မလေးရှားနိုင်ငံ အခြေစိုက် Kuala Lumpur Infrastructure University  College (KLIUC)  ၏ ဘာသာရပ် များစွာ၌ တက်ရောက် သင်ကြားမည့် ကျောင်းသား  ကျောင်းသူများအား ပညာသင်ဆု ရာခိုင်နှုန်း ၆၀ ချီးမြှင့်မည်ဖြစ်ရာ  မြန်မာကျောင်းသားများ လျှောက် ထားနိုင်ကြောင်း Synergy Education မှ  မန်နေဂျင်းဒါရိုက်တာ ဒေါ်နန်းမြမာလာမောင်က ပြော ကြားသည်။
အဆိုပါ ပညာသင်ဆုများကို Civil, Electrical & Electronic,  Mechanical, Automotive, Architecture, Business, IT, Bio technology   နှင့် Communication ဘာသာရပ် များအတွက် ပညာသင်ဆု ချီးမြှင့် မည်ဖြစ်ရာ၊  တက္က သိုလ် ၀င်တန်းအောင်မြင် ပြီးသူများ IGCSE သို့မဟုတ် GCE O Level  အောင်မြင် ထားသူများ လျှောက်ထား နိုင်ကြောင်း၊ လျှောက်ထား သူသည် IELTS Band  Score5.0 ရရှိရမည်ဖြစ်ပြီး IELTS  ရမှတ် မရှိသူများသည် KLIUC ၏  အင်္ဂလိပ်ဘာသာ အရည်အချင်းစစ် စာမေးပွဲကို ဖြေဆို ရမည်ဖြစ် ကြောင်း၊  လက်ရှိတက္ကသိုလ် တက် နေဆဲ ကျောင်းသား၊ ကျောင်းသူ များနှင့် ဘွဲ့ရ များလည်း  ပညာသင် ဆု လျှောက်ထားနိုင်ကြောင်းသိရ သည်။
“KLIUC ပညာသင်ဆုကို Semister အလိုက်ဘွဲ့ရတဲ့အထိ ပေး သွားမှာဖြစ်လို့  ကြိုးစား မယ်ဆိုရင် တောက်လျှောက် စကော လားရှစ် ရသွားမှာ ဖြစ်ပါ တယ်။  ဒီပညာသင်ဆုရဲ့ အားသာ ချက်တစ်ခုက semester တစ်ခုမှာ ရမှတ် မကောင်းလို့  ပညာသင်ဆု မရခဲ့ပေမယ့် အခြား semester တွေမှာ အမှတ် ကောင်းရင် စကောလားရှစ်  ပြန်ပေးမှာပါ။ ပညာသင် ဆုရရှိသူ ကြိုးစားမှု လျော့သွားလို့ အမှတ် မကောင်းရင်  နောက် semester မှာ  စကောလားရှစ် မပေးတော့ပါ ဘူး” ဟု ဒေါ်နန်းမြမာလာမောင်က  ရှင်းပြသည်။ KLIUC သည် မလေး ရှားနိုင်ငံအခြေစိုက် MQA အဖွဲ့ အစည်းမှ  အသိအမှတ် ပြုထားသည့် တက္က သိုလ် ကောလိပ်တစ်ခုဖြစ်ပြီး အင်ဂျင်နီယာ နှင့်  ဗိသုကာ ပညာရပ် များတွင်ကျော်ကြားသည်။
No comments:
Post a Comment