Sunday, August 14, 2011

ကျေးဇူးပြုပြီးမရယ်ပါနှင့် (၁၄.၈.၂၀၁၁)

ဖြစ်ခဲ့မိတာက

“ကျွန်မတို့ အိမ်ထောင်သက်တမ်းက ဒီနေ့ဆိုရင် နှစ်ပေါင်းအစိတ်ရှိပြီ။
တစ်ခါတလေ ကျွန်မကို ကွာရှင်းချင်စိတ် မဖြစ်မိခဲ့ဖူးလား”
“ဟင့်အင်း၊ သတ်ပဲသတ်ချင်တယ်”


သနားသွားလို့

“မနေ့ညက ငါ့အိမ်ကို သူခိုးဝင်ခဲတယ်”
“ဘာတွေ ပါသွားသေးလဲ”
“တစ်အိမ်လုံး နှံ့နှံ့တက် လိုက်ရှာပြီးတော့ စားပွဲအပေါ်မှာ ငါ့အတွက်
ငွေတစ်ရာတင်ပေးထားခဲ့ပြီး လက်ချည်းသက်သက် ပြန်ထွက်သွားတယ်”



အားမပေးပါနဲ့

“ရေဒီယို အသံလွှင့်ရုံတွေကို ဘာလို့အဆောက်အဦ အမြင့်ကြီးတွေမှာ ထားရတာလဲ”
“အဆိုတော်ကို ခဲနဲ့လှမ်းပေါက်ရင် မမီနိုင်အောင်လို့”



လူ့အဖိုးတန်

“လူ့အဖိုးတန် ဖြစ်ချင်တယ်ဆိုပြီး အိမ်ကထွက်သွားတဲ့ ရှင့်သားလေး အခြေအနေဘယ်လိုလဲ။ တိုးတက်မှုရှိပြီလား”
“အင်း ထင်တာပဲ၊နိုင်ငံခြားအစိုးရတစ်ခုက သူ့ကို ဆုငွေထုတ်ထားတယ်။
ဒေါ်လာတစ်သန်းတဲ့”


လျှို့ဝှက်ချက်

အခွန်ဝန်ထမ်းက ကုန်သည်ကိုပြောလိုက်သည်။
“ခင်ဗျားဟာ ကုန်သည်လုပ်နေပြီး နိုင်ငံတော်ကို အစီရင်ခံဖို့တော့ ပျက်ကွက်နေတယ်”
“အစီရင်ခံရမယ် ဟုတ်လား။ ဘာကို အစီရင်ခံ၇မှာလဲ”
“လုပ်ငန်းရဲ့ ပမာဏ၊ လုပ်ငန်းလည်ပတ်ငွေ၊ တစ်နှစ်တာ အမြတ်ငွေတို့ကို အစီရင်ခံရမယ်လေ”
“ခင်ဗျား ရူးနေလား၊ ဒီကိစ္စကို ကျုပ်မိန်းမတောင် အသိပေးတာမဟုတ်ဘူး”



သေချာတဲ့နည်း

“ကျွန်တော့်ကို ငွေငါးရာလောက် ခဏပေးပါ ဖေဖေ”
“ဘာလို့ဖို့လဲကွ”
“အလုပ်တစ်ခု လုပ်မလို့။ ကျိန်းသေပေါက် ငွေနှစ်ရာမြတ်မှာ။ အဲဒါကို အဖေနဲ့
ကျွန်တော်နဲ့တစ်ယောက်တစ်ရာစီ ခွဲယူရုံပဲ”
“ကဲ-ရော့ ငွေတစ်ရာ။ မင်းရဲ့အလုပ် အောင်မြင်ပြီလို့သဘောထားလိုက်။ အခု
မင်းရဲ့အမြတ်ငွေတစ်ရာ ရသွားပြီ။ ငါလည်း ငွေလေးရာ သက်သာသွားပြီ”


နည်းပေးလမ်းပြ

ကုမ္ပဏီအရှုံးပေါ်နေသဖြင့် စိတ်ပျက်လက်ပျက် ထိုင်နေသော ပိုင်ရှင်ကို
အတွင်းရေးမှူးက ပြောလိုက်သည်။
“ရုံးဝမှာ လူတစ်ယောက် ရောက်နေပါတယ်။ သူထမင်းမစားရတာ လေးရက်ရှိသွားပြီလို့
ပြောတယ်”
“ဟေ-ဟုတ်လား၊ သွားခေါ်စမ်း မြန်မြန်၊ သူ့ဆီက နည်းလမ်းတောင်းပြီး ငါ့ဝန်ထမ်းတွေ အဲဒီလိုနေခိုင်းရမယ်”

No comments: