Wednesday, August 3, 2011

ကျေးဇူးပြုပြီးမရယ်ပါနှင့် (၃.၈.၂၀၁၁)

ချစ်ရတဲ့ မြေးလေး

အငြိမ်းစား တရားသူကြီးသည် စာသင်ကျောင်းထဲ ၀င်သွားခဲ့သည်။
“ကျွန်တော်ဟာ သူငယ်တန်းက ဆန်နီလေးရဲ့ အဘိုးပါ။ ကျွန်တော်မြေးလေး
ကျောင်းတက်တာ ကိုလာကြည့်တာပါ”
“သြော်…ဟုတ်ကဲ့၊ ဆန်နီလေးဟာ သူ့ အဘိုးအငြိမ်းစားတရားသူကြီးရဲ့ ဈာပနာကို
လိုက်ပို့စရာရှိလို့ ဆိုပြီး ခွင့်ယူသွားပါတယ်ရှင် ”


သူဆိုရင် လက်တည့်တယ်

“ဟေ့လူ ဟောဟိုမှာစုပြီး ကစားနေတဲ့ကလေးငယ်တွေထဲက ကျွန်တော့်ကို ခဲနဲ့
လှမ်းပေါက်တာ ခင်ဗျားသားဖြစ်မယ်ထင်တယ်”
“ခင်ဗျားကို ထိသွားလို့လား”
“ဟင့်အင်း”
“အဲဒါဆို ကျွန်တော့်သားမဟုတ်ဘူး”


ယုံကြည်လာသူ

“ငါ့မိန်းမက ငါ့ကို ဘာသာရေးသမားဖြစ်အောင် လုပ်ပေးလိုက်တယ်ကွ”
“ဘယ်လိုလုပ်ပေးတာလဲ သူငယ်ချင်း”
“သူနဲ့လက်မထပ်ခင်အထိ ငရဲရှိတယ်ဆိုတာ ငါမယုံခဲ့ဘူးလေ”


သမက်ရဲ့စေတနာ
“ယောကျာ်ားရေ မေမေကပြောနေတယ်။ ရှင်ပြောတဲ့ဟာသတွေက အရမ်းရယ်ရလွန်းလို့
အူတက်ပြီး သေမတက်ပဲတဲ့”
“တကယ်လား၊ ဒါဆို ဒီထက်ပိုရယ်ရတဲ့ ဟာသတွေ ပြောပြပေးမယ်”


ပေါက်ကရမပြောနဲ့

ယာဉ်ထိန်းရဲက အမြန်မောင်းလာသူကို ပြောလိုက်သည်။
“လူကြီးမင်းရဲ့ ကားမောင်းနှုန်းက တစ်နာရီ ၈၅ မိုင်ဖြစ်နေပါတယ်”
“ပေါက်ကရမပြောနဲ့။ ငါမောင်းလာတာမှ ဆယ်မိနှစ်ပဲ ရှိသေးတယ်”


ကြည့်ရှင်းသွားလိမ့်မယ်

“ဟေ့ ၀ိတ်တာ၊ ငါ့လက်ဖက်ရည်ခွက်ထဲမှာ ယင်ကောင်ကြီးနဲ့”
“ဘာမှမပူနဲ့၊ လူကြီးမင်းရဲ့ ပေါင်မုန့်ယိုသုတ်ပေါ်မှာရှိတဲ့ ပင့်ကူက
ကြည့်ရှင်းပေးသွားလိမ့်မယ်”


သူ့ဆုတောင်း

အိုင်ယာလန်နိုင်ငံရှိ ဆုတောင်းပြည့်ရေတွင်းကြီးသို့ လူလတ်ပိုင်းအရွယ်
စုံတွဲနှင့် မိတ်ဆွေတစ်ယောက်တို့ ရောက်ရှိလာကြသည်။
ခင်ပွန်းသည်က အကြွေတစ်စေ့ကို တွင်းထဲပစ်ချပြီး ငြိမ်သက်စွာအာရုံပြု
ဆုတောင်းနေသည်။ ဇနီးသည်ကလည်း သူ့ခင်ပွန်းကဲ့သို့ ပြုလုပ်လိုက်သည်။
သို့သော် အကြွေစေ့ပစ်ချစဉ် အရှိန်လွန်ခြေချော်ကာ
တွင်းထဲသို့လိမ့်ကျသွားသည်။
လောလောလတ်လတ် မုဆိုးဖိုဖြစ်သွားသည့် ခင်ပွန်းဖြစ်သူက သူ့မိတ်ဆွေကို
လှည့်ပြောလိုက်သည်။
“ချက်ချင်းဆုတောင်းပြည့်တာ အံ့စရာပဲဗျာ”


ဒါကပေါ့တာကိုး

“စုန်းတွေဟာ ဘာကြောင့် တံမြက်စည်းကိုစီးတာလဲ”
“ဖုန်စုပ်စက်က အရမ်းလေးလွန်းလို့ပါ”


မေမေလာပြီးရှင်းပေးမယ်

လေးနှစ်အရွယ် ကလေးငယ်သည် တော်ဖီမစားရ၍ စိတ်ကောက်နေသည်။ ချော့မော့မရသဖြင့်
မိခင်က အလျှော့ပေးလိုက်သည်။
“မေမေတို့အိမ်ရဲ့ မျက်စောင်းထိုးဆိုင်မှာ နှစ်ခုသွားဝယ်စား။ ပြီးရင် မေမေ
လာရှင်းပေးမယ် ပြောလိုက်”
ကလေးငယ်သည် မျက်စောင်းထိုးဆိုင်တွင် တော်ဖီနှစ်ခုယူပြီးနောက်
ဆိုင်ရှင်ကို မေးလိုက်သည်။
“ဘယ်လောက်ကျလဲ ဦးဦး”
“ရပါတယ် သားသားရယ်၊ ဦးဦးကို တစ်ခါပဲ မွှေးမွှေးပေးခဲ့”
“ဟုတ်ကဲ့ ကျတဲ့တန်ဖိုးကို မေမေလာပြီး ရှင်းပေးလိမ့်မယ်”


ငွေမရှိတော့လို့

“မနေ့ညက စာအုပ်တစ်အုပ်ဖတ်ရင်း မျက်ရည်ခဲ့ရတယ်ကွာ”
“ဟုတ်လား၊ စာရေးဆရာ ဘယ်သူ့ရဲ့ စာအုပ်လဲ သူငယ်ချင်း”
“ငါ့ရဲ့ ဘဏ်စာအုပ်ပါ”


မတော်တဆမှု

“ရထားစီးရင်း မတော်တဆမှု ကြုံခဲ့ဖူးလား”
“ကြုံဖူးတာပေါ့၊ ရထားကြီး ဥမင်လိုဏ်ခေါင်းထဲဝင်သွားတုန်း ဘေးနားက
အမျိုးသမီးထင်ပြီး ဖက်နမ်းလိုက်တာ သူ့ဖားသားကြီး ဖြစ်နေတယ်”


အဓိကအလုပ်

“မင်းဟာ ဆရာဝန်တစ်ယောက် ဖြစ်နေပြီဆိုပါစို့ကွာ။ မင်းကုနေတဲ့ လူနာဟာ
တစ်နေ့တခြား အခြေအနေ ဆိုးလာပြီဆိုရင် ဘာလုပ်မလဲကွ”
“ဆေးကုခတွေ အမြန်ဆုံးတောင်းထားရပါလိမ့်မယ် ဆရာ”

No comments: