Friday, July 22, 2011

ဗီဇာ အခက်အခဲ ကြောင့် လေယာဉ်လက်မှတ် အရောင်း ကျဆင်း

မလေးရှားပြည်ဝင်ခွင့် ဗီဇာများ တင်းကျပ် လိုက်ခြင်းကြောင့် ပြည် တွင်းလေယာဉ် လက်မှတ်ရောင်းကုမ္ပ ဏီများ သိသိသာသာ အရောင်းကျ ဆင်းသွားကြောင်း ခရီးသွား လုပ်ငန်း လုပ်ကိုင်သော အေဂျင်စီများထံမှ သိရသည်။

ပြည်ပသို့ သွားရောက်သူနည်း သောကာလဖြစ်သည့်အလျောက် ထွက်ခွာမည့်လေယာဉ်များမှာ ခရီး သည် ခုံအပြည့်ရရှိရေးအတွက် ပရို မိုးရှင်းအနေဖြင့် လက်မှတ်ဈေးနှုန်း များကို ခရီးစဉ်အလိုက် အမေရိကန် ဒေါ်လာ ၃၀ မှ ၇၀ ခန့်အထိ လျှော့ ချ ရောင်းချလျက်ရှိကြောင်းလည်း သိရသည်။

“ကျွန်တော်တို့ လေယာဉ်ခုံပြည့် ထွက်နိုင်ဖို့ကို လက်မှတ်တွေ ဈေး လျှော့ရောင်းနေရတယ်။ အဆိုးဆုံး က မလေးကိုသွားတဲ့သူက သိသိသာ သာ နည်းသွားတယ်။ အရင်တုန်းက ဆိုရင် အလုပ်အကိုင်ရှာဖွေရေးအေ ဂျင်စီကနေ ပို့တဲ့သူတွေများလွန်းလို့ လေယာဉ်စင်းလုံးငှားပြီး ပို့ပေးရ တယ်။ အခုဆိုရင် ခရီးသည်မရှိသ လောက်ဖြစ်နေပြီ။ အဓိကဖြစ်ရတာ တော့ ဗီဇာထုတ်ပေးတာ ကြပ်လို့ပဲ” ဟု Than Than Travel မှ တာဝန် ရှိသူတစ်ဦးက ပြောသည်။

ခရီးသွားများကို ဆွဲဆောင် သည့်အနေဖြင့် MAI, Thai Airway, Silk Air, Bangkok Airway လိုင်းများ အပြင် လေကြောင်းလိုင်း အားလုံးနီးပါး ပရိုမိုးရှင်းကာလကို သြဂုတ်လကုန်အထိ ဈေးနှုန်းများ လျှော့ချ ရောင်းချ လျက်ရှိသော် လည်း ရန်ကုန်-ကွာလာလမ်ပူ ခရီး စဉ်မှာ လိုက်ပါစီးနင်းမည့်သူ အလွန် နည်းပါးကြောင်း ၎င်းကဆိုသည်။

“အခုဆိုရင် မလေးကိုသွားမယ့် ခရီးသည်က တော်တော်လေးနည်း နေတယ်။ မေလကစပြီး လက်မှတ် အရောင်းတွေ ကျသွားတယ်။ အခု လက်မှတ်တွေ ပရိုမိုးရှင်းနဲ့ရောင်းလို့ နည်းနည်းပါးပါး ရောင်းရတယ်။ အ လုပ်သမားတွေ ပို့ပေးတဲ့အေးဂျင့် တွေကလည်း ၀ယ်တာမရှိတော့ဘူး။ အဓိကကတော့ ဗီဇာအခက်အခဲ ကြောင့်ပါပဲ”ဟု Nice Fare Travel Co., Ltd မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မလေးရှားနိုင်ငံတွင် တရားမ ၀င်နေထိုင်သူများအား တရားဝင် မှတ်ပုံတင် ပြုလုပ်ပေးလျက်ရှိပြီး အလုပ်သမားအသစ် ခေါ်ယူမှုအား ခေတ္တဆိုင်းငံ့ထားကြောင်း ပြည်ပ အလုပ်အကိုင် အသိုင်းအ၀ိုင်းက ပြောသည်။

မြန်မာနိုင်ငံမှ ပြည်ပသို့ထွက်ခွာ ရာတွင် အလုပ်သွားရောက်လုပ်ကိုင် မှုမှာအများဆုံးဖြစ်ပြီး အပန်းဖြေ ခရီးသွားခြင်းများ၊ ကျန်းမာရေး အတွက် ဆေးဝါးကုသမှုခံယူရန် သွားလာမှုများ စသည့်အကြောင်း အမျိုးမျိုးဖြင့် သွားလာ လျက်ရှိသည်။

No comments: