Monday, May 23, 2011

နိုင်ငံသားသက်သေခံလက်မှတ် (မှတ်ပုံတင်ကတ်ပြား)များကို အမြန် ပြုလုပ်ပေးရန် အစီအစဉ်ရှိဟုဆို

နိုင်ငံသား သက်သေခံလက်မှတ် (မှတ်ပုံတင်ကတ်ပြား) များကို အမြန်ပြုလုပ်ပေးရန် အစီအစဉ်
ရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး၏ လူဝင်မှုကြီးကြပ်ရေး၊ နိုင်ငံခြားရေး၊ ပညာရေး၊
ကျန်းမာရေး၊ သိပ္ပံနှင့် နည်းပညာဌာနများ၏ ၀န်ကြီးဖြစ်သူ ဦးဉာဏ်ထွန်းဦးက မေလ ၁၇
ရက်နေ့ ညနေပိုင်းက သတင်းမီဒီယာများနှင့် တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။

နိုင်ငံသားသက်သေခံ လက်မှတ် ထုတ်ပေးရေးမှာ နိုင်ငံတော်အတွက် အလွန်အရေးကြီးသော
လုပ်ငန်း ဖြစ်ကြောင်း၊ နိုင်ငံသားစစ်စစ်တစ်ယောက် နိုင်ငံသားသက်သေခံ လက်မှတ်
လျှင်မြန်စွာ ရရှိစေရန် အတွက် လူဝင်မှုကြီးကြပ်ရေးဌာနတွင် တာဝန် ရှိကြောင်း၊ နိုင်ငံသား
မဖြစ်သင့်သည့် လူတစ်ယောက် နိုင်ငံသားလက်မှတ် မရရှိစေရေးမှာလည်း လူဝင်မှုကြီးကြပ်
ရေးဌာန အနေဖြင့် သတိပြုရမည့် အချက် ဖြစ်ကြောင်းကိုလည်း ၀န်ကြီးက ထည့်သွင်း
ပြောကြားခဲ့သည်။



နိုင်ငံသား သက်သေခံလက်မှတ်များကို မြန်မြန်ဆန်ဆန်နှင့် မှန်မှန်ကန်ကန် ထုတ်ပေးနိုင်ရန်ကိုလည်း တာဝန် ထမ်းဆောင်သူများအား သင်တန်းပေးထားခြင်းများရှိ . . .


''နိုင်ငံသားသက်သေခံ လက်မှတ်ကတ်ပြားကို အခုထက်ပိုပြီး အဆင်ပြေ မြန်ဆန်အောင်
ပြုလုပ်ပေးဖို့ အစီအစဉ် ရှိပါတယ်။ အဲဒီအတွက် အချက်အလက်တွေတော့ ပြည့်စုံဖို့ လိုပါတယ်။
နိုင်ငံသား သက်သေခံ လက်မှတ် ထုတ်ပေးရေးက နိုင်ငံတော်အတွက် အရေးကြီးတဲ့လုပ်ငန်း
ဖြစ်ပါတယ်။

နိုင်ငံသားစစ်စစ်တစ်ယောက် နိုင်ငံသား သက်သေခံလက်မှတ် အလျင်မြန်စွာ ရရှိစေဖို့ အတွက်
ကျွန်တော်တို့ လူဝင်မှုကြီးကြပ်ရေးဌာနတွင် တာဝန်ရှိသလို  နိုင်ငံသား မဖြစ်သင့်တဲ့
လူတစ်ယောက် နိုင်ငံသား လက်မှတ် မရရှိစေရေးမှာလည်း လူဝင်မှု ကြီးကြပ်ရေးဌာန
အနေနဲ့ သတိပြုရမယ့် အဓိကတာဝန်တစ်ခု ဖြစ်ပါတယ်။

လူဝင်မှုကြီးကြပ်ရေးဌာနမှာ တာဝန်ထမ်းဆောင်တဲ့သူတွေကိုလည်း သက်သေခံလက်မှတ်တွေ
မြန်မြန် ထုတ်ပေးဖို့ သင်တန်း ပေးထားတာတွေ ရှိပါတယ်''ဟု ၀န်ကြီးက ထည့်သွင်း
ပြောကြားခဲ့ပါသည်။ထို့ပြင် ပြည်သူလူထု လိုအပ်သည့် နိုင်ငံသား သက်သေခံလက်မှတ်များကို
မြန်မြန်ဆန်ဆန်နှင့် မှန်မှန်ကန်ကန် ထုတ်ပေးနိုင်ရန်ကိုလည်း တာဝန်ထမ်းဆောင်သူများအား သင်တန်းပေးထားခြင်းများ ရှိကြောင်း ၀န်ကြီး၏ ပြောကြားချက်အရ သိရှိရပါသည်။

From Eleven News Journal

No comments: