Tuesday, July 12, 2011

စုံစမ်းနှောက်ယှက်ခြင်းသည် အပြစ်မဟုတ်

“ငါတို့ယဇ်ပုရောဟိတ်မင်းသည် ငါတို့ခံရသောဆင်းရဲဒုက္ခများကြောင့် မကြင်နာနိုင်သော သူမဟုတ်။ ငါတို့ခံရသည်နည်းတူ၊ အမျိုးမျိုးသောစုံစမ်းနှောင့်ရှက်ခြင်းတို့ကို ခံဘူးသောသူ ဖြစ်တော်မူ၏။ သို့ရာတွင်၊ ဒုစရိုက်အပြစ်နှင့် ကင်းလွတ်တော်မူ၏။ ထိုကြောင့်၊ ငါတို့သည် သနားခြင်း ကရုဏာကို၎င်း၊ တော်လျော်သော မစခြင်းကျေးဇူးတော်ကို၎င်း ခံရမည်အကြေင်း၊ ရဲရင့်သောစိတ်နှင့် ကျေးဇူး ပလ္လင်တော်သို့ တိုးဝင်ချဉ်းကပ်ကုန်ကြကုန်အံ့။” (ဟေဗြဲ  ၄း၁၅-၁၆)

သခင်ယေရှုသည် စုံစမ်းသွေးဆောင်ခြင်းကိုခံရသည်၊ သို့သော်လည်းအပြစ်မလုပ်ဆောင်ပါ။
သခင်ယေရှုသည် စုံစမ်းသွေးဆောင်ခြင်းကိုခံရသည်၊ သို့သော်လည်းအပြစ်မဖြစ်စေပါ၊ ကျွန်ုပ်တို့၏ အပြစ်များအတွက် ယဇ်ပူဇော်ခြင်းပြုရန်အတွက် အရည်အချင်း ပြည့်မီရန်ထားသည်။

ရှင်မဿဲကသတင်းပို့သည်မှာ “ထိုအခါမာရ်နတ်၏ စုံစမ်းသွေးဆောင်ခြင်းကို ခံစေရမည်အကြောင်း၊ ဝိညာဉ်တော်သည်ယေရှုကို တောသို့ ပို့ဆောင်တော်မူ၍၊”( မ ၄း၁)   ရှင်ပေါလုက “ငါတို့ယဇ်ပုရောဟိတ်မင်းသည် ငါတို့ခံရသောဆင်းရဲဒုက္ခများကြောင့် မကြင်နာနိုင်သော သူမဟုတ်။ ငါတို့ခံရသည်နည်းတူ၊ အမျိုးမျိုးသောစုံစမ်းနှောင့်ရှက်ခြင်းတို့ကို ခံဘူးသောသူ ဖြစ်တော်မူ၏။ သို့ရာတွင်၊ ဒုစရိုက်အပြစ်နှင့် ကင်းလွတ်တော်မူ၏။” (ဟေဗြဲ ၄း၁၅)

သခင်ယေရှုသည် စုံစမ်းသွေးဆောင်ခြင်းကိုခံရသည် သို့သော်လည်းအပြစ်မလုပ်ပါ၊ ထို့ကြောင့် စုံစမ်းနှောက်ရှက်ခြင်းသည် အပြစ်မဟုတ်ပါ။

ကျွန်ုပ်တို့၏ လွတ်လပ်စွာ အပြစ်မလုပ်ရန် ဆုံးဖြတ်ချက်သည် သခင်ယေရှု၏အသွေးကြောင့်ဖြစ်သည်။ စုံစမ်းနှောက်ရှက်ခြင်းသည်၊ ကျူးကျော်သ၊ူ  ၉၁၁ကို ကျွန်ုပ်တို့အားချက်ချင်းခေါ်စေသူ၊ သူဘာမှခိုးခွင့်မရပါ။
ဤအရာသည် နားလည်သဘောပေါက်ရန် အရေးကြီးသောအမှန်တရားဖြစ်သည်။ အဘယ်ကြောင့်ဆိုသော ကျွန်ုပ်တို့သည် စုံစမ်းနှောက်ယှက်ခြင်းကိုအပြစ်ဟုမြင်လျှင် ၊ ၄င်းအတွက် အခက်အခဲကြားမှရုန်းကန် လှုပ်ရှား၍ အကျိုးမရှိတော့ပါ၊ စုံစမ်းနှောက်ယှက်ခြင်းကိုအပြစ်ရှိသည်ဟုယူဆသောကြောင့်၊ ကျွန်ုပ်တို့သည် အပြစ်ကိုကျော်ဖြတ်၍လာပြီဟု ယူဆလျှင်၊ ကျွန်ုပ်တို့ဆက်၍ခရီးတလျှောက်သွားနိုင်မည်။ ဤအရာသည်အ ကူပေးသည်၊ ဘာကြောင့်အရေးကြီးသည်ကိုကြည့်ပါ၊  “ထိုလက်နက်အားဖြင့် လူတို့၏အကြံ အစည်တို့ကို၎င်း၊ ဘုရားသခင်ကို သိသောပညာကို ဆီးတားသော မာန်မာနရှိသမျှတို့ကို၎င်း၊ နှိမ့်ချမှောက်လှန်၍၊ ခပ်သိမ်းသောစိတ်တို့ကို ဘမ်းသွားချုပ်ထားလျက်၊ ခရစ်တော်၏စကားကို နားထောင်ကြစေကြ၏။” (၂ကော ၁၀း၅)

ငါတို့၏ယဇ်ပုရောဟိတ်မင်း၊ သခင်ယေရှုသည် စုံစမ်းနှောက်ယှက်ခြင်းကိုသိသည်၊
“ငါတို့ယဇ်ပုရောဟိတ်မင်းသည် ငါတို့ခံရသောဆင်းရဲဒုက္ခများကြောင့် မကြင်နာနိုင်သော သူမဟုတ်။ ငါတို့ခံရသည်နည်းတူ၊ အမျိုးမျိုးသောစုံစမ်းနှောင့်ရှက်ခြင်းတို့ကို ခံဘူးသောသူ”( ဟေဗြဲ ၄း၁၅)
သူသိသည်မှာ ကျွန်ုပ်တို့ထံ  စုံစမ်းနှောက်ယှက်ခြင်းမလာပါ၊ တွေ့နေကျမှလွှဲ၍၊ “လူ၌ဖြစ်တတ်သော စုံစမ်းနှောင့်ရှက်ခြင်းကိုသာ သင်တို့သည်ခံရကြ၏။ ဘုရားသခင်သည် သစ္စာနှင့်ပြည့်စုံတော် မူသည်ဖြစ်၍၊ သင်တို့မခံနိုင်သော စုံစမ်းနှောင့်ရှက်ခြင်းကို သင်တို့၌ ရောက်စိမ့်သောငှါ အခွင့်ပေးတော်မမူ။ သင်တို့ သည် ခံနိုင်မည်အကြောင်း စုံစမ်းနှောင့်ရှက်ခြင်းအရာနှင့်တကွ၊ ထွက်မြောက်သော လမ်းကိုလည်း စီရင်ပြုပြင်တော် မူလိမ့်မည်။”(၁ကော ၁၀း၁၃)

No comments: