Monday, August 1, 2011

လိုက်ပါလုပ်ဆောင်သည့်အခါ ယုံကြည်ခြင်း ထွက်ပေါ်လာသည်။

လှမင်းသူ    Daily Hope
အစဉ်မပြတ်ကြောက်ရွံ့သောသူသည် မင်္ဂလာရှိ၏။ မိမိစိတ်နှလုံးကို ခိုင်မာစေသော သူမူကား၊ ဘေးဥပဒ်နှင့်တွေ့လိမ့်မည်။ သုတ္တံကျမ်း ၂၈း၁၄

ယုံကြည်ခြင်းဆိုတာ အပြောလေးနဲ့တင် ပြီးသွားတဲ့အရာမဟုတ်ပါဘူး။ ယုံကြည်ခြင်းဆိုတာ လုပ်ရတဲ့အရာတခုပါ။ ကျွန်တော်တို့ လုပ်လိုက်မှ ယုံကြည်ခြင်းက ပေါ်ထွက်လာပါတယ်။ ဘုရားသခင်ပြောတာကို လုပ်မှ ဘုရားကို ယုံကြည်ခြင်း ရှိတာ အမှန်ဖြစ်ပါတယ်။


သုတ္တံကျမ်း ၂၈း၁၄ က " အစဉ်မပြတ်ကြောက်ရွံ့သောသူသည် မင်္ဂလာရှိ၏။ မိမိစိတ်နှလုံးကို ခိုင်မာစေသော သူမူကား၊ ဘေးဥပဒ်နှင့်တွေ့လိမ့်မည်။" လို့ ဆိုပါတယ်။ နာခံတတ်ခြင်းနဲ့ ခေါင်းမာခြင်း ဆိုတာ အကြွေစေ့ကလေး တခုရဲ့ မျက်နှာနှစ်ဖက်လိုပါပဲ။ နာခံတတ်ရင် ၀မ်းမြောက်ခြင်း ဖြစ်ပါတယ်။ ခေါင်းမာရင်တော့ ဒုက္ခလှလှ တွေ့ ရတတ်ပါတယ်။

ကျွန်တော်နဲ့ ကျွန်တော့်ဇနီး ကားမောင်းသွားတယ် ဆိုပါစို့ ။  ကျွန်တော့်ကားကို လမ်းမှားပြီး ချိုးကွေ့ လိုက်မိတယ်။ ကျွန်တော့်အနေ နဲ့ လမ်းမှန်ဖက်ကို ပြန်လှည့်ဖို့ သင့်ပါတယ်။ ဒါပေမဲ့ ခေါင်းမာတဲ့စိတ် ကျွန်တော့်ထဲဝင်လာတယ်။ ဘယ်လောက်ပဲရှည်ရှည်ဝေးဝေး ပတ်မောင်းရပါစေ ကျွန်တော်သွားချင်တဲ့ နေရာဆီကို ရောက်အောင်မောင်းနိုင်တဲ့အကြော

င်း၊ ကျွန်တော်လုပ်တာ မှန်ကြောင်း၊ သက်သေပြဖို့ ကျွန်တော် ဆုံးဖြတ်လိုက်တယ်။ ကျွန်တော်ရဲ့ ခေါင်းမာမှုဟာ ကြာမြင့်လာလေလေ၊ ကျွန်တော်ရောက်လိုတဲ့ အရပ်နဲ့ ဝေးသွားလေလေ ဖြစ်ပါတယ်။  ခေါင်းမာစိတ်ကို ဖျောက်ပစ်လိုက်ပြီး ဂငယ်ကွေ့  ကွေ့ ပြီး ပြန်လှည့်လိုက်တာနဲ့ တပြိုက်နက် ကျွန်တော်လမ်းမှန်ကို ပြန်ရောက်သွားပါတယ်။

ခေါင်းမာရင် ပျက်စီးတတ်ပါတယ်။ ဘုရားခိုင်းတာကို ချက်ခြင်းမလုပ်ပဲ အချိန်ဆွဲလေလေ၊ သူအလိုရှိတဲ့ အရာနဲ့ ပိုဝေးလေလေပဲ ဖြစ်ပါတယ်။

ဘုရားစကားဆိုတာ လိုက်နာဖို့ ဖြစ်ပါတယ်။ နားထောင်ရုံ သက်သက်မဟုတ်ပါဘူး။  ရှင်ယာကုပ်ကလည်း ၁း၂၂ မှာ "  ကိုယ်ကိုကိုယ် လှည့်ဖြား၍၊ နှုတ်ကပတ်တရားကို နာရုံမျှသာ ပြုသောသူမဟုတ်၊ တရားကိုကျင့်သော သူဖြစ်ကြလော့။ " လို့ တိုက်တွန်းထားပါတယ်။


ကျွန်တော်တို့က အပတ်စဉ်တိုင်း ဘုရားကျောင်းကို လာပြီး ကျမ်းစာက ပြောတဲ့ စကားတွေကို နားထောင်တယ်။ နားထောင်တဲ့အတွက်ကြောင့် ၀ိညာဉ်အားကြီးသလို ခံစားရတယ်။ ဒါပေမဲ့ ကျွန်တော်တို့ နားပဲထောင်နေတယ် ဆိုရင် ကျွန်တော်တို့ဟာ ကျန်းမာရေးကလပ်အသင်းတခုကို သွားပြီး လူတွေ လေ့ကျင့်ခန်း လုပ်နေတာကို ကြည့်နေတဲ့ သူနဲ့သာ တူပါတယ်။ လူတွေ လေ့ကျင်ခန်းလုပ်တာ ကြည့်ရုံနဲ့ ကိုယ်ကိုယ်တိုင် ကျန်းမာမလာပါဘူး။ ဒီအတိုင်းပါပဲ။ ဘုရားနူတ်ကပတ်တော်ကို လိုက်နာမလျှောက်လှမ်းပဲ ဖတ်ရုံ၊ နားထောင်ရုံသက်သက်သာရှိရုံနဲ့  ကိုယ့်ဝိညာဉ်အား က ပိုပြီး ကြီးထွားလာမှာ မဟုတ်ပါဘူး။ လိုက်လျှောက်ခြင်းမရှိပဲ ၀ိညာဉ်ကြီးထွားနိုင်တယ်လို့ ထင်ရင်တော့ ကိုယ့်ကိုယ်ကိုယ် လိမ်ညာနေတာပါပဲ။ နူတ်ကပတ်တော်က ပြောတဲ့ အကြောင်းအရာတခုကို နားလည်သဘောတူတာနဲ့တင်ကို မလုံလောက်ပါဘူး။ ကိုယ်က တကယ်ကို အကောင်အထည်ဖော်ရပါတယ်။ ဘုရားရဲ့ စကားဟာ လုပ်ဆောင်ကို လုပ်ဆောင်ရမယ့် အရာဖြစ်ပါတယ်။


ဘုရားသခင်က ရာနူန်းပြည့် စည်းမျဉ်းကို လိုက်နာစေချင်ပါတယ်။ ကိုယ့်ဘ၀ရဲ့ ၁၀၀ ရာခိုင်နူန်း လုံးလုံးမှာ ရာနူန်းပြည့် လိုက်နာစေချင်ပါတယ်။ ကိုယ့်ဘ၀ ၈၀ ရာခိုင်နူန်းလေးမှာပဲ ရာနူန်းပြည့် လိုက်နာလို့မရပါဘူး။ ယုံကြည်ခြင်းဆိုတာ အဲဒီလိုမျိုး မဟုတ်ပါဘူး။

ကိုယ့်ဘ၀ရဲ့  ဘယ်အစိတ်အပိုင်းမှာ လိုက်နာလို့ မရပဲ ဖြစ်နေပါလဲ။ အဲဒီအစိတ်အပိုင်းက သေးသေးလေးပဲ ဖြစ်ကောင်းဖြစ်မယ်၊ အကြီးကြီးလဲ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ အဲဒီ လိုက်နာလို့ မရတဲ့ အပိုင်းဟာ ကိုယ်ရဲ့ တဏှာရာဂ မီးလဲ ဖြစ်နိုင်ပါတယ်။ အစားအသောက်လည်း ဖြစ်နိုင်ပါတယ်။ မကောင်းတဲ့ အကျင့်လဲ ဖြစ်နိုင်ပါတယ်။ ၉၉ ရာခိုင်နူန်းတောင် လိုက်နာပြီး ၁ရာခိုင်နူန်း လေးပဲ မလိုက်နာပါဘူး ဆိုလဲ မရပါဘူး။


ဘုရားသခင်က မိတ်ဆွေရဲ့ ဘ၀ကို ပြောင်းလဲပစ်လိုက်ချင်ပါတယ်။ မိတ်ဆွေက သူကို မတွေ့ စေချင်လို့ ဝှက်ထားတဲ့ အပိုင်းလေးကို ပဲ  ပြောင်းလဲပစ်ပြီး ကောင်းချီးပေးချင်ပါတယ်။ သူ့ ကို မိတ်ဆွေ ခွင့်ပြုလိုက်ပါလားဗျာ။


နာမတော်မြတ်၌

လှမင်းသူ


(ရစ်(ခ်) ၀ါရင် ၏ နေ့ စဉ်မျှော်လင့်ချက် စာစောင်များမှ ၂၉ ရက် ဇူလိုင် ၂၀၁၁ ပါ စာမျက်နှာအား ဆီလျော်အောင် ပြန်ဆိုသည်။)

No comments: