တစ်နေ့တာလုံးမှာမျက်လုံးက အလုပ်လုပ်ရတဲ့ အချိန်ဟာ  မနည်းမနောပါပဲ။ အိပ်ရာထ ကတည်းက အိပ်ရာဝင်ချိန်အထိ သူ့ခမျာနား ကို မနားရရှာဘူး။ သင့်ရဲ့  မျက်လုံးလေးတွေရဲ့ ကျန်းမာရေးကို ဂရုစိုက်သင့်တယ်လို့ မထင်ဘူးလား။ ဒါလေးတွေ  ဖတ်ကြည့်ပါဦး။
၁။ မျက်လုံးလေးတွေ အားအင်ပြည့်ဖို့ အိပ်ရေး၀၀အိပ်ပါ၊ စိတ်ဖိစီးမှုတွေ ကင်းဝေးအောင်လည်း တတ်နိုင်သမျှ  နေထိုင်ပါ။          
၂။ တီဗီကို အကြာကြီးမကြည့်ပါနဲ့။ ကွန်ပျူတာကို  တစ်နေကုန်သုံးရတဲ့သူ တွေဆိုရင်တော့ ကွန်ပျူတာကို တစ်ချိန်လုံး ကြည့်မနေဘဲ  နာရီဝက်တစ်ခါဖြစ်ဖြစ်၊ တစ်နာရီခြားပဲဖြစ်ဖြစ် တခြား တစ်နေရာရာကို  အကြည့်လွှဲပါ။          
၃။ မျက်စိအားကောင်းစေတဲ့ အသီးအနှံတွေ၊ သစ်သီးတွေ စားပါ။ မုန်လာဥနီ၊ ဟင်းနုနယ်ရွက်၊           ကန်စွန်းဥ၊ ခရမ်းချဉ်သီး၊ ကီဝီသီး၊           သံပရာသီးစတာတွေကို စားသုံးပါ။          
၎။ နေရောင်နဲ့ အထိအတွေ့မများ အောင်ရှောင်ပါ။နေပူထဲသွားတဲ့အခါ နေကာမျက်မှန်ဝတ်တာ၊ လင်းလွန်းတဲ့            အခန်းမျိုးတွေဆိုရင် လိုက်ကာတပ်ထားတာ၊ နေကာမှန်တပ်ထားတာ           တွေ ပြုလုပ်ပါ။ နေရဲ့အလင်းက သိပ်စူးရင် မျက်လုံးတွေ           ကိုထိခိုက်တတ်ပါတယ်။
No comments:
Post a Comment