Thursday, August 11, 2011

မြန်မာ-ထိုင်းနယ်စပ် မြ၀တီတွင် တံတားသစ် ထပ်မံဆောက်လုပ်မည်

မြန်မာနှင့်ထိုင်း နှစ်နိုင်ငံကုန်သွယ်မှုမြှင့်တင်ရန် မြ၀တီ-မဲဆောက်နယ်စပ်တွင် ချစ်ကြည်ရေး တံတားသစ်တစ်စင်း မကြာမီဆောက်လုပ်တော့မည်ဖြစ်ကြောင်း သိရသည်။
 

မြ၀တီ-မဲဆောက်နယ်စပ် မြ၀တီမြို့ ရေဂူရွာနှင့် တစ်ဖက်ထိုင်းနိုင်ငံ ၀မ်းစကင်း(ခ်)ကျေးရွာ အကြား တံတားဆောက်လုပ်သွားမည်ဖြစ်ကြောင်း မြ၀တီမြို့ခံကုန်သည်များထံမှ သိရသည်။
 

"တံတားသစ်လုပ်မယ်လို့တော့ ကြားနေရပါတယ်။ လုပ်ငန်းတွေကတော့ မစသေးပါဘူး။       မြ၀တီရေဂူကနေ ထိုင်းနိုင်ငံဘက် ၀မ်းစကင်း(ခ်)ကိုဆက်မှာ တံတားကို ကြီးကြီးဆောက်မယ် ဆိုရင်တော့ ကုန်သွယ်ရေးပိုင်းမှာ ပိုအဆင်ပြေနိုင်မှာဖြစ်ပါတယ်"ဟု မြ၀တီမြို့ခံကုန်သည် ဦးကျော် ကျော်ကပြောသည်။
အဆိုပါဒုတိယမြောက်မြ၀တီတံတားသစ်သည် မြ၀တီမြို့ပြင်မှဖြတ်ကာ အာရှလမ်းမတွင် ပြန် ဆုံပြီး ကုန်သွယ်ရေးဇုန်သို့ ဆက်သွယ်ထားကြောင်း သိရသည်။
 

"လမ်းစီမံကိန်းအတွက် လမ်းတွေကလဲ မပြီးသေးပါဘူး။ မြ၀တီတံတား(၁)က အရင်တုန်းက တန်၆၀လောက်ဖြတ်သန်းခွင့်ပြုထား တယ်။ နောက်ပိုင်းကျတော့ တန်၃၀လောက်ပဲ ပေးဖြတ်တော့တယ်"ဟု မြို့ခံကုန်သည်တစ်ဦးက ပြောသည်။
 

မြန်မာ-ထိုင်းချစ်ကြည်ရေးတံတား အမှတ်(၁)ကြံ့ခိုင်ရေးနှင့် ချစ်ကြည် ရေးတံတားအမှတ်(၂)အသစ်တည်ဆောက်ရေးအတွက် နှစ်နိုင်ငံလုပ်ငန်း ကော်မတီများတွေ့ဆုံပြီး နယ်နိမိတ်တိုင်းတာသတ်မှတ်ရေး တံတားနေရာ တိုင်းတာ၊ ပုံစံထုတ်လုပ်ရေးစသည့်ကိစ္စရပ်များကိုဆွေးနွေးရန် ထိုင်းနိုင်ငံဘက် တွင် လမ်းဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးဆောင်သည့် သက်ဆိုင်ရာ ဌာနများမှ ကိုယ်စားလှယ်များပါဝင်သော အဖွဲ့ဝင် ၁၆ဦးကိုဖွဲ့စည်းခဲ့ပြီးဖြစ် သည်။
 

မြန်မာနိုင်ငံဘက်မှလည်း ယင်းလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်နိုင် ရန် မြန်မာ-ထိုင်း ချစ်ကြည်ရေး ဒုတိယမြောက်မြ၀တီတံတားတည်ဆောက် ရေးအတွက် လုပ်ငန်းကော်မတီအဖြစ် ဦးဝင်းတင့် ဒုတိယဦးဆောင်ညွှန်ကြား ရေးမှူး(လုပ်ငန်း) ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း ဆောက်လုပ်ရေးဝန်ကြီး ဌာနအား အဖွဲ့ခေါင်းဆောင်အဖြစ်လည်းကောင်း၊ ဦးနေအောင်ရဲမြင့် ဒုတိယ အင်ဂျင်နီယာချုပ်(တံတား)တံတားဦးစီး ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အတွင်းရေးမှူးအဖြစ်ပါဝင်၍ စုစုပေါင်း အဖွဲ့ဝင် ၁၁ဦးဖြင့် ဖွဲ့စည်းထားပြီးဖြစ်သည်။
မြန်မာနှင့် ထိုင်းနိုင်ငံတို့သည် ၂၀၀၅-၂၀၀၆ဘဏ္ဍာနှစ်အတွင်း အမေရိ ကန်ဒေါ်လာ ၁၅၉၃သန်း ကုန်သွယ်နိုင်ခဲ့ပြီး ၂၀၀၉-၂၀၁၀ဘဏ္ဍာနှစ်တွင် အမေရိကန် ဒေါ်လာသန်းပေါင်း ၃၅၇၇ကုန်သွယ်နိုင်ခဲ့ကြောင်းသိရသည်။
 

မြန်မာနိုင်ငံနှင့် ကုန်သွယ်မှုပြုလုပ်လျက်ရှိသည့်နိုင်ငံများအနက် ထိုင်း နိုင်ငံသည် ကုန်သွယ်မှုပမာဏအများဆုံးနိုင်ငံတစ်ခုဖြစ်ကြောင်းသိရကာ အိမ်နီးချင်းနိုင်ငံများ နယ်စပ်ကုန်သွယ်ရေးပမာဏနှိုင်းယှဉ်ပါကထိုင်းနိုင်ငံသည် ဒုတိယကုန်သွယ်ဖက်နိုင်ငံတစ်ခုဖြစ်ကြောင်း သိရသည်။
 

မြ၀တီနယ်ကုန်သွယ်ရေးစခန်းအား ၂၀၁၀ပြည့်နှစ် ဇူလိုင်လမှစတင် ပိတ်ထားခဲ့ရာ မြ၀တီသို့တင်ပို့မည့် ကုန်စည်များအား မြိတ်-ကော့သောင်းဒေသ များမှတစ်ဆင့် ထိုင်းနိုင်ငံသို့တင်ပို့လျက်ရှိကြောင်း သိရသည်။

No comments: