Saturday, August 6, 2011

ကျေးဇူးပြုပြီးမရယ်ပါနှင့် (၆.၈.၂၀၁၁)

သေးလွန်းလို့

“ဟေး ၀ိတ်တာ၊ မင်းလာချပေးတဲ့ ထမင်းကြော်ပန်းကန်ထဲမှာ တီကောင်နှစ်ကောင်
ပါလာတယ်ကွ”
“အဲဒါ ၀က်အူချောင်းပါ ဆရာ”


ဝိုင်းကူမှ ပိုဆိုး

“သားရဲ့ အိမ်စာတွေ မေမေ ၀ိုင်းကူရေးပေးလိုက်တာ ဆရာမက ဘာတွေပြောသေးလဲကွဲ့”
“သားကိုယ်တိုင်ရေးရင် ဒီလောက်မမှားနိုင်ဘူးတဲ့”


ဒါကြောင့်မို့

“ဒီလူတွေအကုန်လုံး မတ်တတ်ရပ်နေအောင် မင်းဘယ်လိုလုပ်လိုက်တာလဲ”
“ထိုင်ခုံတွေ သွားဝှက်ထားလိုက်တာပါ”



ခွေးဖြစ်ပြီမို့

“ကိုယ့်ကိုယ်ကို ခွေးဖြစ်သွားပြီ ထင်နေမိလို့ ကယ်ပါဦးဒေါက်တာရယ်”
“ကောင်းပြီ၊ ခုတင်ပေါ်တက် လှဲလိုက်ပါ”
“ဟင့်အင်း၊ ခုတင်အောက်ပဲ ၀င်ပါရစေ”



မိသားစု

“ကြောင်မိသားစုဝင်လေးမျိုးကိုပြောပြစမ်းကွာ”
“ကြောင်အဖေကြီး၇ယ်၊ ကြောင်အမေကြီးရယ်၊ ကြောင်ပေါက်စန နှစ်ကောင်ရယ်ပါဆရာ”


မေ့မေ့စကား

“မေမေ သားကို ကိတ်မုန့် နှစ်လုံးပေးပါ”
“မနက်ဖြန်မှ တစ်လုံးစားလေကွယ်”
“ဟွန့် မေမေပဲပြောတယ်လေ။ ဒီနေ့ လုပ်ရမယ့် အလုပ်ကို မနက်ဖြန် မရွှေ့ပါနဲ့တဲ့”



စေတနာနဲ့ပါ

“မနက်စောစော လူကြီးတစ်ယောက်ကို ကူညီခဲ့တယ် ဖေဖေ”
“စောစောစီးစီး ဘာကူညီခဲ့တာတုန်းသားရဲ့”
“ဘေးခန်းက ဦးလေးကြီး သူအလုပ်သွားတော့ မမီမှာစိုးလို့
အိမ်ကအင်းခွေးကြီးကို ကြိုးဖြည်ပေးလိုက်တယ်။ခွေးလိုက်ဆွဲလို့
အတင်းပြေးတာကြောင့် သူ့အလုပ်ကို ကောင်းကောင်းမီမှာ ကျိန်းသေတယ် ဖေဖေရဲ့”



လက်ထပ်စရိတ်

“မိန်းမယူရင် လက်ထပ်စရိတ် ဘယ်လောက်ကုန်မလဲ ဖေဖေ”
“မသိဘူးသား ဖေဖေတော့ ဒီနေ့အထိ ပေးနေရတုန်းပဲ”



ဖြစ်ခဲ့မိတာက

“ကျွန်မတို့ အိမ်ထောင်သက်တမ်းက ဒီနေ့ဆိုရင် နှစ်ပေါင်းအစိတ်ရှိပြီ။
တစ်ခါတလေ ကျွန်မကို ကွာရှင်းချင်စိတ် မဖြစ်မိခဲ့ဖူးလား”
“ဟင့်အင်း၊ သတ်ပဲသတ်ချင်တယ်”


သနားသွားလို့

“မနေ့ညက ငါ့အိမ်ကို သူခိုးဝင်ခဲတယ်”
“ဘာတွေ ပါသွားသေးလဲ”
“တစ်အိမ်လုံး နှံ့နှံ့တက် လိုက်ရှာပြီးတော့ စားပွဲအပေါ်မှာ ငါ့အတွက်
ငွေတစ်ရာတင်ပေးထားခဲ့ပြီး လက်ချည်းသက်သက် ပြန်ထွက်သွားတယ်”



အားမပေးပါနဲ့

“ရေဒီယို အသံလွှင့်ရုံတွေကို ဘာလို့အဆောက်အဦ အမြင့်ကြီးတွေမှာ ထားရတာလဲ”
“အဆိုတော်ကို ခဲနဲ့လှမ်းပေါက်ရင် မမီနိုင်အောင်လို့”

No comments: