Monday, August 1, 2011

ကျေးဇူးပြုပြီး မရယ်ပါနဲ့ ၁.၈.၂၀၁၁

*၁.*

အင်တာဗျူးတစ်ခုတွင်....
မန်နေဂျာ။ ။ မင်းဟာ သုံးထပ်တိုက်ပေါ်ရောက်နေတယ်လို့
စိတ်ကူးကြည့်လိုက်၊ အဲဒီတိုက်ကိုမီးလောင်နေပြီဆိုပါ
တော့၊ မင်းဘာဆက်လုပ်မလဲ
ကိုထုံ ။ ။ လွယ်လွယ်လေး၊ စိတ်ကူးနေတာကို ရပ်လိုက်မှာပေါ့၊


*၂.*

ကိုထုံ ။ ။ အဲဒီကောင်မလေးက နားလေးနေတယ်ထင်တယ်ကွ
သူငယ်ချင်း ။ ။ ဘာလို့ လဲ
ကိုထုံ ။ ။ ငါက သူ့ကိုချစ်တယ်လို့ပြောတာကို...သူ့ ထီးက အသစ်ကြီးနော်
လို့ပြန်ပြောတယ်လေ


*၃.*

စာသင်ခန်းအတွင်း၌ဖြစ်သည်...
ဆရာ ။ ။ ကမ္ဘာပေါ်မှာ ရှေးအကျဆုံး သတ္တဝါကို ပြောပါ
ကိုထုံ ။ ။ မြင်းကျား
ဆရာ ။ ။ ဘာလို့လဲ
ကိုထုံ ။ ။ သူက အဖြူအမဲ ဘဲရှိသေးတယ်လေ...


*၄*

ကွန်ပြူတာကုမ္မဏီ ၏ အင်တာဗျူးတစ်ခုတွင်....
မန်နေဂျာ။ ။ မင်း MS office ကို သိသလား
ကိုထုံ ။ ။ လိပ်စာသာပေးလိုက်ပါ၊ ရအောင်ရှာသွားလိုက်ပါမယ်...


*၅.*

စာသင်ခန်းအတွင်း၌ဖြစ်သည်...
ဆရာ ။ ။ လိမ္မော်သီး နဲ့ ပန်းသီး ရဲ့ခြားနားချက်ကိုပြောပါ
ကိုထုံ ။ ။ လိမ္မော်သီးရဲ့ အရောင်က လိမ္မော်ရောင်ဖြစ်ပေမယ့်
ပန်းသီးရဲ့အရောင်က ပန်းရောင်မဟုတ်ဘူးလေ။

No comments: