Sunday, August 7, 2011

ကော်ဖီသောက်တာ များနေပြီလား

ကော်ဖီ သောက်တယ်ဆိုတာမကောင်းတဲ့ အကျင့်မဟုတ်ပါဘူး။ ဒါပေမယ့် အလွန်အကျွံ ဖြစ်လာမယ်ဆိုရင်တော့ သင့်ကျန်းမာရေး အတွက် စဉ်းစားဖို့ လိုကို လိုနေပါပြီ။ တစ်နေ့ကို ကော်ဖီ လေးခွက်နဲ့အထက် သောက်နေမိသူ ဆိုရင် ဒါတွေဖတ်ကြည့်ပါဦး။

၁။ ကော်ဖီထဲမှာပါတဲ့ ကဖင်းဓာတ်က ဆေးစွဲသလိုပဲ စွဲတတ်ပါတယ်။ ဒါပေမယ့် အဲဒီလို စွဲလမ်းတာကို ဖြတ်ပစ်နိုင်မယ့် နည်းလမ်း တွေလည်းရှိပါတယ်။ ဒီတော့ ကော်ဖီရဲ့ မကောင်းကျိုးတွေကို အရင်ချရေးပါ။ သွားတွေပျက်စီးစေမယ်၊ အရိုးခိုင်မာမှုကို လျော့နည်း စေတယ်၊ ဒေါသဖြစ်လွယ်စေတယ်ဆိုတာတွေပေါ့။

၂။ ကိုယ့်ကိုယ်ကိုယ် ဒီစွဲလမ်းမှုက လွန်မြောက်နိုင်တယ်လို့ ယုံကြည်မှုအပြည့်ထားပါ။ အချိန်ကြာလည်း ကြာသွားနိုင်တယ်ဆိုပေမယ့် ပြတ်ကို ပြတ် နိုင်တယ်လို့ ယုံကြည်ပါ။

၃။ ကြိုးစားပြီး ဖြတ်နေချိန်မှာ ခေါင်းကိုက်တာ၊ မောပန်းလွယ်တာ၊ အာရုံစူး စိုက်ရခက်တာ၊ သွားရလာရတာ လေးလံ ထိုင်းမှိုင်းလာ တာ၊ တုပ်ကွေးပုံစံ ရောဂါ လက္ခဏာတွေပြလာတာမျိုးတွေ ဖြစ်နိုင် တယ်ဆိုတာသိထားပြီးကြိုပြင်ဆင်ထားပါ။

၎။ ရေနွေးကြမ်းသောက်ပါ။ ရေများများသောက်ပါ။ တစ်ယောက်တည်း ဖြတ်ဖို့ကြိုးစားတာထက် အပေါင်းအသင်းနဲ့ကော်ဖီမသောက် မိအောင် ကြိုးစားပါ။ ချက်ချင်းကြီးဖြတ်တာထက် တဖြည်းဖြည်းချင်း လျှော့သောက်ပါ။

No comments: