပါနှင့်၊၊ ဘေးအန္တ ရာယ် ရောက်လုနီးပါပြီ၊၊ မစသောသူမရှိပါ၊၊


(ဆာလံ ၂၅း၁-၃၊၇၊၈) အိုထာဝရဘုရား၊ ကိုယ်တော်ကို အကျွန်ုပ်တသလျက် နေပါ၏။
အကျွန်ုပ် ဘုရားသခင်၊ ကိုယ်တော်ကို အကျွန်ုပ် ခိုလှုံသည် ဖြစ်၍၊ ရှက်ကြောက်ခြင်းသို့ မရောက်ပါစေနှင့်။ အကျွန်ုပ်၏ ရန်သူတို့သည် အကျွန်ုပ်ကို အောင်၍ အောင်ပွဲကို မခံပါစေနှင့်။ အကယ်စင်စစ် ကိုယ်တော်ကို မြော်လင့်သော သူတို့သည် ရှက် ကြောက်ခြင်းသို့ မရောက်ရ ကြပါ။ အကြောင်းမရှိဘဲ သစ္စာကိုဖျက်သောသူတို့သည် ရှက်ကြောက်ခြင်းသို့ရောက်ရကြပါ၏။ အကျွန်ုပ်သည်အသက်ငယ်ရွယ်စဉ် ပြစ်မှားမိသော အပြစ်တို့ကိုအောက်မေ့ တော်မမူနှင့်၊၊ ကောင်းမြတ်တော်မူသည်ဖြစ်၍ ကရုဏာတော်ရှိသည် အတိုင်း အကျွန်ုပ်ကိုအောက်မေ့ တော်မူပါ ထာဝရဘုရား။ထာဝရဘုရားသည် ကောင်းသောသဘော ဖြောင့်မတ်သောသဘောနှင့် ပြည့်စုံတော်မူသည်ဖြစ်၍ အပြစ်ရှိသောသူတို့ကိုလမ်းပြတော်မူ၏၊၊


(ဆာလံ ၂၇း၁၊၉-၁၀) ထာဝရဘုရားသည် ငါ၏အလင်း ငါ့ကိုကယ်တင်သော အရှင်ဖြစ်တော်မူ၏၊၊ ငါသည်အဘယ်သူကို ကြောက် ရအံ့နည်း၊၊ ထာဝရဘုရားသည် ငါ၏ အသက်ခိုလှုံရာဖြစ်တော်မူ၏၊၊ ငါသည်အဘယ်သူကို ကြောက်လန့်ရအံ့နည်း၊၊အကျွန်ုပ်မျက်နှာလွှဲတော်မမူပါနှင့်၊၊ အမျက်ထွက်၍ ကိုယ်တော်၏ ကျွန်ကို ပယ်တော်မမူပါနှင့်၊၊ အကျွန်ုပ်ကို ကယ်တင်တော်မူသောဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်ကို မစတော် မူဘူးသည်ဖြစ်၍ အကျွန်ုပ်ကို စွန့်ပစ်တော်မမူပါနှင့်၊၊ ကိုယ်မိဘတို့သည် အကျွန်ုပ်ကို စွန့်သော်လည်း ထာဝရဘုရား သည် အကျွန်ုပ်ကို ချီယူတော်မူမည်၊၊


(ဆာလံ ၃၁း၁-၂) အိုထာဝရဘုရား၊ ကိုယ်တော်ကိုအကျွန်ုပ် ခိုလှုံပါ၏။ ရှက်ကြောက်ခြင်းနှင့် အစဉ် ကင်းလွတ်ပါစေသော။ တရားတော် နှင့်အညီ အကျွန်ုပ်ကို ကယ်နှုတ်တော်မူပါ။  အကျွန်ုပ်ဘက်သို့ နားတော်ကိုလှည့်၍ အလျင်အမြန် ကယ်နှုတ်တော်မူ ပါ။ကိုယ်တော်သည် အကျွန်ုပ်၌ ခိုင်ခံ့သော ကျောက်၊ အကျွန်ုပ်လုံခြုံရာ  ရဲတိုက် ဖြစ်တော်မူပါ။


(ဆာလံ ၃၄း၁၉-၂၀) ဖြောင့်မတ်သော သူသည် များစွာသော ဒုက္ခဆင်းရဲကို ခံရသော်လည်း၊ ထာဝရဘုရားသည် ခပ်သိမ်းသော ဒုက္ခဆင်းရဲထဲက ကယ်လွှတ် တော်မူ၏ သူ၏ အရိုးရှိသမျှတို့ကို စောင့်ရှောက်တော်မူသည်ဖြစ်၍၊ တစ်ချောင်းမျှ မကျိုးမပဲ့ရ။


(ဆာလံ ၃၅း၎) အကျွန်ုပ်အသက်ကို ရှာသောသူတို့သည်အရှက်ကွဲ၍ မျက်နှာပျက် ကြပါစေသော။ အကျွန်ုပ်ကို အန္တရာယ်ပြုမည်ဟု ကြံစည်သောသူတို့သည် လှန်ခြင်းကို ခံရ၍ ရှက်ကြောက်ခြင်းသို့ ရောက်ကြပါစေ သော။


(ဆာလံ ၄၀း၅) အကျွန်ုပ်၏ ဘုရားသခင် ထာဝရဘုရား အကျွန်ုပ်တို့အဘို့ ပြုတော်မူသော အံသြဘွယ်အမှုတို့နှင့် ကြံစည် တော်မူသော အကြံအစည်တို့သည် များလှပါ၏၊၊ ရှေ့တော်၌ အစဉ်အတိုင်းလျှောက်၍ မကုန်နိုင်ပါ၊၊ အကျွန်ုပ်ထုတ် ဘော်ကြားပြောမည်ဟုဆိုသော်၊ ရေတွက်၍ မကုန်နိုင်အောင် များလှပါ၏၊၊


(ဆာလံ ၄၂း၁၊၅) သမင်ဒရယ်သည် ရေစီးသော ချောင်းကို တောင့်တသကဲ့သို့ အကျွန်ုပ်ဝိညာဉ်သည် ကိုယ်တော်ကို တောင့်တပါသည်ဘုရား၊၊  အိုငါ့ဝိညာဉ် သင်သည် အဘယ်ကြောင့် ညှိုးငယ်သနည်း။ ငါ့အထဲမှာအဘယ့်ကြောင့် မငြိမ်မဝပ်ရှိသနည်း၊၊ ဘုရားသခင်ကို မြော်လင့်လျက်နေလော့၊၊ ငါ့ကိုကယ်တင်တော်မူသော အရှင် ငါကိုးကွယ်သော ဘုရားသခင်၏ ကျေးဇူးတော်ကို ငါချီးမွမ်းထောမနာ ပြုရလေအံ့သတည်း၊၊


(ဆာလံ ၄၆း၁) ဘုရားသခင်သည် ငါတို့ ခိုလှုံရာဖြစ်၍ ခွန်အားကို ပေးတော်မူ၏၊၊ ဘေးရောက်သည် ကာလ အထူးသဖြင့် ကူမတော်မူကြောင်း ထင်ရှားလျက်ရှိ၏၊၊

 
(ဆာလံ ၇၁း၁၊၅၊၉၊၁၈၊၂၀) အိုထာဝရဘုရား၊ ကိုယ်တော်ကို အကျွန်ုပ်ခိုလှုံပါ၏၊ အရှက်ကွဲခြင်းနှင့် အစဉ် ကင်းလွတ်ပါစေသော၊၊ အရှင်ထာဝရ ဘုရား ကိုယ်တော်သည် အကျွန်ုပ်မြော်လင့်ရာ ဖြစ်တော်မူ၏၊၊ အကျွန်ုပ်ငယ်သော အရွယ်မှစ၍ အကျွန်ုပ်ကိုးစားရာ ဖြစ်တော်မူ၏၊၊  အကျွန်ုပ်ကို အိုသောအခါပယ်တော်မမူပါနှင့်။ အားလျော့သောအခါ စွန့်ပစ်တော်မမူပါနှင့်။  တဖန်တုံအိုဘုရားသခင်၊ အကျွန်ုပ် အသက်ကြီး၍ ဆံပင်ဖြူသည် ကာလတိုင်အောင်၊ ယခုလူများတို့အား ကိုယ်တော်၏ အစွမ်းသတ္တိကို၎င်း၊နောက်ဖြစ်လတံ့သော သူအပေါင်းတို့အား  တန်ခိုးတော် ကို၎င်း၊ အကျွန်ုပ် မပြမှီတွင်၊ အကျွန်ုပ်ကို စွန့်ပစ် တော်မမူပါနှင့်။ ကြီးမားကြမ်း တမ်းသော ဘေးများကို အကျွန်ုပ်အားပြတော်မူပြီ။ တဖန်အသက် ကို ချမ်းသာပေး၍၊ မြေကြီးနက်နဲရာထဲက တဖန်ထ မြောက်စေတော်မူမည်

No comments: