Saturday, August 6, 2011

ဂျပန် ပညာတော်သင် သွားရင် Scholarship ရမှာလား

မြန်မာနိုင်ငံမှ ဂျပန်နိုင်ငံသို့ ပညာတော် သင်သွားရောက်ကြသည့် ကျောင်းသား၊ ကျောင်းသူများ Scholarship Program အများ ဆုံးရရှိပေးအပ်သည့် ကျောင်းဖြစ် သော Fuji Japanese language Centre မှ မန်နေဂျာအောင် ခင်ညွန့်နှင့် တွေ့ဆုံ၍ ကျောင်းသား၊ ကျောင်းသူများ၏ လတ်တလောဖြစ် ပေါ်နေသော အခက်အခဲ များကိုမေး မြန်းခဲ့ရာ အောက်ပါအတိုင်း မြန်မာ ပို့စ်ဂျာနယ်သို့ ဖြေကြားပေးခဲ့ပါ သည်။

မြန်မာနိုင်ငံမှာ ဂျပန်ဘာသာစကားကို လေ့လာလိုက်စားတဲ့သူ ဘယ်လောက်ရှိလဲ။

ဒီမြန်မာနိုင်ငံက ဂျပန်ဘာသာ စကားကိုလေ့လာသူတော့များတယ်။ ဒါပေမယ့် တကယ့်အကောင်အထည် ဖော်နိုင်တဲ့သူနည်းတယ်။ များသော အားဖြင့်တော့ ၀ါသနာပါလို့ တက် တာမှန်တယ်။ ပံ့ပိုးမှုရှိသူနဲ့၊ မရှိသူ ဆိုရင် ပံ့ပိုးမှုရှိတဲ့ သူတွေကအမှန် တကယ် ရည်ရွယ်ချက်ခိုင်ခိုင်မာမာနဲ့ ပြီးဆုံး အောင် တက်ရောက် နိုင်တယ်၊ ရာခိုင်နှုန်းနှင့်ဆိုရင်တော့ရာနှုန်းပြည့် တက်ကြတယ်။ ဒါပေမယ့် ၁၀ ရာခိုင်နှုန်းလောက်ပဲ အောင်မြင်နေ တာတွေ့ရတယ်။

ဂျပန်ကနေ Scholarship နဲ့ခေါ် တဲ့ကျောင်းတွေကောရှိလား။

ဂျပန်အစိုးရက ပညာရေးဝန် ကြီးဌာနကို မြန်မာနိုင်ငံအတွက် တစ်နှစ်ကို ပညာသင်ဆုကျောင်းသား၊ ကျောင်းသူဦးရေ ၁၀၀ ပြည့်အောင် ပေးဆိုပြီး သတ်မှတ်ထားတယ်။ ဒါ ပေမယ့် မြန်မာနိုင်ငံက Scholarship  ရတဲ့သူက တစ်နှစ်ကို ၁၀ ယောက်တောင်မပြည့်ဘူး။ ခုနစ် ယောက်က အများဆုံးပဲ။ အဲဒီထဲမှာမှ ကျွန်တော်တို့ Fuji Japanese Centre ကနေ အမှန် တကယ် save ဖြစ်တဲ့ကျောင်းနှစ် ကျောင်းကိုပဲ ရွေးထားတယ်။ အဲဒီ ကျောင်းတွေက SHIZUOKA International School နှင့် SHINJUKI International Exchange School တွေပါ။ အခြားကျောင်း တွေကတော့ အများကြီးရှိတယ်။

အဲဒီကျောင်းတွေကို တက်မယ်ဆို Level ဘယ်လောက်ရှိမှတက်လို့ရမှာလဲ။ စာသင် နှစ်ကရော ဘယ်လောက် ကန့်သတ်ထားလဲ။

အခု ကျွန်တော်ပြောနေတဲ့ SHIZUOKA  နှင့်  SHINJUKU ကျောင်းတွေက Language School တွေပဲ။ မြန်မာနိုင်ငံကနေ ဂျပန်ဘာသာ အရည်အချင်းစစ်စာ မေးပွဲ N5, N4, N2, N1 အဆင့်ဆို ရင် ၀င်ခွင့် လျှောက်လို့ရတယ်။ ၀င် ခွင့်အောင်တယ်ဆိုရင် နှစ်နှစ်တက်ရ မယ်။ နောက်ဆုံးနှစ်မှာ တက္ကသိုလ် ၀င်ခွင့်လိုမျိုး စာမေးပွဲဖြေရတယ်။ ရမှတ် ၃၃၅ မှတ်ဆိုရင် ပညာသင် ဆုပေးတယ်။ ကိုယ်ကြိုက်တဲ့မေဂျာ ကိုရွေးပြီး တက္ကသိုလ် လေးနှစ်တက် ခွင့်ရတယ်။ ကျောင်းပြီးလို့ ဟိုမှာ အလုပ်ဆက်လုပ်မယ်ဆိုရင်လည်း ရတယ်။ ကျောင်းစပြီးတက်တဲ့နေမှာ ပဲ ကျွန်တော်တို့ကုမ္ပဏီက အလုပ် ရှာပေးတယ်။ တစ်ကြိမ်ပဲ။ အဲဒါက လည်း စားဝတ်နေရေးအတွက် အ ထောက်အပံ့ဖြစ်အောင်လို့။ မြန်မာ နိုင်ငံမှာ fuji ကျောင်းကနေ N1, N2, N3 အောင်တဲ့သူတွေကို လေ ယာဉ်လက်မှတ်အခမဲ့ ပေးတဲ့အပြင် တခြား ၀န်ဆောင်ခ နှုန်းတွေလည်း လျော့ပေးတယ်။ ပြီးတော့တက္ကသိုလ် ပြီးဆုံးသွားတဲ့ အချိန်မှာ ဂျပန်နိုင်ငံ မှာရှိတဲ့ လုပ်ငန်းခွင် တွေမှာအလုပ်ရ တဲ့အထိ တာဝန်ယူပေးတယ်။

အဲဒါဆို language school တွေမှာရော ပညာသင်ဆုမပေးဘူးလား၊

မြန်မာနိုင်ငံမှာက ဂျပန်သံရုံး ကကျင်းပတဲ့ ဂျပန်ဘာသာအရည် အချင်းစစ် JLPT (သို့) NAT-TEST စာမေးပွဲက တစ်နှစ်မှာ လေးကြိမ် ရှိတယ်။ ဇန်န၀ါရီ၊ ဧပြီ၊ ဇူလိုင်၊ အောက်တိုဘာလ တွေမှာ ဖြေတာ များ  တယ်။ ဘာလို့လည်း ဆိုတော့ ဂျပန်နိုင်ငံမှာရှိတဲ့ Language School တွေက ဧပြီဆို ဗီဇာတစ်နှစ်ရ တယ်။ အောက်တိုဘာလ မှာဖြေရင် ဗီဇာသက်တမ်းတစ်နှစ်ခြောက်လ ရတယ်။ စပြီးကျောင်းလျှောက်တဲ့အ ချိန်မှာ တာ့ ဘယ်သူမှ ပညာသင်ဆု မရဘူး။ ကျောင်းလျှောက် လို့ရပြီဆို မှ တစ်နှစ်လုံး တက်လာတဲ့ပေါ်မှာ မူတည်ပြီး scholar ပြန်ပေးတယ်။ တစ်ခါတလေ ကျောင်းသားကသူ Scholarship ရတာကိုမသိဘူး။ ကျွန်တော်တို့ ကျောင်းက သိနေပြီ ပေါ့။ များသောအားဖြင့် Scholarship ရသူများတယ်။ full scholar ရတဲ့သူကတော့နည်းတာပေါ့။

တချို့ကျောင်းသား၊ ကျောင်းသူတွေက အင်တာနက်ကနေ ကျောင်းလျှောက်လာတာ တွေ့နေရတယ်၊ အဲဒီပေါ်မှာကော ဘယ်လိုအကြံ ဥာဏ်ပေးချင်လဲ၊

ဟုတ်တယ်။ အခုက မြန်မာ နိုင်ငံမှာ ဒီလိုအေဂျင်စီတွေ မှိုလိုပေါ လာတာနဲ့ အမျှကျောင်းသားတွေက အေဂျင်စီ တွေကို မသွားတော့ဘူး။ ငါတို့က အင်တာနက်ကနေ form ဖြည့်ပြီး လျှောက်ရင် ရတာပဲဆိုပြီး တွေး ကြတယ်။ ဂျပန်နိုင်ငံက အခြားနိုင်ငံ တွေနဲ့ မတူပါဘူး။ကျောင်းလျှောက်ဖို့ form ဖြည့်ရာမှာ တစ်ခုခု လိုနေတာ ပဲဖြစ်ဖြစ်၊ စာရွက်စာတမ်း တစ်ခုခု လိုနေတာ ပဲဖြစ်ဖြစ် မပြည့်စုံရင် ပယ် တယ်။ အဲဒါဆို ဂျပန်ပြည်ဝင် ခွင့် အပိတ်ခံ ရတယ်။ ကျောင်းသား၊ ကျောင်းသူတွေ အနေနဲ့ ဒီလိုအရည် အချင်းစစ် စာမေးပွဲ အောင်မြင်ပြီ ဆို ရင် ကိုယ်သင်ခဲ့တဲ့ ဆရာတွေ၊ ဒါမှ မဟုတ် အေဂျင်စီတွေမှာ မိဘ နှင့်တ ကွ လာရောက် ဆွေးနွေးအကြံဥာဏ် ယူနိုင်တယ်။ အခြား အေဂျင့်တွေက ဆွေးနွေးခ ယူကောင်း ယူလိမ့်မယ်။ Fuji Language Centre မှာ ဆွေး နွေးခမယူပါဘူး။ အတင်းအကျပ် လည်း မတိုက်တွန်း ပါဘူး။ လမ်း ညွှန်ပေးမှာပါ။ ကျောင်းလျှောက် တယ်ဆိုတာကလည်း တိုက်ရိုက် လျှောက် လို့မရပါဘူး။ ကျွန်တော် တို့ဆီက နှစ်ဆင့် လျှောက်ပေးရပါ တယ်။ အဲဒါကြောင့် နားလည် တတ် ကျွမ်းတဲ့ ဆရာပဲဖြစ်ဖြစ်၊ သေချာ စိစစ်ပြီးမှ လျှောက်သင့် ပါတယ်။

၂၀၁၁ ခုနှစ် ပညာသင်နှစ်အတွက် ကျောင်းသား၊ ကျောင်းသူ ဘယ်နှယောက် ပညာတော် သင်သွားရောက်ခွင့်ရလဲ။

၂၀၁၁ ခုနှစ်ပညာ သင်နှစ်အ တွက် Fuji ကျောင်းကကိုးယောက် တက်ရောက် ခွင့်ရတယ်။

ပညာသင် ထောက်ပံ့ကြေးရတဲ့သူ ဘယ် နှယောက် ရှိလဲ။ ပညာသင် ထောက်ပံ့ကြေးက ရော ဘယ်နှမျိုး ရှိလဲ။

ပညာသင် ထောက်ပံ့ကြေးက တော့ အများကြီးပဲ မြန်မာအများစု ကတော့ ပညာသင်စရိတ် ကင်းလွတ် ခွင့်ဖြစ်တဲ့ Scholarship ဆု ကိုရ တာများတယ်။ အဲဒါက တစ်နှစ် ကို မြန်မာကျပ်ငွေ ၇၅ သိန်း လောက်ရှိ မယ်။ တချို့ဆို ပညာသင် စရိတ်အ ပြင် နေစရိတ်၊ စားစရိတ်၊ မုန့်ဖိုးက အစ Full Scholarship ရတယ်။

ဂျပန်ပညာတော်သင်သွားမယ်ဆို အ သက်အရွယ်ကန့် သတ်ထားတာကောရှိလား၊

ရှိတယ် N3, N2, N1 ဆိုရင် အသက် ၂၉ နှစ်ထိလက်ခံတယ်၊ N5, N4 ဆိုရင် ၂၅ နှစ်ထိသတ်မှတ် ထားတယ်။ အခု ၂၀၁၂ ခုနှစ်အ တွက် အောက်တို ဘာလမှာ ဖွင့်မယ့် language school အတွက်စပြီး လက်ခံနေပြီ။ ကျောင်းသား ကျောင်း သူများနဲ့ မိဘများက သိချင်တာကို အားမနာတမ်း လာရောက်မေးမြန်း နိုင်ပါတယ် လို့ပြောချင်ပါတယ်။

ဝေဟင်သစ်

No comments: