Saturday, July 16, 2011

စကားပြောနောက်ကျတဲ့ ကလေး စိုးရိမ်စရာ မလို

ပုံမှန်အားဖြင့် ကလေးတွေက တစ်နှစ်ကျော်ရင် စကားပြောတတ် ကြပါတယ်။ တချို့ကလေးတွေကျ တော့လည်း တစ်နှစ်ခွဲ ကျော်တဲ့အ ထိ စကားမပြောတာ၊ နှစ်နှစ်ပြည့်တဲ့ အထိ စကားလုံးကြွယ်ကြွယ် မပြော တာလည်းရှိပါတယ်။ အဲဒီလို စကား ပြောနောက်ကျတဲ့အတွက် မိဘ တွေက စိုးရိမ်ကြပါတယ်။ အင်္ဂလန် နိုင်ငံကလုပ်တဲ့ သုတေသနတစ်ခုအ ရတော့ အသက်နှစ်နှစ်ပြည့်တဲ့အထိ သတ်မှတ်ထားတဲ့ စကားလုံးရေ မ ပြောနိုင်လည်း ပြဿနာမရှိဘူးလို့ ဆိုပါတယ်။

ကလေးတစ်ယောက်က အ သက်နှစ်နှစ်မှာ စကားလုံး အလုံး ၂၀ ကနေ ၅၀ ကျော်ပြောရမှာပါ။ ဒါကို ပြည့်မိအောင်မပြောလည်း အကျင့်မရှိလို့ ဖြစ်တာပါလို့ဆိုပါ တယ်။ ဒါဟာ ဆယ်ကျော်သက်အ ရွယ်မှာလည်း ပြဿနာတစ်ရပ်မဟုတ် တော့ဘူးလို့ ဆိုပါတယ်။

ကလေး ၂ç၈၀၀ ကျော်ပါတဲ့ သုတေသနမှာ အဲဒီကလေးတွေကို မွေးစကနေ ဆယ်ကျော်သက်အထိ စောင့်ကြည့်လေ့လာပါတယ်။ အဲဒီ အထဲမှာ အနည်းဆုံး ကလေး ၁၄၂ ယောက်က စကားပြောနောက်ကျ တယ်လို့သတ်မှတ်ခံရပါတယ်။ ဒါပေ မယ့် ဥာဏ်ရည်ဖွံ့ဖြိုးမှုအပိုင်းရော၊ ကိုယ်ခန္ဓာဖွံ့ဖြိုးမှုအပိုင်းရော နောက် ကျတာ မတွေ့ရပါဘူး။ ကလေးတွေ ကိုကြည့်တာဆိုတော့လည်း ဂရုစိုက် ရပါတယ်။ သုတေသနအရ ကလေး တွေက စာသင်နိုင်အောင် လုပ်ရ မယ်။ အစပိုင်းမှာ နှေးနေပေမယ့် မိဘက ပြောရင်း သင်ပေးရင်း သင် ပေးရင်းနဲ့ အကောင်းဆုံးကိုရလာပါ လိမ့်မယ်။ အပြုအမူတွေ၊ စိတ်ဓာတ် တွေ၊ စိတ်ခံစားမှုတွေကိုလည်း ပြု ပြင်ပေးရမယ်။ ဒါဟာ စကားပြော နောက်ကျတဲ့ကလေးမှမဟုတ်ဘူး။ ကလေးတိုင်းကို ပြုစုပျိုးထောင်ပေး ရပါမယ်။ စကားပြောနောက်ကျတဲ့ ကလေးတွေဆိုရင် ဒီထက်ပိုပြီးတော့ ဂရုစိုက်ပြုပြင်ပေးရပါမယ်။ သုတေ သနအရ ကလေး ၁၈ ရာခိုင်နှုန်း ဟာ စကားပြောဖို့ နောက်ကျကြ ပါတယ်။ ဒါဟာ စိုးရိမ်စရာမရှိပါ ဘူး။

ကလေးကျောင်းသွားချိန်ရောက် ပြီဆိုရင်တော့ ပိုပြီးတော့ ဂရုစိုက် ပြင်ဆင်ပေးရပါမယ်။ ဒါမှ စာသင် ကြားမယ့်နေရာမှာ အဆင်ပြေမှာ ပါ။ အဲဒီအပြင် လိုအပ်ရင် မိဘတွေ ကိုလည်း သင်တန်းအဖြစ် သင်ပေး ရပါမယ်။ ကလေးတွေ၊ စိတ်ဓာတ်ကျ၊ စိတ်ထိခိုက်ပြီး စကားမပြောတာဆို ရင် ဘယ်လိုလုပ်ရမလဲ မိဘတွေက သိရပါမယ်။ မိဘတွေကိုယ်တိုင်က လည်း စကားနည်းရင် မိဘတွေကို ကြည့်ပြီး ကလေးတွေလည်း စကား နည်းနိုင်လို့ပါ။ မိဘတွေ၊ လူကြီးတွေ က ကလေးတွေနဲ့ စကားပြောပေးနိုင် ဖို့ လိုပါတယ်။ ဒါမှလည်း ကလေး တွေက စကားလုံးတွေကြွယ်ဝပြီး စကားပြောနိုင်မှာပါ။ စကားမပြော တတ်ခင် ငယ်ရွယ်စဉ်ကတည်းက ဗဟုသုတရှိတဲ့စကားတွေကို ပြော ပေးသင်ပေးရမယ်။ ကလေးတွေကို ဆုပေး၊ ဒဏ်ပေးစနစ်နဲ့ ထိန်း ကျောင်းရမယ်။ ဒါဆို ဆယ်ကျော် သက်အရွယ်မှာလည်း မိဘတွေက ထိန်းကျောင်းလာနိုင်ပါမှာဖြစ်ပါ တယ်။

စစ်ငြိမ်းအေး

No comments: