Sunday, July 17, 2011

ဘုရားရှင် သင့်ကိုဖန်ဆင်းခြင်းသည် အခြားလူကိုကူညီရန်ဖြစ်သည်။

သင့်ကိုဘုရားရှင်ပိုင်ပါသည်။ .. သင်သည်ဘုရားရှင်အတွက်အစေခံရန် အသုံးကျသူဖြစ်ဖို့ အလိုရှိသည်။ ရောမ ၇း ၄ TEV
သင်အလုပ်အကိုင်၊ ဘ၀ခရီးစဉ် ဘယ်လိုပဲဖြစ်ဖြစ်၊ သင့်ကို ခရစ်ယာန်တို့ရဲ့ အပြည့်အ၀ အစေခံခြင်းလုပ်ငန်းအတွက် ခေါ်ထားခြင်းဖြစ်သည်။ "အစေခံခြင်းမရှိသော ခရစ်ယာန်တဦး" မှာ ဘုရားရှင် အကြံတော်ကို ဆန့်ကျင်နေပါသည်။

ကျမ်းစာတွင်ရေးထားသည်မှာ "သူသည် ကျွန်ုပ်တို့ကို ကယ်တင်သည်၊ ကျွန်ုပ်တို့ကိုခေါ်သည၊်  သူ၏လူ ဖြစ်စေသည်။ ကျွန်တော်တို့ လုပ်ဆောင်ခဲ့မှုများကြောင့်မဟုတ်ပဲ .. သူ့ရဲ့အကြံတော်အတွက်ဖြစ်သည် ( ၂တိမောသေ ၁း ၉ TEV) "


ရှင်ပေတရုက ထပ်မံဖြည့်စွတ်ရေးထားသည်မှာ "သင့်ကို ရွေးကောက်ထားခြင်းမှာ ဘုရားရှင်၏ ပြီးပြည့်စုံသောကောင်းမြတ်ခြင်းများကို ပြောကြားရန်ဖြစ်သည်"  ၁ပေတရု ၂း၉ GW

သင်ရင့်ကျက်၊ကြီးထွားလာသောအခါ ဘုရားရှင်ခေါ်ထားခြင်းသည် သာသနာလုပ်ငန်း၊ တရားဟောဆရာ၊ ဆရာမ၊ အချိန်ပြည့်ဘုရားကျောင်းဝန်ထမ်း .. စသည်လုပ်ငန်းများသာမဟုတ်ပါ၊ ကျမ်းစာလာသည်မှာ " ယုံကြည်သူတိုင်း ဘုရားရှင်အတွက် အစေခံများဖြစ်သည် " (ဧဖက် ၄း ၄-၁၄၊  ရောမ ၁း ၆-၇၊ ၈ါ် ၂၈-၃၀၊  ၁ကော ၂၊ ၉၊ ၂၆၊ ၇း ၁၇၊  ဖိလစ်ပိ ၃း ၁၄၊ ၁ပေ ၂း ၉၊ ၂ပေ ၁း၃)

ကျွန်ုပ်တို့ ဘုရားရှင်ကို အစေခံသောအခါ အခြားလူများကို ကူညီရန်အတွက် ကျွန်ုပ်တို့ကို လုပ်ဆောင်နိုင်စွမ်းအားများ ပေးထားပါသည်။ ထိုစွမ်းအားများဖြင့် ဘုရားရှင်စေခိုင်းခြင်းကို ပြီးမြောက်အောင်လုပ်နိုင်ပါသည်။ ကျမ်းစာတွင် "ယခု သင်ကို ဘုရားရှင်ပိုင်သည်မှာ ဘုရားရှင်အတွက် အသုံကျသူဖြစ်စေရန်အတွက် ဖြစ်သည်" ရောမ ၇း ၄ TEV

ဆီလျှော်အောင်ဘာသာပြန်သည်။
Sunday June 05 2011 Posted by Rick Warren

No comments: