Monday, July 4, 2011

အမျိုးသားတွေ ဆေးလိပ်၊ အရက် အလွန်အကျွံသောက်လို့ အမျိုးသမီးတွေထက် နှစ်ဆသေဆုံးနေ

ဆေးလိပ်နှင့်အရက်ကို အလွန်အကျွံ သောက်သုံးခြင်းအားဖြင့် အသက် (၆၅)နှစ်မတိုင်မီ မှာပင် အမျိုးသားများမှာ အမျိုးသမီးများထက်ပို၍ သေဆုံးရန် အလားအလာနှစ်ဆပိုရှိကြောင်း 
သိရသည်။

ထိုအဆိုကို ဥရောပသမဂ္ဂမှ လေ့လာ ဆန်းစစ်ထားသော အစီရင်စာတွင် ဖော်ပြခဲ့ခြင်း ဖြစ်သည်။ အစီရင်ခံစာတွင်ဖော်ပြချက်အရ နှစ်စဉ် လိုပင် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများရှိ အလုပ် လုပ်သော အသက်အရွယ်ရှိ အမျိုးသားများ သေဆုံးမှုမှာ ၆၃၀၀၀၀ဦးရှိပြီး အမျိုးသမီးများ
သေဆုံးမှုမှာ ၃၀၀၀၀၀ခန့်ရှိကြောင်း သိရသည်။       
 

Sussex တက္ကသိုလ်မှ သုတေသီအဖွဲ့ဝင် တစ်ဦးဖြစ်သည့် ဒေါက်တာ ရစ်ချတ်ဒီဗစ်ဆာက အယ်လ်ကို
ဟော၊ မူးယစ်ဆေးဝါးသုံးစွဲမှုနှင့် လိင်ဆက်ဆံမှုတို့၏ သက်ရောက်မှုကြောင့် အချိန် မတန်မီ 
သေဆုံးခြင်းတို့နှင့်ပတ်သက်၍ လေ့လာ ဆန်းစစ်ကာ အစီရင်ခံဖော်ပြခဲ့ခြင်းဖြစ်သည်။
    

ဥရောပတစ်လွှားရှိ ဆေးလိပ်သောက်သုံးသူ အမျိုးသား ၆၃ရာခိုင်နှုန်းနှင့် အမျိုးသမီး ၄၅ ရာခိုင်နှုန်းကို နှိုင်းယှဉ်ကာ လေ့လာသုံးသပ်ရာမှ တွေ့ရှိခဲ့ခြင်းလည်းဖြစ်သည်။ လေ့လာဆန်းစစ်မှု တွင်ဖော်ပြချက်အရ အမျိုးသားများသည် အမျိုး သမီးများထက် ဆေးလိပ်နှင့်အရက်ကို ပို၍သုံးစွဲရန် အလားအလာရှိသည်ဟု ဆိုသည်။ 

နိုင်ငံပေါင်း ၃၁နိုင်ငံမှ ၂၃နိုင်ငံရှိ အမျိုးသားများသည် နာတာ ရှည် အသည်းရောဂါကြောင့် အမျိုးသမီး
များထက် သေဆုံးမှုနှုန်း နှစ်ဆရှိကြောင်း တွေ့ရှိသည်ဟု ဆိုသည်။ ထိုအတောအတွင်း အမျိုးသား 
၈၂ ရာခိုင်နှုန်း မူးယစ်ဆေးဝါးကို အလွန်အကျွံသုံးစွဲ ကြောင်း တွေ့ရှိရသည်ဟုဆိုသည်။ ဒေါက်တာ
ရစ်ချတ်ဒီဗစ်ဆာ၏အဆိုအရ ကျန်းမာရေးနှင့် ညီညွတ်ခြင်းမရှိသော အစားအစာ၊ လေ့ကျင့်ခန်း ပြုလုပ်မှု

နည်းပါးခြင်းကဲ့သို့သော လူနေမှုဘ၀ ဟန်ပန်ရှိသူများသည် ဆေးလိပ်သောက်ခြင်းနှင့် မူးယစ်ဆေးဝါး
သုံးစွဲခြင်းကဲ့သို့သော အလွဲသုံးစားပြုခြင်းတို့ကို ပိုမိုပြုလုပ်ရန် အလားအလာရှိသည် ဟုဆိုသည်။
    

လိဒ်မက်ထရိုပိုလီတန်တက္ကသိုလ်မှ သုတေသီအဖွဲ့ခေါင်းဆောင် ပါမောက္ခအလန်ဝှိုက် ကမူ ဥရာပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများရှိ အမျိုးသား တို့၏ ကျန်းမာရေးဆိုင်ရာ ရှုမြင်သုံးသပ်ချက်ကို ပထမဦးဆုံးအကြိမ် ရှင်းရှင်းလင်းလင်းပြုခဲ့ခြင်း ဖြစ်ကြောင်း၊ အမျိုးသားများ၏ အချိန်မတန်မီ သေဆုံးမှုမှာ တစ်နိုင်ငံနှင့်တစ်နိုင်ငံ အကြီးအကျယ် ကွဲပြားခြားနားမှုရှိကြောင်း အိုက်စလန်ရှိ အမျိုးသား များမှာ အသက် (၈၀) အထိ နေထိုင်နိုင်ကြသော် လည်း လတ်ဗီးယားမှ အမျိုးသားတို့၏ ပျမ်းမျှ သက်တမ်းမှာမူ (၆၆)နှစ်သာရှိကြောင်း ပါမောက္ခ အလန်ဝှိုက်က ပြောကြားခဲ့သည်။  

No comments: