ဘတ်(စ်)ကား ဂိတ်မှာ မီးငယ်တစ်ယောက်တည်း လျှောက်သွားနေသည်။
မိမိဘာကိုမျှော်လင့်ရမည်မသိတော့။ အခုတွေ့ နေရသည့် မြင်ကွင်းက မိမိ  စိတ်ကူးထဲမှာ မြင်ယောင်ခဲ့သည် မြင်ကွင်းမျိုးမဟုတ်။ ခဏနေကြာတော့ ဘတ်(စ်)ကား  ဂိတ်ရဲ့ ပလပ်စတစ် ထိုင်ခုံတွေ၊ ကွန်ကရစ် နံရံတွေ ကြားကနေ လူတွေ  တစ်ယောက်ပြီး တစ်ယောက် အလျိုလျို ထရပ်လိုက်ကြသည်ကို မီးငယ်တွေ့လိုက်ရသည်။  ဟင်.. ငါ့ မောင်နှမတွေ၊ ၀မ်းကွဲတွေ။ ဖိုးဖိုး၊ဖွားဖွားတွေ။ အန်တီတို့၊  ဦးလေးတို့။ အို စုံလို့ပါပဲလား။ အားလုံးပေါင်း အယောက် ၄၀ လောက်ရှိမည်။  အားလုံးကလည်း ပါတီဦးထုပ်၊ ပါတီဝတ်စုံတွေ နဲ့ ပါတီတွေမှာ မှုတ်တဲ့  အသံမျိုးစုံထွက် ၀ီစီတွေနဲ့ပါလား။ ကားဂိတ်ရဲ့ ကွန်ကရစ်နံရံ တစ်လျောက်လုံး  ချိတ်ဆွဲထားတဲ့ နဖူးစည်းကတော့ ကွန်ပြူတာ စာလုံးနဲ့ ရိုက်နှိပ်ထားတဲ့  စားလုံးကလည်း အထင်အရှား။
” Welcome Home" တဲ့။
ဝမ်းပန်းတစ်သာ ကြိုဆိုနေကြတဲ့ လူအုပ်ကြီးထဲကနေ ဖေဖေထွက်လာသည်။ မီးငယ်  မျက်ရည်များပြည့်လျှံပြီး ဖခင်ဖြစ်သူကို တောင်းပန်စကားကို စလိုက်သည်။ ”ဖေဖေ  ..။ သမီး မှား ပါတယ်။ သမီးကို...........”
ဖေဖေက သမီးကို တားလိုက်သည်။ ”ဆက်မပြောနဲ့တော့ သမီးရယ်။ အဲဒီအတွက်  အဖေတို့မှာ အချိန်မရှိဘူး။ တောင်းပန်နေဖို့ အချိန်မရှိဘူး။ ပါတီပွဲအတွက်  နောက်ကျနေလိမ့်မယ်။ အိမ်မှာ စားပွဲသောက်ပွဲကြီးလည်း ပြင်ဆင်ထားတယ်။  လာသွားကြမယ်။”
&&&&&&&&&&
 ဒီဖြစ်ရပ်လေးမှာ အဖေဖြစ်သူရဲ့ ခွင့်လွှတ်တတ်ခြင်း သဘောကို  ထင်ထင်ရှားရှားတွေ့နိုင်မယ် ဖြစ်ပါတယ်။ ဘုရားရှင်ဟာ ခွင့်လွှတ်ခြင်း  သဘောတရားကို ပိုင်ဆိုင်ထားပါတယ်။ ဘုရားသခင်ရဲ့ Grace ကို လက်မခံနိုင်အောင်  ကာဆီးထားတဲ့ အရာက တစ်ခြားမဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ ငြင်းပယ်ခြင်းပါပဲ။  ဘုရားကတော့ လက်ကို ဖွင့်လို့ အစွမ်းကုန် ကြိုဆိုနေပေမဲ့ ကျွန်တော်တို့က  လက်မခံပဲ ကျောခိုင်းထားသူများ ဖြစ်ပါတယ်။ ဒါပေမဲ့ ဘုရားကတော့  သူ့ဆီပြန်လာနိုးနဲ့ စောင့်မျှော်ပါတယ်။ ပြန်လာခဲ့ရင်လဲ အတိုင်းမသိ  ၀မ်းမြောက်တော်မူပါတယ်။
စာရေးဆရာ Henri Nuowen က
” ဘုရားသခင် ၀မ်းမြောက်တော်မူပါတယ်။ ဘုရားသခင် ၀မ်းမြောက်ရခြင်းဟာ  ကမ္ဘာကြီးရဲ့ ပြသနာအားလုံး ပြေရှင်းသွားလို့ မဟုတ်ပါဘူး။ လောကရဲ့ ဆင်းရဲ  ဒုက္ခတွေ အားလုံး ပြေငြိမ်းသွားကြောင့်လဲ မဟုတ်ပါဘူး။  လူပေါင်းထောင်ပေါင်းများစွာ ခရစ်ယာန်များ ဖြစ်လာပြီး၊ ဘုရားရဲ့  ကောင်းမြတ်ကြောင်းကို ချီးမွမ်းနေကြလို့လဲ မဟုတ်ပါဘူး။  ဘုရားသခင်ဝမ်းမြောက်တော်မူရခြင်းအကြောင်းကတော့ သူ့ရဲ့ ပျောက်နေတဲ့  သားသမီးကို ရှာဖွေတွေ့ရှိလို့ပါပဲ”လို့ ဆိုပါတယ်။
ခရစ်တော်ရဲ့ စကားပုံများကို ကြည့်ရင်လဲ ဒီစကားပုံများဟာ  ကျွန်တော်တို့တစ်တွေ လိုက်နာရမယ့် စည်းမျည်း စည်းကမ်းတွေကို ပြောပြနေတာ  မဟုတ်ပါဘူး။ ခရစ်တော်ဟာ ဒီစကားပုံများအားဖြင့် ခွင့်လွှတ်ခြင်း၊  ကျေးဇူးပြုခြင်း၊ ကရုဏာသက်ခြင်း၊မေတ္တာရှိခြင်း ဆိုတဲ့ ဘုရားရဲ့  စိတ်သဘောဖြစ်ကို နားလည်အောင် ရှင်းပြနေခြင်းဖြစ်ပါတယ်။
တစ်ခါက Venice မြို့ရဲ့ အနုပညာ တက္ကသိုလ်တစ်ခုမှာ Paolo Veronese ဆိုတဲ့  ပန်းချီဆရာတစ်ယောက် ရေးဆွဲထားတဲ့ ပန်းချီးကား တစ်ချပ်ကို ချိတ်ဆွဲထားပါတယ်။  ဒီပန်းချီးကားကြောင့် ပန်းချီဆရာဟာ Inquisition ဆိုတဲ့ အဖွဲ့အစည်းနဲ့  ပြသနာ အကြီးအကျယ် ဖြစ်ခဲ့ပါတယ်။ (Inquisition ဆိုတာကတော့ အဲဒီခေတ်တုန်းက  အသင်းတော်တွေမှာ ဘုရားကို ကလန်ကဆန်လုပ်တဲ့လူ၊ Doctrine  အမှားတွေနောက်လိုက်တဲ့သူ၊ မယုံတဲ့သူတွေကို ခုံရုံးတင် အပြစ်ဒဏ်ပေးတဲ့  အဖွဲ့ပါပဲ။ ) အဲဒီပန်းချီကားထဲမှာ ခရစ်တော်ဟာ သူရဲ့ နောက်လိုက်သားတွေနဲ့အတူ  စားသောက်ပွဲ ကျင်းပနေပုံ ကို ရေးဆွဲထားပါတယ်။ ပန်းချီရဲ့မြင်ကွင်းထဲမှာ  ရောမစစ်သားတွေဟာ ရာဇ၀တ်သားတစ်ယောက်ကို ညှင်းပန်းနေတဲ့ပုံ ပါပါတယ်။ ဒါ့အပြင်  ခွေးလေခွေးလွင့်တွေ၊ အမူးသမားတွေ၊ ကျွန်တွေ၊ ရဲ့ ပုံတွေကို လဲ  မြင်းကွင်းထဲမှာ ထည့်သွင်းရေးဆွဲထားပါတယ်။ Inquisition အဖွဲ့က ခရစ်တော်ရဲ့  ဂုဏ်ကို ညိုးနွမ်းစေမဲ့ ဒီလို ပန်းချီမျိုးကို ဘာကြောင့် ဆွဲရတာလဲလို့  မေးတဲ့အခါ ပန်းချီဆရာက ဒီလိုလူမျိုးတွေနဲ့ပဲ ခရစ်တော်က  အရောတ၀င်နေခဲ့ကြောင်းကို ခရစ်ဝင်ကျမ်းတွေကို ကိုးကားပြီး ရှင်းပြခဲ့ပါတယ်။  Inquisition အဖွဲ့က အကြီးအကျယ်စိတ်ဆိုးပြီး ပန်းချီကားရဲ့ ခေါင်းစဉ်ကို  ပြောင်းခိုင်းလိုက်ပါတယ်။ ဘာသာရေးဆိုင်ရာ အရေးကြီးတဲ့ ပန်းချီကားအနေနဲ့  မဟုတ်ပဲ သာမာန်ပန်းချီကား တစ်ချပ်လိုပဲ သဘောသက်ရောက်အောင်  ပြောင်းခိုင်းလိုက်ခြင်း ဖြစ်ပါတယ်။
No comments:
Post a Comment