Sunday, August 14, 2011

အခြေခံဂီတသင်တန်း

ကလေးသူငယ်များကိုပြုစုသင်ကြားခြင်းအမှုတော်မြတ်သည်ခရစ်တော်ဘုရားကိုယ်တိုင်သွန်သင်ခဲ့သော်
အမှုတော်လုပ်ငန်းတစ်ခုဖြစ်သည်။အသင်းတော်၏အမှုတော်မြတ်တွင်လည်းသင်ကြားပြုစုပျိုးထောင်ခြင်း
သည်ထူးခြားသောအမှုတော်တစ်ခုဖြစ်သည်။

ကျေးဇူးတော်အသင်းတော်မယ်ဆိုင်မြို့၏အခြေခံဂီတသင်တန်းဖွင့်ပွဲကိုလည်း ၆.၈.၂၀၁၁ ရက်နေ့တွင်အောင်
မြင်စွာဖွင့်လှစ်နိုင်ခဲ့ပါသည်။

အဓိကအားဖြင့်တယောသင်တန်း၊ဂီတာသင်တန်းနှင့် Piano သင်တန်းတို့ကိုဦးစွာဖွင့်လှစ်နိုင်ခဲ့ပါသည်။အပတ်
စဉ်စနေနှင့်တနင်္ဂနွေနေ့များတွင်ပို့ချပေးရန်ပြင်ဆင်ထားပါသည်။တယောသင်တန်းတွင် ၂၈ ဦး၊ဂီတာသင်တန်းတွင် ၉ ဦးနှင့် Piano သင်တန်းတွင် ၄ ဦးအထိသင်ကြားလျှက်ရှိပါသည်။

အသင်းတော်မှဆရာ၊ဆရာမများမှအဓိကထားပို့ချပေးပါသည်။အစီအစဉ်ဖြစ်မြောက်ရေးအတွက်ဝိုင်းဝန်း
ကူညီကြသည့်ညီအစ်ကိုမောင်နှမများကိုလည်းအသင်းတော်မှကျေးဇူးတင်ရှိပါကြောင်းမှတ်တမ်းတင်အပ်
ပါသည်။

ဆက်လက်ပြီးလိုအပ်သောအသုံးအဆောင်များစွာလိုအပ်နေပါသေးသည်။ဝိုင်းဝန်းဆုတောင်းပေးပါရန်
ဖိတ်ခေါ်အပ်ပါသည်။






No comments: