Monday, July 4, 2011

နိုဝင်ဘာလဆန်းပိုင်းမှ စ၍ သုံးသိန်းတန် GSM ဖုန်းများ ချထားပေးမည်

လာမည့် နိုဝင်ဘာလဆန်းပိုင်းမှ စ၍ ကျပ်သုံးသိန်းတန် GSM မိုဘိုင်းဖုန်းများ ချထားပေးတော့မည်ဖြစ်ကြော်ငး မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ မိုဘိုင်းအင်ဂျင်နီယာချုပ် ဦးသိန်းဦးက ပြောသည်။

ဤကဲ့သို့ ကျပ်သုံးသိန်းတန် GSM မိုဘိုင်းဖုန်းများ ချထားပေးခြင်း၏ ရည်ရွယ်ချက်မှာ အခြေခံလူတန်းစားများပါ မိုဘိုင်းဖုန်း ကိုင်တွယ်သုံးစွဲခွင့် ရရှိစေရန် ရည်ရွယ်သည်ဟု ပြောသည်။

“နိုဝင်ဘာလဆန်းဆိုရင် သုံးသိန်းတန် GSM ဖုန်းကို တရားဝင် လျှောက်လွှာနဲ့ ခေါ်ယူသုံးစွဲခွင့် ပြုတော့မှာ ဖြစ်ပါတယ်။ သုံးသိန်းတန် ဖုန်းတွေချပေးလို့ ဆက်သွယ်ရေးလိုင်း ကျပ်မသွားပါဘူး။ GSM တာဝါတိုင်တွေကို ထပ်ပြီး တည်ဆောက်နေသလို ဆက်သွယ်ရေးလိုင်းမှာ အဓိကကျတဲ့ ဖုန်းကွန်ရက် ဆော့ဖ်ဝဲအသစ်တွေကိုလည်း တည်ဆောက်ထားပါတယ်။ အလုံးရေ တစ်သိန်းထိ ရန်ကုန်မြို့မှာ စပြီး ချထားပေးပါမယ်။ ရန်ကုန်ပြီးရင် မန္တလေးနဲ့ နေပြည်တော်ကိုပါ ဆက်တိုက် ဆောင်ရွက်သွားပါမယ်” ဟု ဆိုသည်။


၎င်းအပြင် အော်တိုအိတ်ချိန်း (Auto Exchange) ဖုန်းစနစ် ပြောင်းလဲ၍ သုံးစွဲခွင့်ပြုခဲ့စဉ် အချိန်က မြန်မာနိုင်ငံ၌ သုံးစွဲခဲ့သော ဖုန်းအလုံးရေမှာ ၇၄၈၅၅ လုံး ရှိခဲ့ကြောင်း၊ အဆိုပါ Auto exchange ဖုန်းသုံးစွဲမှု ကျယ်ပြန့်လာသော အချိန်ကာလများတွင်လည်း  စစ်တမ်းများအရ ဖုန်းသုံးစွဲမှု အခြေအနေမှာ (၁.၀၉) သန်းခန့် ရှိခဲ့ကြောင်း၊ ယခုနောက်ပိုင်းတွင် CDMA800 MHz ဖုန်းများ၊ CDMA450 MHz ဖုန်းများနှင့် GSM မိုဘိုင်းဖုန်း သုံးစွဲမှုမှာ ၂ ဒဿမ ၀၁ သန်း ခန့် ရှိနေပြီဖြစ်ကြောင်းနှင့် ယခု သုံးသိန်းတန် GSM ဖုန်းများ ချထားပေးပြီးပါက မြန်မာနိုင်ငံ၌ ဖုန်းသုံးစွဲမှု အခြေအနေမှာ သုံးသန်းမှ လေးသန်းအထိ ရှိလာနိုင်မည်ဟု ခန့်မှန်းထားကြောင်း ဆက်လက် ပြောပါသည်။

No comments: