Saturday, May 21, 2011

ကမ္ဘာ့ပြောင်းလဲမှုဖြစ်စဉ်နှင့် လူကုန်ကူးမှု

Written by ၀င်းနိုင်ထွန်း   
Thursday, 12 May 2011 02:38 
AddThis Social Bookmark Button
၁။ ကမ္ဘာ့ပြောင်းလဲမှု ဖြစ်စဉ်ကြောင့် ခေါင်းပုံဖြတ်ချင်း ခံရသူ များပြားလာရသည်။ ထိုဖြစ်စဉ်က ကျေးလက်တောရွာ နေသူများ မြို့တက်ကာ ပြောင်းရွှေ့ အလုပ်လုပ်ကိုင်လာကြခြင်း၊ ကျေးရွာနေသူများအား ဘေးဖယ်ထားမှုခံလာရခြင်း၊ နေရာဒေသ အများအပြားတွင် ကလေးနှင့် အမျိုးသမီးများ ဆင်းရဲတွင်း နက်လာစေခြင်း စသည့် အကြောင်းတရားများက လူကုန်ကူးမှု ဖြစ်
စေရန် လှုံ့ဆော်ပေးနေသည်။

၂။ ငွေကြေးစီးဆင်းမှုနှင့် ရွှေ့ပြောင်းရ လွယ်ကူ လျှင်မြန်လာသည်။ ထိုသို့ ငွေကြေးများ ရွှေ့ပြောင်း
မှု လျှင်မြန်လာမှုသည် လူကုန်ကူးသူများ၏ အမြတ်အစွှန်းများကို ငွေကြေးခ၀ါချရ လွှယ်ကူစေသည် သာမကကြီးမားကျယ်ပြန့်လှသည့် အကျင့်ပျက် ချစားမှုကိုလည်း ဖြစ်ပေါ်စေသည်။

၃။ ဥပမာ ဟောင်ကောင်နိုင်ငံမှ တင်ပို့သည့် ကုန်သေတ္တာများ အားလုံးကိုမစစ်ဆေးနိုင်ကြသဖြင့်
ထို လူမှောင်ခို တင်သွင်းမည့် တရုတ်လူမျိုး အများအပြား သင်္ဘော၏ ၀မ်းဗိုက်အတွင်းမှ စစ်ဆေးမှု
မခံရဘဲအမေရိကန်ပြည်ထောင်စုသို့ ပို့ဆောင် နေကြဆဲ ဖြစ်သည်။ နယ်သာလန် နိုင်ငံ၏ Rttra ဆိပ်ကမ်းသည်လည်း လူကုန်ကူးသူများ၏ အချက်အချာ ကျသည့်နေရာ ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ထိုဆိပ်ကမ်းသည်လည်း အစစ်ဆေးမခံရဘဲ ကုန်တင်သင်္ဘောများ အ၀င်။ အထွက် များပြားလှသည့် နေရာ ဖြစ်ခြင်းကြောင့် ဖြစ်သည်။

၎။ ထို့အပြင် ကမ္ဘာတစ်လွှားရှိ နယ်စပ်များကို ဖြတ်သန်း သွားလာနေကြသော ကုန်တင်ယာဉ်များ
နှင့် အလုံပိတ် မော်တော်ကားများကိုလည်း စစ်ဆေးမှု မရှိသလောက် ဖြစ်သည်။ ယူကရိန်းနိုင်ငံ
တောင်ပိုင်း ကမ်းရိုးတန်းရှိ Odessa ဆိပ်ကမ်းမြို့မှ မော်ဒိုဗာနိုင်ငံသို့ မောင်းနှင်လာသည့်
ကုန်တင်ကား တစ်စီးပေါ်မှ လူမှောင်ခို တင်သွင်းလာသည့် အိန္ဒိယနိုင်ငံသားများကို စစ်ဆေး
တွေ့ရှိခဲ့သည်။ ထိုသူများကို စနစ်တကျ အကန့်ကန့်ထားမှု ပြုလုပ်ထားသည့် ကုန်တင်ကားပေါ်မှာ ခိုးဝှက်သယ်ဆောင်လာခြင်း ဖြစ်သည်ကို စစ်ဆေး တွေ့ရှိရသည်။ ထိုသို့ ရှာဖွေတွေ့ရှိသည့် အချိန်မတိုင်ခင်က ထိုသို့ လူအများ တင်ဆောင်သွားသည့် လူမှောင်ခိုကားများ ဖြတ်သန်း သယ်ဆောင်နေခဲ့ကြမည် ဖြစ်သည်။ ၂၀၀၆ ခုနှစ် အစောပိုင်းက တူရကီနိုင်ငံသို့ လူမှောင်ခို တင်ဆောင်လာသော ကုန်တင်ကားတစ်စီး ချောက်ထဲ ပြုတ်ကျသွားသဖြင့် ကားပေါ်ပါလာသည့် အာဖဂန်နစ္စတန်နှင့် အိန္ဒိယ လူမျိုး ၆၀ ဦး အသက်ဆုံးရှုံးခဲ့ရသည့် ဖြစ်စဉ် ရှိခဲ့ဖူးသည်။


ဆင်းရဲနေသူများ၊ ဘ၀ရပ်တည်ရန် ခက်ခဲနေသူများနှင့် အထီးကျန် ဖြစ်နေသော လူကုန်ကူး ခံရသူများ၏ နောက်ကွယ်တွင် လူကုန်ကူးသူများသည် ၎င်းတို့၏ ကုန်ပစ္စည်းများနှင့် ကမ္ဘာ့ဈေးကွက် ချိတ်ဆက်ရန် စနစ်တကျ ဆက်သွယ်ရေးလမ်းကြောင်း ထားရှိကြသည် .  .  .

၅။ အလားတူ လူမှောင်ခိုကူးခံရသူများ သေဆုံးမှုမျိုး ရှိရာ ၂၀၀၈ ခုနှစ်၊ ဧပြီလတွင် အမျိုးသမီး
အများစု ပါဝင်သော မြန်မာအလုပ်သမား ၁၂၀ တင်ဆောင်လာသော အအေးခန်း ကွန်တိန်နာ
ကားသည် ထိုင်းနယ်စပ်ကိုကျော်ဖြတ်ကာဖူးခက်မြို့သို့ အသွားလမ်းခရီး၌ အသက်ရှုမွန်းကြပ်ကာ
၅၄ ဦး သေဆုံးခဲ့ရသည့်ဖြစ်ရပ် ရှိခဲ့သည်။ ထိုတရားမ၀င် အလုပ်သမားများသည် ထိုင်းနိုင်ငံတွင် အလုပ်ရမည်ဟူသော မျှော်လင့်ချက်ဖြင့် မိမိ ကိုယ်ပိုင်ဆန္ဒဖြင့် ထိုကုန်တင်ကားပေါ်သို့ လိုက်ပါ
လာကြခြင်း ဖြစ်သည်။ အသက်ရှင် ကျန်ရစ်သူများ ပြောပြချက် အရ ထိုခရီးစဉ်အတွက် တစ်ဦးလျင် ဘတ်(၅၀၀၀)(အမေရိကန်ဒေါ်လာ ၁၅၀)ခန့် ပေးခဲ့ရသည်ဟု ဆိုသည်။ သို့သော် မည်သည့်ပုံစံဖြင့် ခရီးသွားရမည်။ တစ်ဖက်နိုင်ငံသို့ ရောက်လျှင် မည်သို့ ဖြစ်ပျက်မည်ကို မသိရှိခဲ့ကြ။ ထိုအအေးခန်း ကုန်တင်ကားထဲတွင် လူအပြည့်တင်ဆောင်ပြီး မတ်တပ်စီးလာကြရာမှ လမ်းတစ်ဝက်တွင် လေအေးကေးစက် ပျက်သဖြင့် အသက်ရှုစရာ အောက်စီဂျင် မရသဖြင့် သေဆုံးကြခြင်း ဖြစ်သည်။ ဆက်သွယ်ရေး ကဏ္ဍတွင်လည်း ဆက်သွယ်မှု လျင်မြန်လာခြင်း၊ ဆက်သွယ်မှုဈေးနှုန်း ချိုသာလာ
ခြင်းနှင့် အမည်လျှိုဝှက်စွာ ပြောဆို ဆက်သွယ်နိုင်ခြင်း တို့က လူ ကုန်ကူးသူများအတွက် အားပေး အထောက်အကူ ပြုလာနေသည်။

၆။ နိုင်ငံရပ်ခြား လိင်မူဆိုင်ရာ ပျော်ပါးရန် ခရီးသွားလုပ်ငန်းများ၊ နိုင်ငံတကာမှ ကလေးငယ်များ၏ မဖွယ်မရာ ညစ်ညမ်းဓာတ်ပုံများ ဖြန့်ချိရောင်းဝယ်မှုများနှင့် လက်ထပ်ရန် သတို့သမီးလောင်းများ ရှာဖွေပေးရေး စသည့်ဝန်ဆောင်မှုများကို ၀က်ဘ်ဆိုက်များမှ ကြေညာပေးနေသည်။ တစ်ခါတစ်ရံ ထိုဝက်ဘ်ဆိုက်များက မသိမသာ သိုသိုသိပ်သိပ်ဖြင့် လိင်ကုန်ကူးမှု အတွက်အကျိုးဖြစ်ထွန်း
နေသည်ကိုလည်း တွေ့ရှိလာရသည်။

၇။ ယေဘုယျအားဖြင့် ဆင်းရဲနေသူများ၊ ဘ၀ရပ်တည်ရန် ခက်ခဲနေသူများနှင့် အထီးကျန်ဖြစ်
နေသော လူကုန်ကူးခံရသူများ၏ နောက်ကွယ်တွင် လူကုန်ကူးသူများသည် ၎င်းတို့၏
ကုန်ပစ္စည်းများနှင့် ကမ္ဘာ့ဈေးကွက် ချိတ်ဆက်ရန် စနစ်တကျ ဆက်သွယ်ရေးလမ်းကြောင်း ထားရှိကြသည်။ ရုရှားနိုင်ငံမှ လူကုန်ကူး ဂိုဏ်းသားများသည် ၎င်းတို့၏ သားကောင်များကို
ပင်လယ်နက် အနီးရှိ အက်လာစကာသို့ ကမ္ဘာတစ်ဝှမ်း၏ ခရီးတစ်ဝက် အဖြစ် ပို့ဆောင်ကြရာ
ထိုစီမံချက် အစီအစဉ်အားလုံးကို အီးမေးလ်များဖြင့် အဆက်အသွယ် ပြုလုပ်ကြလေသည်။
ထိုအချက်ကို ခေါင်းပုံဖြတ် အမြတ်ထုတ်ခံရသည့် မိန်းကလေးများ ထိန်းသိန်းပြီး နောက်ပိုင်းမှ သိရှိရကြရသည်။

၈။ အင်တာနက် အဆက်အသွယ်ဖြင့် ရောင်းသူ။ ၀ယ်သူ အချိတ်အဆက် ရစေသည်။
Chat Room များမှ တစ်ဆင့် လိင်ပိုင်းဆိုင်ရာ ပျော်ပါးလိုသူများအတွက် ခရီးသွားမည့် သတင်းအချက်အလက်များကို ဖလှယ်ခွင့် ရနေကြသည်။ လူကုန်ကူးသူများ သည် ၎င်းတို့၏ ဖောက်သည်များနှင့် စာတိုပို့စနစ် Text Message သုံးကာ အဆက်အသွယ် ပြုလုပ်ကြပြန်သည်။ အကျဉ်းထောင်များမှနေ၍ ဆဲလ်ဖုန်းများဖြင့် ဆက်သွယ်ကာ လူကုန်ကူးဂိုဏ်းများကို စီမံခန့်ခွဲကြသည်လည်း ရှိသည်။ လူကုန်ကူးသူများသည် စာတို အမြန်ပို့စနစ်များဖြင့် ၎င်းတို့၏ ပိုင်ဆိုင်မှုများကို သဲလွန်စ မကျန်စေရန် ငွေကြွေးခ၀ါချမှုများ လျင်မြန်စွာ ပြုလုပ်လာနိုင်ကြသည်။

၉။ ၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာလ ၁၄ ရက်နေ့က တရုတ်(တိုင်ပေ)နိုင်ငံ၊ အမျိုးသား လူဝင်မှုကြီးကြပ်
ရေး အေဂျင်စီမှ နယ်စပ်ဖြတ်ကျော် လူကုန်ကူးသည့် ဂိုဏ်းတစ်ခုကို ဖြိုခွင်းနိုင်ခဲ့ကြောင်း၊
ထိုဂိုဏ်းသည် အာရှတိုက်တွင်အကြီးဆုံးဂိုဏ်ကြီး ဖြစ် ကြောင်း၊ လွန်ခဲ့သည့် တစ်နှစ်ကျော်
ကတည်းက ဟောင်ကောင်၊ ထိုင်း၊ ဗြိတိသျှနှင့် အမေရိကန်နိုင်ငံတို့မှ အာဏာပိုင်များနှင့် ပူးပေါင်း စစ်ဆင်ရေး စခဲ့ကြရကြောင်း၊ လူကုန်ကူးမှု ၃၀ ကျော်ကျူးလွှန်ခဲ့ကြကြောင်း၊ ထိုလူကုန်ကူးမှုမှ အမေရိကန်ဒေါ်လာ ၃.၂၈ သန်း အမြတ်ရခဲ့ကြောင်း၊ အင်တာနက်နှင့် သတင်းစာများမှတစ်ဆင့် လူကုန်ကူးခံရသူများအား ထိုင်း(သို့မဟုတ်) ဟောင်ကောင်သို့ ပို့ပေးနိုင်သည့် ကြားခံလူများကို စုဆောင်းခဲ့ကြကြောင်း၊ အမေရိကန်၊ ဟော်လန်၊ ဗြိတိန်နှင့် ကနေဒါနိုင်ငံများသို့ လူကုန်ကူးခံရသူများ ပို့ဆောင် ပို့ပေးပြီးတိုင်း ဂိုဏ်းသားတစ်ဦးချင်းစီသည် တရုတ်(တိုင်ပေ)ဒေါ်လာ ခြောက်သောင်းခန့် ရရှိခဲ့ကြကြောင်း၊ ထိုအလုပ်သည် အလွယ်တကူ ငွေရှာလိုသူများအတွက် တွက်ချေကိုက်သည့် အလုပ်ဖြစ်နေကြောင်း သတင်းထုတ်ပြန်ထားသည်။

၁၀။ အင်တာနက်နှင့် ၀က်ဘ်ဆိုက်များတွင် ကလေးသူငယ်များနှင့် လိင်ပျော်ပါးလိုသူများ အတွက် ကလေးငယ်များ၏ မဖွယ်မရာပုံများနှင့် ဗီဒီယိုစသည့် မီဒီယာ အထောက်အထားများ ဖြန့်ချိသည့် သုံးစွဲသည့်အရာလည်း ဖြစ်သည်။ ၁၉၉၈ ခုနှစ်က တာဂျစ်ကစ်စတန်မှ ဖော်ထုတ်ရရှိချက် အရ ခြောက်လတာ ကာလအတွင်း ၀က်ဘ်ဆိုက်တစ်ခုမှ တစ်သန်းခန့်ရှိသည့် ကလေးများ၏ မဖွယ်မရာ ညစ်ငြမ်းပုံများ ထုတ်ယူရရှိနိုင်အောင် ဆောင်ရွက်ခဲ့သည့် သာဓကလည်း ရှိခဲ့သည်။

 

No comments: