Tuesday, May 31, 2011

အခြေခံလူတန်းစာတွေဘ၀ ပြောင်းလဲဖို့အတွက် အလုပ်အကိုင် အခွင့်အလမ်းရရှိရေးက အဓိကကျတယ်

ပညာရှင်တွေ စကားတစ်ခုရှိပါတယ်။ အလုပ်ရှိမှ ဘ၀ရှိမယ်။ အလုပ်မရှိရင် ဘ၀ မရှိနိုင်ဘူးတဲ့။ တကယ်မှန်ပါတယ်။ အလုပ်မရှိရင် ၀င်ငွေဆိုတာလဲ မရှိနိုင်ပါဘူး။ ၀င်ငွေမရှိရင် ဘ၀ ပြောင်း
လဲဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ 

အဲဒီအတွက် အခြေခံလူတန်းစားတွေရဲ့ဘ၀ ပြောင်းလဲဖို့ အတွက် အလုပ်အကိုင် အခွင့်အလမ်း
တွေက အရေးကြီးပါတယ်။ အလုပ်အကိုင် အခွင့်အလမ်း တွေ အများအပြား ဖော်ဆောင်ပေးဖို့
လိုပါတယ်။ 

ဒါမှ အခြေခံလူတန်းစားတွေရဲ့ဘ၀ ပြောင်းလဲ လာမှာဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ပြည်တွင်းမှာ အလုပ်အကိုင်အခွင့်အလမ်းတွေ နည်းပါး နေသေးတဲ့အတွက် ပြည်ပကို သွားရောက်လုပ်ကိုင်သူ
တွေဟာ များပြားနေရခြင်းဖြစ်ပါတယ်။ 

ဒါဟာ သူတို့ ဘ၀တွေ ပြောင်းလဲဖို့အတွက် အလုပ်အကိုင်အခွင့်အလမ်းတွေကို ရှာဖွေလုပ်ကိုင်နေရတာဖြစ်ပါတယ်။ အခု အချိန်မှာ အလုပ်အကိုင်တစ်ခုရဖို့အတွက် 
မလွယ်ကူလှပါဘူး။ ဒီတော့ အလုပ်တစ်ခုက အဆင်မပြေလို့ နောက် တစ်မျိုးပြောင်းလုပ်ဖို့ဆို
တာ မသေချာဘူး။ ပြီးတော့ အလုပ်ရှိတဲ့သူအတွက်ကလည်း ရသင့်ရထိုက်တဲ့ လုပ်အားခ 
မရကြတဲ့အတွက် ဘ၀တွေပြောင်းလဲဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ပါ။ 

အဲဒီအတွက် အခြေခံလူတန်းစားတွေရဲ့ ဘ၀ပြောင်းလဲဖို့အတွက် ထိုက်တန်တဲ့လုပ်အားခနဲ့ အလုပ်အကိုင်ခွင့်အလမ်းက အများကြီး လိုအပ်ပါတယ်။ ဒီလိုမှမဟုတ်ရင် အခြေခံလူတန်းစား
တွေအတွက် ပြောင်းလဲမှုဆိုတာ ဘယ်တော့မှ ရှိလာမှာမဟုတ်ပါဘူး။

No comments: