Sunday, May 29, 2011

ကြောက်တတ်လို့

ဂျွန်နီလေးနဲ့ဘော်ဘီတို့ သူတို့အဖေတွေရဲ့ကြောက်တတ်ပုံကိုပြောနေ ကြပါတယ်။
ဘော်ဘီက"ငါ့အဖေက ပိုကြောက်တတ်တယ်ကွ။မိုးကြိုးပစ် တာမြင်ပြီဆိုရင်
အဖေက ခုတင်အောက်ဝင်ပုန်းရော" လို့ဆိုပါတယ်။
ဒီတော့ ဂျွန်နီလေးကလည်း မခံချင်ဟန်နဲ့သူ့အဖေရဲ့ကြောက်တတ်ပုံကို ခုလိုပြောပြီး ဘော်ဘီ့ကိုပြန်ချေပလိုက်ပါတယ်။

"မင်းအဖေ ကြောက်တတ်တယ်ဆိုတာ ငါ့အဖေလောက်မဆိုးသေးပါဘူး
ဘော်ဘီရာ။ ငါ့အဖေကမှပိုကြောက်တတ်တာ။ ငါ့အဖေဆိုကြောက်လွန်း
လို့ အမေအချိန်ပိုဆင်းရတဲ့ ညတွေမှာ ဘေးအိမ်က အန်တီကြီးကို
ခေါ် ခေါ်အိပ်ခိုင်းရတယ်"တဲ့။

No comments: