Monday, May 30, 2011

ကိုယ့်ရင်ထဲက လောဂျစ်

Written by ဆန်းထွန်းသောင်   
Thursday, 26 May 2011 01:14
AddThis Social Bookmark Button
လောဂျစ် Logic ဆိုသည်မှာ လူတွေ ဘယ်လို စဉ်းစားသလဲဆိုတာ လေ့လာသောပညာရပ်
မဟုတ်ပါ။ လူတွေ ဘယ်လို စဉ်းစားသလဲ ဆိုတာကို လေ့လာသော ပညာသည် စိတ်ပညာ
Psychology ဖြစ်ပါသည်။ လောဂျစ် ဆိုသည်မှာ ဒဿနိကဗေဒ Philosophy ပညာရပ်၏
ကဏ္ဍတစ်ခု ဖြစ်ပါသည်။ ဘယ်လို စဉ်းစားသင့်တယ် ဆိုတာကို လေ့လာသော ပညာရပ်
ဖြစ်ပါသည်။ စည်းမျဉ်းဥပဒေများ၊ နှုန်းစံများ ချမှတ်လေ့လာသော ပညာရပ် ဖြစ်ပါသည်။

ယနေ့ နိုင်ငံတကာ အဆင့်မီ တက္ကသိုလ်များတွင် ကိုယ်ပိုင်စဉ်းစားဥာဏ် ထက်မြက်စေရန် လောဂျစ်အခြေခံကို လေ့လာကြရပါသည်။ လောဂျစ်သည် လူ၏ IQ (စဉ်းစားဆင်ခြင်မှု
အတိုင်းအတာ)ကို မြင့်မားစေပါသည်။ ယခုအခါ လူ၏ IQ ကိုသာမက EQ (ခံစားမှု
အတိုင်းအတာ)ကိုလည်း ပညာရှင်များ လေ့လာတင်ပြကြပါသည်။ IQ နှင့် EQ ပေါင်း၍ EI ခံစားဆင်ခြင်ဉာဏ်ကို လေ့လာတင်ပြကြပါသည်။ ကိုယ်ခြင်းစာတရား စသည့် ကိုယ်ကျင့်
တရားဆိုင်ရာ နူန်းစံများနှင့် လောဂျစ် ပေါင်းစပ်ခြင်းဟု ယူဆမိပါသည်။

EQ မြင့်မားရေး အတွက် နိုင်ငံတကာ တက္ကသိုလ်များတွင် လောဂျစ်နှင့် Ethics
ကိုယ်ကျင့်တရားပညာ ပေါင်းစပ်ထားသော သင်ရိုးစာအုပ်များ လေ့လာကြရပါသည်။
သို့မှသာ အောင်မြင်သော လူအဖွဲ့အစည်း တစ်ခုကို ပါဝင် တည်ဆောက်နိုင်သော
လူစွမ်းအား အရင်းအမြစ် ဖန်တီးနိုင်ပါသည်။

ယခု ဆောင်းပါးမှာ လောဂျစ်ကို အဓိက တင်ပြထားပြီး ကိုယ်ကျင့်တရား ပညာနှင့်
ဆက်စပ်မှုကို အနည်းငယ် တင်ပြပါသည်။

လောဂျစ်ကို အချို့ ပညာရှင်တို့က စဉ်းစားဆင်ခြင်မှု reasoning ကို လေ့လာသည့် ပညာဟု
ဖွင့်ဆိုပါသည်။ ဆင်ခြင်မှန်ပုံစံ Valid Form နှင့် ဆင်ခြင်မှားပုံစံ Invalid Form ခွဲခြားနိုင်ရန်
လေ့လာသည်ဟု ဆိုပါသည်။

မစဉ်းစားခြင်တော့ပါဘူး ဆရာရယ် စိတ်ပင်ပန်းတယ်။ မစဉ်းစားဘဲ နေရတာ ကောင်းပါတယ်။
ဟု တပည့်တစ်ဦးက ပြောပါသည်။ အခုလို မစဉ်းစားဘဲ နေရတာ ကောင်းပါတယ် ဆိုတာ
စဉ်းစားပြီးမှ ပြောတာလား မစဉ်းစားဘဲ ပြောတာလားဟု မေးတော့ စဉ်းစားပြီးမှ
ပြောတာပါဆရာဟု ဖြေပါသည်။


ယနေ့ နိုင်ငံတကာအဆင့်မီ တက္ကသိုလ်များတွင် ကိုယ်ပိုင် စဉ်းစားဥာဏ် ထက်မြက်စေရန် လောဂျစ်အခြေခံကို လေ့လာကြရပါသည်။ လောဂျစ်သည် လူ၏ IQ (စဉ်းစားဆင်ခြင်မှု အတိုင်းအတာ)ကို မြင့်မားစေပါသည်။ ယခုအခါ လူ၏ IQ ကိုသာမက EQ (ခံစားမှု အတိုင်းအတာ)ကိုလည်း ပညာရှင်များ လေ့လာ တင်ပြကြပါသည်

ဟုတ်ပါသည်။ လူတိုင်း စဉ်းစားကြပါသည်။ စဉ်းစားတတ်ကြပါသည်။ သို့သော် တစ်ဦးနှင့်တစ်ဦး စဉ်းစားဆင်ခြင်ပုံစံ မတူပါ။ ကလေးတစ်ဦး၏ ဆင်ခြင်ပုံ လောဂျစ်ကို ကြည့်ပါ။ တစ်နေ့
မောင်နှမသုံးဦး ကြီးလာရင် ဘာလုပ်မလဲ ပြောကြသည်။ အစ်ကို ဖြစ်သူက ဆရာဝန်လုပ်မည်
ဟု စတင်ပြောသည်။ အမဖြစ်သူက သူနာပြုဆရာမ လုပ်မည်ဟု ပြောသည်။ ထိုအခါ
အငယ်ဆုံးကလေးက ဒါဆိုရင်သားက လူနာဘဲ လုပ်ရတော့မှာပေါ့ဟု ပြောပါသည်။

တစ်နေ့က ဖတ်လိုက်ရသော ဂျာနယ်တစ်စောင်မှ လောဂျစ် logic ပုံစံတစ်ခုကိုလည်း
သတိပြုမိပါသည်။ နိုင်ငံခြား တက္ကသိုလ်တစ်ခုတွင် စီးပွားရေး စီမံခန့်ခွဲမှုပညာ မဟာဘွဲ MBA သင်တန်းသူတစ်ဦးက ပြောသောစကား ဖြစ်သည်။

ကျွန်မတို့ Business လောကမှာ Happy Triangle ဆိုတာ ရှိပါတယ်။ Employee တွေပျော်မှ
Customer တွေကို ဂရုစိုက်မယ်။ ပျော်ရွှင်စေမယ်။ Customer တွေ ကျေနပ်မှ Business
အောင်မြင်မယ်။ အမြတ်အစွန်း ရမယ်။ Shareholders တွေ ပျော်ရွှင်မယ်။ logic က
အဲဒီလိုသွားတော့ ဒီ Happy Triangle လေး ဟန်ချက်ညီနေဖို့ ကိုယ့်ဝန်ထမ်းတွေကို
ဂရုစိုက်ဖို့ လိုပါတယ်။ အဲဒီအတွက် Human Resource Management က အရမ်းကို
အရေးပါပါတယ်။ ဟု ဆိုပါသည်။

သူမ၏ Logic တွင် အကြောင်းအရာကလည်း စိတ်ဝင်စားဖွယ် ဖြစ်သည်။ စဉ်းစားဆင်ခြင်
မှုပုံစံ Logic Form ကလည်း စိတ်ဝင်စားဖွယ် ဖြစ်သည်။ အကြောင်းအရာမှာ စီးပွားရေး
စီမံခန့်ခွဲမှုပညာ ဖြစ်ပါသည်။ စီးပွားရေး စီမံခန့်ခွဲမှု ပညာရှင်တစ်ဦး၏ အယူအဆတစ်ရပ်
ဖြစ်ပေမည်။ ပညာရှင်တို့သည် မိမိ၏ အယူအဆကို တင်ပြကြသောအခါ ရှေ့နောက် ညီညွတ်မှု
ရှိစေရန် Logic ကို အသုံးပြုကြပါသည်။ ထို့ပြင် မိမိတင်ပြသော အယူအဆကို အခြားသူများ
ကိုယ်ပိုင် စဉ်းစားဆင်ခြင်ဉာဏ်ဖြင့် လက်ခံလာစေရန်လည်း Logic ကို အသုံးပြုကြပါသည်။

သူမ၏ Logic တွင် တွေ့ရသော Logic Form ကို သုံးပိုင်းခွဲ၍ တင်ပြ ဆွေးနွေးပါမည်။
(၁) Employee တွေပျော်မှ Customer တွေကို ဂရုစိုက်မယ်။ ပျော်ရွှင်စေမယ်။
(၂)  Customer တွေ ကျေနပ်မှ Business အောင်မြင်မယ်။ အမြတ်အစွန်းရမယ်။
Shareholders တွေပျော်ရွှင်မယ်။ (၃) ဒီ Happy Triangle လေး ဟန်ချက်ညီနေဖို့
ကိုယ့်ဝန်ထမ်းတွေကို ဂရုစိုက်ဖို့ လိုပါတယ်။ အဲဒီအတွက် Human Resource
Management က အရမ်းကို အရေးပါပါတယ်။ ဟူ၍ သုံးခု ရှိပါသည်။

ယင်းသုံးခုကို ဆက်စပ်၍ တွေးဆချက် Hypothesis ပုံစံ If then အကယ်၍ လျှင်ကို
အသုံးပြုတင်ပြပါမည်။  (၁) အကယ်၍ Business အောင်မြင်ချင်တယ် အမြတ်အစွန်း
ရချင်တယ် Shareholders တွေ ပျော်စေချင်တယ် ဆိုပါလျှင် Customer တွေကို ကျေနပ်
ပျော်ရွှင်စေအောင် ဆောင်ရွက်ပေးရမယ်။ (၂) အကယ်၍ Customer တွေကို ကျေနပ်
ပျော်ရွှင်စေအောင် ဆောင်ရွက်ပေးရမယ် ဆိုပါလျှင် ကိုယ့်ဝန်ထမ်းတွေကို ဂရုစိုက်ဖို့၊
ပျော်ရွှင်စေဖို့ လိုပါတယ်။ (၃) ဒါ့ကြောင့် အကယ်၍ Business အောင်မြင်ချင်တယ်
အမြတ်အစွန်းရချင်တယ် Shareholders တွေ ပျော်စေချင်တယ် ဆိုပါလျှင်
ကိုယ့်ဝန်ထမ်းတွေကို ဂရုစိုက်ဖို့ ပျော်ရွှင်စေဖို့ လိုပါတယ်။

ဆိုလိုသည်မှာ (၁) အကယ်၍ ကိုယ့်ဝန်ထမ်းကို ဂရုမစိုက်ပါလျှင် မပျော်ရွှင်စေပါလျှင်
Customer တွေကို ကျေနပ်ပျော်ရွှင်စေအောင် မဆောင်ရွက်နိုင်ပါ။ (၂) အကယ်၍
Customer တွေကို မကျေနပ် မပျော်ရွှင်စေပါလျှင် Business လည်း မအောင်မြင်နိုင်၊
Shareholders တွေလည်း မပျော်စေနိုင်ပါ။ (၃) ဒါ့ကြောင့် အကယ်၍ ကိုယ့်ဝန်ထမ်းကို
ဂရုမစိုက်ပါလျှင် Business လည်း မအောင်မြင်နိုင်၊ Shareholders တွေလည်း မပျော်စေနိုင်ပါ။

သို့ဖြစ်၍ အောက်ပါ ရှေ့နောက် ညီညွတ်သော ပုံစံ Logical Form (သို့မဟုတ်) ဆင်ခြင်မှန်ပုံစံ
Valid Form နှစ်ခု ရရှိပါသည်။ (၁) အကယ်၍ Business အောင်မြင်ချင်တယ် အမြတ်အစွန်း
ရချင်တယ် Shareholders တွေ ပျော်စေချင်တယ် ဆိုပါလျှင် ကိုယ့်ဝန်ထမ်းတွေကို ဂရုစိုက်ဖို့
ပျော်ရွှင်စေဖို့ လိုပါတယ်။ သူမက Business အောင်မြင်ချင်တယ် အမြတ်အစွန်းရချင်တယ်
Shareholders တွေ ပျော်စေချင်တယ်။ ဒါကြောင့် သူမက ကိုယ့်ဝန်ထမ်းတွေကို ဂရုစိုက်ဖို့
ပျော်ရွှင်စေဖို့ လိုပါတယ်။ (၂)အကယ်၍ Business အောင်မြင်ချင်တယ် အမြတ်အစွန်းရချင်တယ် Shareholders တွေ ပျော်စေချင်တယ် ဆိုပါလျှင် ကိုယ့်ဝန်ထမ်းတွေကို ဂရုစိုက်ဖို့ ပျော်ရွှင်စေဖို့
လိုပါတယ်။ ဒါပေမယ့် သူမက ကိုယ့်ဝန်ထမ်းတွေကို ဂရုမစိုက်ဘူး မပျော်ရွှင်စေပါဘူး။ ဒါကြောင့်
သူမရဲ့ Business မအောင်မြင်ပါဘူး။ အမြတ်အစွန်း မရပါဘူး Shareholders တွေ မပျော်ပါဘူး။

တဖန် ယင်း Valid Form နှစ်ခုကို သင်္ကေတပုံစံ ပြောင်းနိုင်ပါသည်။ (၁)အကယ်၍ p ဖြစ်လျှင်
q ဖြစ် မည်။ p ဖြစ်သည်။ ထိုကြောင့် q ဖြစ်သည်။ (၂) အကယ်၍ p ဖြစ်လျှင် q ဖြစ်မည်။ q မဖြစ်ပါ။
ထို့ကြောင့် p မဖြစ်ပါ။။

ဆက်လက်၍ တင်ပြပါဦးမည်။ သူမ၏ Logic မှာ ပုံစံတစ်မျိုးကိုသာ ဖေါ်ပြပါသည်။ Employee
တွေပျော်မှ Customer တွေကို ဂရုစိုက်မယ်။ ပျော်ရွှင်စေမယ်။ (အကယ်၍ ကိုယ့်ဝန်ထမ်းကို
ဂရုမစိုက်ပါလျှင် မပျော်ရွှင်စေပါလျှင် Customer တွေကို ကျေနပ်ပျော်ရွှင်စေအောင် မဆောင်
ရွက်နိုင်ပါ။) Customer တွေ ကျေနပ်မှ Business အောင်မြင်မယ်။ အမြတ်အစွန်းရမယ်။
Shareholders တွေ ပျော်ရွှင်မယ်။ (အကယ်၍ Customer တွေကို မကျေနပ် မပျော်ရွှင်စေပါလျှင်
ပေးရမယ် ဆိုပါလျှင် Business လည်း မအောင်မြင်နိုင်၊ Shareholders တွေလည်း မပျော်စေနိုင်ပါ။) ကိုယ့်ဝန်ထမ်းတွေကို ဂရုစိုက်ဖို့ လိုပါတယ်။ (အကယ်၍ ကိုယ့်ဝန်ထမ်းကို ဂရုမစိုက်ပါလျှင်
Business လည်း မအောင်မြင်နိုင်၊ Shareholders တွေလည်း မပျော်စေနိုင်ပါ။)

ယင်းပုံစံသည် (၂)ပုံစံ ဖြစ်ပါသည်။ “အကယ်၍ p ဖြစ်လျင် q ဖြစ်သည်။ q မဖြစ်ပါ။
ထို့ကြောင့် p မဖြစ်ပါ ပုံစံ ဖြစ်ပါသည်။

ကျန် ပုံစံ (၁) မှာ ပုံစံ (၂) နှင့် မတူသော်လည်း Valid Form တန်ဖိုးတူပါသည်။ သူမက ဖေါ်ပြမထားသော်လည်း စဉ်းစား ဖေါ်ထုတ်နိုင်ပါသည်။ သို့သော် သတိပြုရန်တစ်ခု
ရှိပါသည်။ ၀န်ထမ်းကို ဂရုစိုက်မှ လုပ်ငန်းအောင်မြင်မည် “အဆိုကို ပုံစံ(၂) ခု
ခွဲနိုင်သည်ကို သတိပြုသင့်ပါသည်။ (၁) အကယ်၍ ၀န်ထမ်းကို ဂရုမစိုက်ပါက လုပ်ငန်း
မအောင်မြင်နိုင်ပါ။ (၂) အကယ်၍ လုပ်ငန်း အောင်မြင်ချင်လျှင် ၀န်ထမ်းကို ဂရုစိုက်ရမည်
ဟူ၍ ဖြစ်ပါသည်။

ဆက်လက်၍ စဉ်းစားပါဦးမည်။ မြန်မာမူနယ်ပယ်တွင် တစ်ခါတစ်ရံ အသုံးပြုလေ့ ရှိသော
အဆိုတစ်ခု ရှိပါသည်။ (အူမတောင့်မှ သီလစောင့်မည်)ဟူသော အဆို ဖြစ်ပါသည်။
ယင်းအဆိုကိုလည်း အထက်ပါအတိုင်း ပုံစံ(၂)ခု ခွဲနိုင်ပါသည်။ (၁) အ ကယ်၍ အူမ
မတောင့်လျှင် သီလမစောင့်နိုင် (၂) အကယ်၍ သီလစောင့်လျှင် အူမတောင့်မည်။
ဟူ၍ ဖြစ်ပါသည်။ သို့သော် များသောအားဖြင့် ပုံစံ(၁)ကိုသာ စဉ်းစားပြောဆိုလေ့
ရှိပါသည်။ ပုံစံ(၂)ကို ဖေါ်ထုတ်စဉ်းစားလေ့ မရှိကြဟု ယူဆမိပါသည်။ ပုံစံ မတူသော်လည်း ဆင်ခြင်မှန်တန်ဖိုး တူပါသည်။ အဓိပ္ပာယ်တန်ဖိုး တူပါသည်။ ရှေ့နောက် ညီညွတ်ပြီး
အဓိပ္ပာယ်ရှိသော ကြောင်းကျိုးတရား Logico-meaninigful Causality ဖြစ်ပါသည်။

ဒဿနိကဗေဒကို လေ့လာရာတွင် သက်မဲ့ပစ္စည်းတို့၏ ကြောင်းကျိုးဆက်နွယ်မှုကို
ယန္တရားဆန်သော ကြောင်းကျိုးတရား Mechanistic Causality ဖြင့် လေ့လာနိုင်သော်လည်း လူနှင့်လူမှုယဉ်ကျေးမှုများကို လေ့လာရာတွင် Logico-meaniningful Causality ဖြင့် လေ့လာ
သင့်သည်ဟု ဆိုပါသည်။

နေ့စဉ်ဘ၀၌ တွေ့ကြုံလေ့ ရှိသော အဆိုအမိန့်များ၊ ဆောင်ပုဒ်များကို အထက်ပါကဲ့သို့ 
ပုံစံ(၂)ခုဖြင့် ဆန်းစစ် ဆင်ခြင်သင့်ပါသည်။ ပုံစံတစ်ခုဖြင့်သာ ဆင်ခြင်ပါက တစ်ဖက်သတ်
အမြင် ဖြစ်နေပါမည်။ (၀န်ထမ်းကောင်းမှ ကုမ္ပဏီ ကောင်းမည်။)
(တည်ငြိမ်အေးချမ်းမှ မိသားစုဘ၀ အောင်မြင် တိုးတက်မည်။) စသည့် အဆိုများကိုလည်း
နှစ်ဖက်အမြင်ဖြင့် စဉ်းစားဆင်ခြင် လေ့ကျင့်သင့်ပါသည်။ လူတို့သည် မိမိရုပ်ခန္ဓာကိုယ်
ဖွံဖြိုးရေး အတွက် လေ့ကျင့်ပျိုးထောင်ကြသော်လည်း စဉ်းစားဥာဏ် ဖွံဖြိုးရေးအတွက်
လေ့ကျင့်ပျိုးထောင်မှု အားနည်းတတ်ကြသည်ဟု ဆိုပါသည်။

ဆရာကြီး ရွှေဥဒေါင်းက စဉ်းစားဥာဏ် ဖွံဖြိုးရေး စာပေများ ရေးသားခဲ့ပါသည်။ စဉ်းစားဥာဏ်
ဖွံ့ဖြိုးရေး အားပေးခဲ့ပါသည်။ သို့သော် ဆရာကြီးက သတိပေးခဲ့ပါသည်။ မိုးရွာထဲ ထီးဆောင်းရင်း
အကယ်၍ မိုးရွာတာ ကောင်းကင်ကမရွာဘဲ မြေကြီး ကရွာရင် ထီးဘယ်လို ဆောင်းရမလဲ
စဉ်းစားသူကဲ့သို့ အကျိုးမရှိသော စဉ်းစားမှုကို မစဉ်းစားမိစေရန်လည်း သတိပေးခဲ့ပါသည်။
ဂရိဒဿနပညာရှင် ပလေတို က ဆင်ခြင်ဉာဏ် ရှိသူသည် သီလ စောင့်ထိန်းနိုင်သည်။
သီလစောင့်ထိမ်းနိုင်သူသည် ပျော်ရွှင်သော ဘ၀ကို တည်ဆောက်နိုင်သည်ဟု ဆိုပါသည်။

No comments: