Wednesday, May 25, 2011

ဝက်သားငှက်ပျောဖူးချက်

စားကြမယ်ဟေ့ကောင်းကောင်း


ဒီတစ်ပတ်တော့ ငှက်ပျောဖူးအနုကို ၀က်သားတုံးလေးတွေနဲ့ရောပြီး စားကြရအောင်။

ပါဝင်ပစ္စည်းများ

ဝက်သား၊ ငှက်ပျောဖူး ခရမ်းချဉ်သီး ကြက်သွန်နီ/ဖြူ၊ ချင်း။
ဝက်သားကို ရေဆေးပြီး တုံးထားပါ။ ငှက်ပျောဖူးရဲ့ အနုဆုံးအပိုင်းကို ယူပြီးပါးပါးလှီးပါ။
ကြက်သွန်ဖြူကို ချင်းနဲ့ရော ထောင်းပြီး ဆီပူပူမှာ ဆီသတ်ပါ။ ပြီးရင် ပါးပါးလှီးထားတဲ့
ခရမ်းချဉ်သီးကို ထည့်ပါ။ ခရမ်းချဉ်သီးနူးပြီး ကြေသွားပြီဆိုရင် ၀က်သားထည့်ပါ။
ဝက်သားကျက် လို့ အချိုအငန် အနေတော်ဖြစ်ပြီဆိုရင် လှီးထားတဲ့ ငှက်ပျောဖူးနဲ့ ရေ
အနည်းငယ်ထပ် ထည့်ပြီး ငါးမိနစ်လောက် နှပ်ထား လိုက်မယ်ဆိုရင် ၀က်သားရော ငှက် ပျောဖူးပါနူးနေမှာပါ။

ဒီဟင်းချက်တဲ့အခါ တစ်ခုသတိ ထားရမှာက ငှက်ပျောဖူးကို အိုးထဲ ထည့်ခါနီးမှ မလှီးပါနဲ့။
ဒါဆိုရင်တော့ အချိန်ခဏလေးအတွင်းမှာ နူးမှာ မဟုတ်ဖူးနော်။ 

No comments: