Friday, July 8, 2011

နေ့စဉ်မျော်လင့်ရာ Daily Hope

ငါတို့မျက်မှောက်၌ ထားသောပန်းတုံးတိုင်သို့ ရောက်ခြင်းငှါ၊ အားမလျော့ဘဲပြေးကြကုန်အံ့။ ဟေဗြဲ ၁၂း၁(ဂ)


ဘုရားသခင် သင့်ဘ၀အတွက် အကြံအစည်ရှိသည်ဟု ကျွန်တော် ကြိမ်ဖန်များစွာ ပြောခဲ့ဖူးပါသည်။ သို့သော် ကျွန်တော် ပို၍အလေးပေးလိုသောအရာမှာ ရှင်ပေါလုမှ ယနေ့ခေတ်စကားဖြင့် ပြေးပွဲဟုဖော်ပြသော သူ၏အကြံအစည်သည် သင်တစ်ယောက်တည်းအတွက် သီးသန့် အထူးပုံဖော်ထားသော အရာဖြစ်သည့် အကြောင်းဖြစ်သည်။


သင်သည် ဘုရားသခင်သင့်အတွက် သတ်မှတ်ထားသော ပြေးပွဲ ကို ပြေးရမည်ဖြစ်သည်။ သင့်အတွက် သင်ကိုယ်တိုင် သတ်မှတ်ထားသော ပြေးပွဲမဟုတ်ပါ၊ အခြားလူများမှ သင့်အတွက် သတ်မှတ်ထားသော ပြေးပွဲမဟုတ်ပါ။ ထုံးတမ်းဓလေ့ များမှ သင့်အတွက် သတ်မှတ်ထားသော ပြေးပွဲမဟုတ်ပါ။ ဘုရားသခင် သင့်အတွက် သတ်မှတ်ထားသော ပြေးပွဲကိုသာ သင်ပြေးရမည်။ သင်အခြား လမ်းကြောင်းများကို ပြေးရန်ကြိုးစားပါက သင်ကျရှုံးလိမ့်မည်ဖြစ်ပြီး စိတ်ဓါတ်ကျသွားလိမ့်မည်။


ယနေ့လူများစွာ စိတ်ဓါတ်ကျရခြင်းအကြောင်းရင်းမှာ သူတို့သည် တပါးသူများ ကျေနပ်စေရန် ကြိုးပမ်းနေကြသောကြောင့် ဖြစ်သည်။ အခြားသူများ၏ ထောက်ခံမှုရရန် အသက်ရှင်ခြင်းသည် သင့်အားချုပ်ထားသော “၀န်” တစ်ခု ဖြစ်နေသည်။ ဒါကို ရပ်တံ့ရမည်။


ဘုရားသခင်သင့်ကို ပြေးစေချင်သော ပြေးပွဲကို သင်ဘယ်လိုသိနိုင်မလဲ။ သင်၏ SHAPE ကိုကြည့်ပါ။ သင်၏ SHAPE ဆိုသည်မှာ သင်၏ Spiritual gifts (၀ိညာဉ်ဆုကျေးဇူး)၊ Heart (စိတ်အားထက်သန်မှု)၊ Abilities (အရည်အချင်း)၊ Personality (ပင်ကိုယ်စရိုက်) နှင့် Experience (အတွေ့အကြုံ) ဖြစ်သည်။ သင့်မှာ ဆုကျေးဇူးရှိသလဲ။ သင် ဘာလုပ်တွေ လုပ်ရန် နှစ်သက်သလဲ။ သင်ရဲ့ အရည်အချင်းတွေကဘာလဲ။ သင်ရဲ့ပင်ကိုယ်စရိုက်ဘယ်လိုရှိလဲ။ သင့်မှာဘာ အတွေ့ အကြုံတွေ ရှိသလဲ။


ဘုရားသခင်သင် ယုန်များအား ကောင်းကင်သို့ပျံတက်ရန်နှင့် ရွှေလင်းယုန်များအား ရေကူးရန်မမျှော်လင့်ပါ။ သူတို့သည် သူတို့လုပ်ရမည့်အရာအတွက် ပုံသွင်းပြီးသားဖြစ်သည်။ သင်သည် ဘုရားသခင်သင့်အားလုပ်စေလိုသောအရာအတွက် ပုံသွင်းခံ ပြီးသားဖြစ်သည်။ ထို့ကြောင့် အခြားလူများ၏ ပြေးပွဲသို့ ၀င်ပြေးရန်ကြိုးစားခြင်းအား ယခုရပ်တံ့ပြီး ဘုရားသခင် သင့်အတွက်ထားသော ပြေးပွဲကို ပြေးပါ။

ဘာသာပြန် ၊God Has A Plan for Your Life :Rick Warren

No comments: