Tuesday, July 19, 2011

EF International Academy မှ ပညာသင်ဆုများ ပထမအကြိမ် ဆုချီးမြှင့်မည်

ဗြိတိန်၊ ကနေဒါ၊ အမေရိကန် ပြည်ထောင်စုနှင့် သြစတြေးလျနိုင် ငံများတွင် ပညာသင်ကြားမည့် ကျောင်းသား ကျောင်းသူများအား ဗြိတိန်နိုင်ငံ အခြေစိုက် EF International Academy မှ ပညာသင် ဆုများ ပထမအကြိမ်ချီးမြှင့်မည်ဖြစ် ကြောင်း Synergy Education မှ မန်နေဂျင်း ဒါရိုက်တာ ဒေါ်နန်းမြမာ လာမောင်က ပြောကြားသည်။

အဆိုပါပညာသင်ဆုများကို ယခုနှစ်၊ စက်တင်ဘာတွင်ဖွင့်လှစ် မည့် EF International Academy ၏ တန်းခွဲအသီးသီးအတွက် ချီးမြှင့် မည်ဖြစ်ပြီး မြန်မာနိုင်ငံအတွက် ပထမဆုံးအကြိမ် ချီးမြှင့်ခြင်းဖြစ် ကြောင်း၊ အသက် ၁၄ နှစ်ပြည့်ပြီး သော International School သူ များ မှ ကျောင်းသားကျောင်းသူများ၊ IGCSE တက်နေဆဲ နှင့် အောင်မြင် ပြီးသူများ၊ တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်ပြီး သူများနှင့် တက္ကသိုလ် တက်နေဆဲ ကျောင်းသား ကျောင်း သူများသည် ဇူလိုင်လ ကုန်နောက်ဆုံး ထား၍ ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင် (Excel Tower အနောက်ဘက်)၊ ခြံ အမှတ် ၅၂၀ / ဒီ-၁ ရှိ Synergy Education ရုံးခန်းတွင် လျှောက် ထားနိုင်ကြောင်း သိရသည်။

EF International မှာ ပညာသင်ဆုလျှောက်ထားတဲ့ကျောင်း သားကျောင်းသူတွေရဲ့ ပညာရေး မှတ်တမ်း တွေပေါ်မှာ မူတည်ပြီး ဆု ချီးမြှင့်မှာပါ။ တက္ကသိုလ်ဝင်စာမေး ပွဲမှာ ဘာသာစုံ ဂုဏ်ထူးရရှိထားသူ တွေနဲ့ IELTS မှာ 5As ရရှိထားသူ တွေက ပညာသင်ဆုရာခိုင်နှုန်း ၅၀ ရရှိနိုင်ပြီး အဲဒီလောက် ရမှတ်မ ကောင်းရင် လည်း သူတို့ရဲ့ရမှတ်ပေါ် မှာမူတည်ပြီး ပညာသင် ဆုရာခိုင်နှုန်း ၂၀၊ ၃၀ စသဖြင့် ရရှိနိုင်ပါတယ်။ ဒီပညာ သင်ဆုရဲ့ အားသာချက်က မိမိနှစ်သက်ရာနိုင်ငံနဲ့မြို့တွေမှာ ရွေး ချယ်တက်ရောက်နိုင်ပါတယ်။ ဗြိတိန် နိုင်ငံမှာဆိုရင် လန်ဒန်၊ အောက်စ် ဖို့ဒ်၊ ကိန်းဘရစ်ခ်ျ၊ တော်ကွေးစတဲ့ မြို့တွေထဲက နှစ်သက်ရာမြို့ကို ရွေး ချယ်တက်ရောက်နိုင်ပါတယ်” ဟု ဒေါ်နန်းမြမာလာမောင်က ရှင်းပြ သည်။

EF သည် သက်တမ်း ၄၅ နှစ် ရှိသည့် ဗြိတိန်နိုင်ငံအခြေစိုက်ကျောင်း တစ်ခုဖြစ်ပြီး ဗြိတိန်၊ အမေရိကန် ပြည်ထောင်စု၊ ကနေဒါ၊ သြစတြေး လျနှင့် စင်ကာပူနိုင်ငံများတွင် ကျောင်းခွဲများရှိကြောင်း၊ ဗြိတိန်နိုင်ငံ တွင် အောက်စဖို့ဒ်၊ ကိန်းဘရစ်ခ်ျ၊ လန်ဒန်၊ တော်ကွေးမြို့များ၊ အမေရိ ကန်ပြည်ထောင်စုတွင် နယူးယောက်၊ ဘော့စတွန်၊ ဆီးတဲလ်၊ ဆန်တာဘာ ဘာရာနှင့် ဆန်ဖရန်စစ္စကို၊ ကနေ ဒါနိုင်ငံတွင် ဗန်ကူးပါး၊ သြစတြေး လျနိုင်ငံတွင် ဆစ်ဒနီစသည့်မြို့ကြီး များ၌ ကျောင်းခွဲများ ဖွင့်လှစ်ထား ကြောင်း၊ EF မှ အောင်မြင်သည့် ကျောင်းသားကျောင်းသူများ၏ ရာ ခိုင်နှုန်း ၅၀ သည် အောက်စဖို့ဒ်၊ ကိန်းဘရစ်ခ်ျ၊ ဟားဗတ်စသည့် ကမ္ဘာ ကျော်တက္ကသိုလ်ကြီးများ၌ ဆက် လက်ပညာဆည်းပူးလျက်ရှိကြောင်း သိရသည်။

No comments: