ရည်းစားတွေ၊ ချစ်သူတွေ၊ အိမ်ထောင် ဘက်တွေပဲ။ ချစ်တော့ ချစ်တာပေါ့။ ဒါပေမယ့် တစ်ခါတစ်ရံမှာ ချစ်ရတာကိုပဲ ငြီးငွေ့တာမျိုး တွေလည်း ဖြစ်တတ် ပါတယ်။ အချစ်တွေ အမြဲလတ်ဆတ် အောင် ဒါလေးတွေ ဖတ်ကြည့်ပါဦး။
၁။ အရေးအကြီးဆုံးက 'ချစ်တယ်'ဆိုတဲ့ စကားလေးကိုပြောဖို့ သတိရပါ။ အမြဲတမ်းပြောနေပြန်ရင်လည်း ရိုးအီ သွားတတ်ပါတယ်။ မထင်မှတ်တဲ့အချိန် မှာ ရင်ထဲကနေ တကယ့်ကို လှိုက်လှိုက် လှဲလှဲနဲ့ ပြောပါ။
၂။ ကိုယ်နဲ့သူ့ရဲ့ အမှတ်တရလေး တွေရှိမယ့်နေရာတွေကို သွားပါ။ မှတ်မှတ်ရရဖြစ်စရာ အကြောင်းလေးတွေ ရှိတယ်ဆိုရင်လည်း ကြုံကြိုက်တဲ့အခါ သင် အမှတ်တရရှိနေကြောင်း ပြောပြပါ။
၃။ ခရီးတိုလေးတွေ ထွက်တာပဲဖြစ်ဖြစ်၊ ခရီးရှည်ထွက် တာပဲဖြစ်ဖြစ် အပန်း လည်းပြေ၊ အမှတ်တရလည်း ဖြစ်မယ့် ခရီးလေးတွေ ထွက်ပေးဖို့ လိုပါတယ်။ ချစ်သူကို အချိန်ပေးပြီး လျှောက်လည်တာပဲ ဖြစ်ဖြစ်ပေါ့။
၎။ တန်ဖိုးကြီးသည်ဖြစ်စေ၊ နည်းသည်ဖြစ်စေ အမှတ်တရဖြစ်မယ့် လက်ဆောင်တွေပေးပါ။ ဒါက သူ့ကိုကိုယ် အလေးထားတယ်၊ အမြဲစိတ်ထဲထားတယ်ဆိုတာ ဖော်ပြရာရောက်ပါတယ်။ သင့်ချစ်သူအကြိုက်ဆိုရင်တော့ ပိုကောင်းတာပေါ့။

No comments:
Post a Comment