Sunday, May 29, 2011

ပြင်ဆင်ကြမယ် ကျောင်းဖွင့်ချိန်ဝယ်

မကြာခင်မှာ သင်တို့ရဲ့ သားသမီးတွေရဲ့ကျောင်းဖွင့်ချိန်ရောက်ပြီနော်။

သူတို့အတွက် ပြင်ရဆင်ရမှာတွေက သေးသေးမွှားမွှားကနေ ကြီးကြီးမားမားအထိ အစုံပဲမို့ မမေ့သင့်တာတွေ မမေ့ရအောင်ဒါလေးတွေ ဖတ်ကြည့်ပါဦး။

၁။ စာသင်နှစ်အတွက် အရေးကြီးဆုံးကတော့ စာအုပ်ပါ။ စာအုပ်တွေနဲ့ စာရေးကိရိယာတွေကို
တစ်ခါတည်း အများကြီး ကြိုဝယ်ထား လိုက်ပါ။

၂။ သင့်ကလေးတွေအတွက် အချိန် ဇယားလေးတစ်ခုဆွဲပေးပါ။ ကျောင်း ချိန်၊ စာကြည့်ချိန်၊ အနားယူချိန်ရယ်လို့ ခွဲပြီး သူ့အတွက် အချိန်ခွဲခြားထားပေး ပါ။ အိပ်ချိန်၊ ကျောင်းပိတ်ရက်
နားချိန် တွေက အစပေါ့။

၃။ ကျောင်းဖွင့်ချိန်နဲ့အတူ မိုးရာသီကလည်းစပြီမို့လို့ ရာသီဥတုအလိုက် သင့်ကလေးရဲ့
ကျန်းမာရေးအတွက် လုပ်စရာ၊ ပြင်ဆင်စရာ တွေကို မမေ့ပါနဲ့။

၎။ ကျောင်းပိတ်ရက်က ကြာတော့ ကျောင်းပြန်တက်ရတော့မယ်ဆိုရင် ကလေးတွေက တွန့်ဆုတ်တတ်ကြပါတယ်။ အဲဒါကြောင့် ကျောင်းဖွင့်ဖို့ တစ်ပတ်လောက်အလိုကတည်းက သူ့စိတ်ထဲကျင့်သားရအောင် ကျောင်းဖွင့်ရင်ပြင်ဆင်ရမှာတွေကို ပြောပြပါ။ အတူ
ပြင်ဆင်ပါ။

No comments: