Tuesday, May 31, 2011

မိုဘိုင်းဖုန်းကြောင့် ဦးနှောက်ကင်ဆာဖြစ်ပွားနိုင်

ရန်ကုန်၊ မေ ၂၆- 

မိုဘိုင်းဖုန်း အသုံးပြုသူ များသည် ဦးနှောက်ကင်ဆာဖြစ်ပွားနိုင် သဖြင့် ဖုန်းပြောဆိုရာတွင် 
အထူးသတိပြု ဆင်ခြင်ပြောဆိုသင့်ကြောင်း နား၊ နှာခေါင်း၊ လည်ချောင်းအထူးကုဆရာဝန်ကြီး
ပါမောက္ခ ဌာနမှုး (ငြိမ်း)ဒေါက်တာမျိုးမင်းက ပြော သည်။ 

''ဆယ်လူလာဖုန်း၊ မိုဘိုင်းဖုန်း၊ ဟမ်းဖုန်းတွေကျွေိငသ Radio Frequency ဆို တဲ့ wave တွေ 
ထွက်တယ်။ Radio Frequency ရဲ့အာနိသင်တွေဟာ နားပတ် လည် အရေပြား၊ စတွေးအိမ် 
အထူးသဖြင့် အတွင်းနားမှ အာရုံကြောများနဲ့ ဦးနှောက် ထိခိုက်ဒဏ်ရာရရှိနိုင်မှု ရှိ၊ မရှိဆိုတဲ့
ဟာကို ကမ္ဘာပေါ်မှာ သုတေသနလုပ်နေကြတာ အနှစ်(၂၀)လောက်ရှိပြီ။ အဓိကကတော့ 
ဟမ်းဖုန်းနဲ့ brain tumor ဖြစ်နိုင် မဖြစ်နိုင် သုတေသနလုပ်ကြတာများတယ်။ စိုးရိမ်သူ တွေအ
နေနဲ့ကတော့  မိုဘိုင်းဖုန်းအသုံး ပြုရာမှာ  သတိပြုဆင်ခြင်သင့်တာတွေကို သတိပြုဆင်ခြင်
ဖို့လိုအပ်ပါမယ်''ဟု ဒေါက် တာမျိုးမင်းက ပြောသည်။

''မိုဘိုင်းဖုန်းကို ဦးခေါင်းနဲ့ခွာပြီး ပြောလို့ရပါတယ်။ Blue tooth သုံးလို့ရ တယ်။ နားကြပ်တပ်ပြီး
ပြောလို့ရတယ်။ မို ဘိုင်းဖုန်းရဲ့အားသာချက်ကတော့ လူတိုင်း အတွက် အသုံးဝင်တဲ့အဓိက
ပစ္စည်းပါ။ အား နည်းချက်ကတော့ အသုံးပြုပါများရင် ဦး ခေါင်းပိုင်းဆိုင်ရာရောဂါရရှိနိုင်တာပါပဲ'' 
ဟု Myanmar Technology Gateway Co.Ltd မှ Chief  Executive Officer ဦးဇော်မင်းဦးကဆိုသည် 

နိုင်ငံတကာတွင် မိုဘိုင်းဖုန်းအ သုံးပြုခြင်းနှင့် ပတ်သက်၍ ဦးနှောက်ကင် ဆာဖြစ်ပွားနိုင်ခြင်းရှိ၊
မရှိ သုတေသနပြု လေ့လာရာတွင် သုတေသနပညာရှင်အချို့ က ဟမ်းဖုန်းအသုံးပြုခြင်းကြောင့် 
ရာခိုင် နှုန်း ၉၀သည်  ဦးနှောက်ကင်ဆာအကျိတ် ဖြစ်ပွားနိုင်ကြောင်းကို လေ့လာတွေ့ရှိခဲ့ကြ 
သည်။ 

No comments: