Friday, July 29, 2011

ငွေကျပ် ၅၅ သိန်းတန် မြန်မာမီနီဆလွန်း မော်တော်ယာဉ် လျှောက်ထားသူ ၄၀၀၀၀ ကျော်ရှိပြီး တစ်လလျှင် အစီးရေ ၁၀၀ ၀န်းကျင်နှုန်းဖြင့် ရောင်းချသွားမည်


ငွေကျပ် ၅၅ သိန်းတန် မြန်မာ မီနီဆလွန်း မော်တော်ယာဉ်အစီးရေ ၃၀၀ ကျော် ရောင်းချပြီးဖြစ်ကြောင်း၊ ဆက်လက်၍ တစ်လလျှင် အစီးရေ ၁၀၀ ၀န်းကျင်နှုန်းဖြင့် ဆက်လက် ရောင်းချသွားမည် ဖြစ်ကြောင်း အမှတ်(၂) စက်မှုဝန်ကြီးဌာန၊ အမှတ် (၁) အထွေထွေ အကြီးစားစက်မှု လုပ်ငန်းမှ
ဦးဆောင် ညွှန်ကြားရေးမှူး ဦးအေးသောင်းက ပြောကြားခဲ့သည်။

လက်ရှိအချိန်တွင် ငွေကျပ် ၅၅ သိန်းတန် မြန်မာမီနီဆလွန်း မော်တော်ယာဉ်များကို ထုတ်လုပ်နိုင်မှု ပမာဏ နည်းနေသေးသည့်အတွက် ၀ယ်ယူလိုသူများထံ စိစစ်ရောင်းချပေးလျက်ရှိကြောင်း၊ နောက်ပိုင်းတွင်
သုံးစွဲလိုသူများ လွတ်လပ်စွာ ၀ယ်ယူနိုင်ရန်အတွက် မော်တော်ယာဉ်များကို တိုးမြှင့်ထုတ်လုပ်သွားနိုင်ရန် စီစဉ် လျက်ရှိကြောင်း ၎င်းကပြောပြခဲ့သည်။

လက်ရှိအချိန်တွင်  မြန်မာမီနီ ဆလွန်းမော်တော်ယာဉ် လျှောက်ထားသူ အရေအတွက် ၄၀၀၀၀ ကျော် ရှိနေပြီဖြစ်ကြောင်း၊ အဆိုပါလျှောက် ထားသူများအနက် အမှန်တကယ် စီးနင်းမည့် လျှောက်ထားသူများကို
ရွေးချယ်ချထားပေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ၀ယ်ယူခွင့်ရရှိသူ များကိုလည်း ပြန်လည်ရောင်းချမှု များ မပြုလုပ်ကြရန် အသိပေးမှုများ ပြုလုပ်ထားကြောင်း သိရှိရသည်။

“လက်ရှိအချိန်အထိ မြန်မာမီနီဆလွန်း မော်တော်ယာဉ်အစီးရေ၃၀၀ ကျော်ရောင်းချပေးပြီး ဖြစ်ပါတယ်။ ထုတ်လုပ်နိုင်မှု ပမာဏနည်းနေသေး တဲ့အတွက် စိစစ်ချထားပေးတဲ့စနစ် နဲ့ ရောင်းချပေးခဲ့တာ ဖြစ်ပါတယ်။
မြန်မာမီနီဆလွန်း မော်တော်ယာဉ်ဝယ်ယူနိုင်ဖို့ လျှောက်ထားတဲ့ လျှောက်လွှာ အရေအတွက်ကလည်း ၄၀၀၀၀ ကျော်အထိရှိနေတဲ့ အတွက် ထုတ်လုပ်မှုကို တိုးမြှင့်နိုင်အောင်လည်း စီစဉ်နေ ပါတယ်”ဟု ၎င်းက ပြောကြားခဲ့သည်။

ယင်းမော်တော်ယာဉ်များကို အ မှတ်(၂)စက်မှုဝန်ကြီးဌာနသို့ လျှောက်ထားနိုင်ပြီး ၀န်ကြီးရုံးမှ စိစစ်ချထားပေးလျက် ရှိကြောင်းနှင့် အဆိုပါ မော်တော်ယာဉ်များကို ၂၀၁၀ ပြည့် နှစ်အတွင်း စတင် ထုတ်လုပ်ခဲ့ခြင်း ဖြစ်ပြီး

တရုတ်ကုမ္ပဏီတစ်ခုနှင့် ပူးပေါင်း ထုတ်လုပ်နေခြင်းဖြစ်ကြောင်း သိရသည်။

No comments: