ထူးချွန်ထက်မြက်သည့် မြန်မာ ကျောင်းသား ကျောင်းသူများ အတွက် ပညာသင်ဆုနှင့် Bursary များပေး အပ်ချီး မြှင့်ရန် သြစတြေးလျ နိုင်ငံ အနောက်ပိုင်း ရှိအကြီးဆုံးတက္ကသိုလ် ဖြစ်သော Crutin University က စီစဉ်ထားကြောင်း YIUS မှတာဝန် ရှိသူတစ်ဦး ဖြစ်သည့် မခက်ခက်က ပြောကြားသည်။
“ဇူလိုင်လကုန်မှာ ကျင်းပမယ့် Curtin University ရဲ့ ပညာရေး ဆွေးနွေးပွဲမှာ ထူးချွန်မြန်မာ ကျောင်း သားများ အတွက် ပညာသင်ဆုနဲ့ Bursary များပေးအပ်ဖို့စီစဉ်ထား ပါတယ်။ အဲဒီဆွေးနွေးပွဲမှာ Curtin Universtiy မှ Ms. Corrinne Li ကိုယ်တိုင် လာရောက် ဆွေးနွေးမှာပါ။ အခြေခံ ပညာ အထက်တန်း အောင်မြင် ပြီးသူများ၊ ဘွဲ့ကြိုဘွဲ့ရနဲ့ ကျောင်း သား မိဘတွေလည်း အခမဲ့တက်ရောက် နိုင်ပါတယ်” ဟု မခက်ခက်က ရှင်းပြ သည်။
Curtin University သည် သြစတြေးလျနိုင်ငံ အနောက်ပိုင်းရှိ အကြီးဆုံး တက္ကသိုလ်ဖြစ်ပြီး နိုင်ငံ ပေါင်း စုံမှ ကျောင်းသားဦးရေ ၄၀,၀၀၀ ကျော်သည် အဆိုပါ တက္ကသိုလ် ဃောစကျ campus ၁၆ ခုတွင်တက်ရောက် လျက်ရှိကြောင်း၊အင်ဂျင်နီယာ ပညာ ရပ်၊ ကွန်ပျူတာ၊ စီးပွားရေးနှင့် ကျန်းမာရေး သိပံ္ပ၊ ဗိသုကာပညာ၊ ရုပ်ရှင်နှင့်ဒီဇိုင်း၊ လူ့စွမ်းအား အရင်း အမြစ်၊ သူနာပြုနှင့် ဥပဒေပညာရပ် များကို ပါရဂူအဆင့် အထိ တက် ရောက်သင်ကြား နိုင်ကြောင်း သိရ သည်။ အဆိုပါ ဟောပြောပွဲကို ဇူလိုင် ၃၀ ရက် နေ့လယ် ၁ နာရီတွင် ရန် ကုန်မြို့၊ ကုန်သည်ကြီးများ ဟိုတယ်၊ ကုန်းဘောင် တကောင်း ခန်းမတွင် ကျင်း ပခဲ့ကြောင်း သိရသည်။
မိုးသက်ကို
The Myanmar Post

No comments:
Post a Comment