Thursday, July 7, 2011

ချစ်တာ ...

ရတနာထွန်း
အတွဲ ၂၇ ၊ အမှတ် ၅၂၄ ( ၁ - ၇ ၊ ၇ ၊ ၂၀၁၁)



အမျိုးသားတစ်ဦးက တိရစ္ဆာန်ကု ဆရာဝန်ဆီရောက်လာပြီး သူ့ခွေးကို ပြကာ "ဆရာ ... ကျွန်တော့ခွေးကို အမြီးဖြတ်ပေးပါ"လို့ ဆိုပါတယ်။

ဒီတော့ ဆရာဝန်က တအံ့တဩဖြစ်သွားပြီး "ဟာ ... ဘယ်လိုဖြစ်ရတာ လဲဗျာ။ ခင်ဗျား ဘယ့်နှယ်ကြောင့် ဒီလို လုပ်ချင်ရတာလဲ"လို့ မေးလိုက် ပါတယ်။

အဲဒီအခါမှာ အဲဒီလူပြန်ဖြေလိုက်တာက"ကျွန်တော့ယောက္ခမ မနက်ဖြန် ကျရင် အိမ်မှာလာနေ လိမ့်မယ်။ သူလာတဲ့အခါ အိမ်မှာ သူ့ကို ကြိုဆိုနေ တယ်လို့ ထင်ရတဲ့ အရာ ဘာတစ်ခုမှ မရှိစေချင်ဘူး။

ကုန်ကုန်ပြောမယ် ဆရာရယ်။ ဒီ အကောင် အမြီးနှန့်တာကိုပါ မတွေ့ချင်ဘူး။ တော်ကြာ သူ့ကိုကြိုတယ် ထင်နေဦးမယ်"တဲ့။

No comments: