Tuesday, May 24, 2011

သွေးစစ်ဖို့ ...

တော်မီ တစ်ယောက် ပင်ပန်းနွမ်းနယ်နေဟန်နဲ့ သူပြနေကြဆရာဝန်ကို လာပြပါတယ်။
ဆရာဝန်က မျက်နှာမရွှင်မလန်းဖြစ်နေတဲ့ တော်မီကို ဘာတွေများဖြစ် လာတာလဲလို့
မေးပါတယ်။
တော်မီက "မနေ့တုန်းက ဆရာ့သူနာပြုက ဖုန်းဆက်တယ်။ ဒီနေ့ ဆရာကကျွန်တော့ကို
သွေးနဲ့ဆိုင်တဲ့ စစ်ဆေးမှုတွေ ပြုလုပ်မယ်တဲ့" လို့ပြောတော့
ဆရာဝန်က"ဟုတ်တယ်လေ .. စစ်စရာတွေ စစ်ရအောင် ခင်ဗျားဆီ သူနာပြုကို
ဖုန်းဆက်ခိုင်းလိုက်တာ။ ဒါနဲ့ ခင်ဗျားက ဘာလို့ ဒီလောက် ပင်ပန်းနေ ရတာတုန်း"လို့ ပြန်
မေးပါတယ်။
ဒီတော့ တော်မီ ပြန်ဖြေတာက "အာ ... ဆရာက သွေးနဲ့ဆိုင်တာတွေ စစ်မယ်ဆိုတော့
ကျွန်တော်လည်း ဆရာစစ်မေးတဲ့အခါ ဖြေနိုင်အောင် တစ်ညလုံးသွေးနဲ့ဆိုင်တဲ့စာတွေဖတ်နေတာနဲ့အိပ်ရေးပျက်ပြီး ပင်ပန်း နေတာဗျ"တဲ့။

အားလုံးပျော်ရွင်နိုင်ပါစေ။

No comments: