Tuesday, July 26, 2011

မြန်မာနိုင်ငံသို့ ရောက်ရှိလာသော ပြည်ပ ခရီးသွားဧည့်သည် များအား ရန်ကုန် လေဆိပ်တွင် ဂျီအက်စ်အမ် ဖုန်းများ ငှားရမ်းသည့် ကောင်တာ ဖွင့်လှစ်

ပြည်ပမှ မြန်မာနိုင်ငံသို့ ရောက်ရှိ လာသည့် နိုင်ငံခြား ခရီးသွား ဧည့်သည် များအတွက် ရန်ကုန် အပြည်ပြည် ဆိုင် ရာလေဆိပ် တွင် ဂျီအက်စ်အမ် ဖုန်းများ အား ငှားရမ်း ပေးနေကြောင်း သိရ သည်။

ယခင်က ပြည်ပ ခရီးသွားဧည့်သည် များအတွက် FEC ၁၀ တန်၊ FEC ၂၀တန်၊ FEC ၃၀ တန်နှင့် FEC ၅၀ တန် တစ်ခါ သုံးကတ်များရောင်းချပေး ခဲ့ပြီး ယခုအခါ တွင် ပြည်ပ ခရီးသွားများ မြန်မာနိုင်ငံ တွင်နေထိုင်စဉ် ကာလအ တွင်း ဆက်သွယ်ရေး လွယ်ကူ အဆင် ပြေစေရန် ရည်ရွယ်၍ ရောင်းချ ပေးနေ ကြောင်း သိရသည်။
ပြည်ပခရီးသွား ဧည့်သည်များအ နေဖြင့် GSM ဖုန်းငှားရမ်းကိုင်ဆောင် လိုပါက သက်ဆိုင်ရာကောင်တာသို့ စဘော်ငွေ ဒေါ်လာ ၁၀၀ ပေးသွင်းရမည် ဖြစ်ပြီး ငှားရမ်းအသုံးပြုခအနေဖြင့် တစ် ရက်လျှင် နှစ်ဒေါ်လာ နှုန်းဖြင့်ကောက်ခံ မည်ဖြစ်သည်။ ဖုန်းခေါ်ဆိုခ အတွက် မိမိကြိုက်နှစ်သက်ရာ ငွေဖြည့်ကတ်များ ထည့်သွင်း အသုံးပြုနိုင်ကြောင်းလည်း သိရသည်။

“အငှားကောင်တာတွေလုပ်ထား တာတွေ့နေတာ တစ်ပတ်နီးပါးလောက် ရှိပြီ။ ၂၃ ရက်နေ့မှ စတင် ငှားရမ်းတဲ့ ၀န်ဆောင်မှုပေးတာ စတွေ့တာပါ။ ပြည်ပခရီးသွားတွေကိုပဲငှားပေးတာလို့ လည်း သိရတယ်။ ဒီလိုလုပ် ပေးလိုက် တာ ခရီးသွားလုပ်ငန်းအတွက် အများ ကြီးအကျိုးရှိ နိုင်တယ်လို့ ထင်ပါတယ်။ နောက်ပြီး ငှားပေး တာကလည်း တစ် ကမ္ဘာလုံးမှာ တွင်တွင်ကျယ်ကျယ်အသုံး ပြုနေတဲ့ GSM ဆိုတော့ပိုပြီး အဆင်ပြေ တာပေါ့။ သူတို့ပါလာတဲ့ ဟန်းဆက်ကို ပဲ ချက်ချင်း ငွေဖြည့်ကတ်ဝယ်ပြီးသုံးလို့ ရတာပေါ့။ ဟန်းဆက် မပါတဲ့သူတွေအ တွက်လည်း ဟန်းဆက်ကိုပါ တစ်ပါ တည်းပူးတွဲငှားရမ်း ပေးတဲ့ဝန်ဆောင်မှု ပါလုပ် ပေးတာတွေ့ပါတယ်”ဟု ရန်ကုန် လေဆိပ်တွင် ပြည်ပခရီးသည်များအား နေ့စဉ်ကြိုပို့ ၀န်ဆောင်မှု လုပ်နေသူဝန် ထမ်းတစ်ဦးက ဆိုသည်။

ဟန်းဆက်မရှိ သူများအတွက် ဟန်း ဆက်ငှား ရမ်းရာတွင် စပေါ်ငွေဒေါ် လာ ၁၀၀ ပေးသွင်းရပြီး ရိုးရိုးဟန်း ဆက် အတွက် တစ်ရက်လျှင် ၂ ဒေါ် လာနှုန်းကောက်ခံပြီး Smart  ဖုန်းများ အတွက် တစ်ရက်လျှင် ၄ ဒေါ်လာနှုန်း ဖြင့် သတ်မှတ် ကောက်ခံကြောင်း သိ ရသည်။

ယင်းသို့ ကောက်ခံရာတွင်လည်း ငှားရမ်း အသုံးပြုသူများအနေဖြင့် ပြည် ပသို့ပြန်လည် ထွက်ခွာသည့်အခါ တွင်မှ နေ့စဉ်လိုင်း ကတ်အသုံးပြုခနှင့် ဟန်း ဆက်ခ တို့ကို ၎င်းတို့၏စပေါ်ငွေမှဖြတ် တောက်၍ ကျန်ရှိသောငွေအား ပြန် လည်ရယူနိုင်မည်ဖြစ်ကြောင်းလည်း သိ ရသည်။

ယခုကဲ့သို့ ပြည်ပမှ လာရောက် သည့် နိုင်ငံခြားသားခရီးသည်များအ တွက် GSM ဖုန်းများငှားရမ်းပေးခြင်း ကြောင့် နိုင်ငံခြားသား ခရီးသည်များ အနေဖြင့် မြန်မာနိုင်ငံသို့လာရောက် လည်ပတ်စဉ်ကာလအတွင်း ဆက်သွယ် မှုပိုမို လွယ်ကူသွားကြောင်း ပြည်တွင်း ရှိဧည့်လမ်းညွှန်များက ဆိုသည်။

လက်ရှိငှားရမ်းပေးနေသော GSM ဖုန်းများကို မြန်မာ့ဆက်သွယ်ရေးလုပ် ငန်းမှ ၂၀၁၁ ခုနှစ်၊ ဇန်န၀ါရီ ၁၄ ရက် တွင်စတင် ပေးခဲ့ပြီး ငွေဖြည့်ကတ်များအ နေဖြင့် ပြည်တွင်းခေါ်ဆိုမှုအတွက် ကျပ် တစ်သောင်း၊ နှစ်သောင်း၊ သုံးသောင်း တန်ငွေဖြည့်ကတ် များနှင့် နိုင်ငံခြားခေါ် ဆိုမှုအတွက် FEC ၂၀ တန်ငွေဖြည့် ကတ်များ ထုတ်လုပ်ထားသည်။

သူရ

No comments: