Tuesday, May 17, 2011

မလေးရှားနိုင်ငံကလာရောက်သူများကိုလက်ဗွေရာမှတ်တမ်းစတင်ကောက်ယူ

စာရွက်စာတမ်းအတုများအသုံးပြုပြီးမလေးရှားနိုင်ငံတွင်းသို့ဝင်ရောက်လာသောတရားမ၀င်ရွေ့ပြောင်း
အခြေချသူများကိုကာကွယ်ရန်ကြိုးပမ်းသည့်အနေဖြင့်နိုင်ငံတွင်းသို့ဝင်ရောက်လာသောနိုင်ငံခြားသား
များကိုလက်ဗွေရာမှတ်တမ်းစတင်ကောက်ယူနေကြောင်းခရီးသွားများထံမှသိရှိရသည်။

အိမ်နီးချင်းအင်ဒိုနီးရှားနှင့်မြန်မာနိုင်ငံမှအများစုလာရောက်ပြီးမလေးရှားတွင်တရားမ၀င်အလုပ်လုပ်
ကိုင်နေသူစုစုပေါင်းနှစ်သန်းခန့်အထိရှိကြောင်းမလေးရှားအာဏာပိုင်များ၏ဖော်ပြချက်များအရသိရှိ
ရသည်။

ကွာလာလမ်ပူအပြည်ပြည်ဆိုင်ရာလေဆိပ်တွင်ပြီးခဲ့သည့်လမှစတင်ကာဝင်ပေါက်နေရာအများအပြား
တွင်လက်ဗွေရာယူသည့်စနစ်ကိုစတင်ဆောင်ရွက်နေပြီး၊လာရောက်လည်ပတ်သူမျာူသည်လက်နှစ်
လက်စလုံးကိုလက်ဗွေရာပေးရမည်ဖြစ်ကြောင်းမလေးရှားလူဝင်မှုကြီးကြပ်ရေးဌာနကထုတ်ပြန်ကြေ
ညာထားသည်။ယင်းစနစ်ကိုဇွန်လ(၁)ရက်နေ့မှစတင်ကာတစ်နိုင်ငံလုံးတွင်စတင်အကောင်ထည်ဖော်
သွားမည်ဟုဆက်လက်ဖော်ပြထားသည်။

အိမ်နီးခြင်းနိုင်ငံများမှအလုပ်သမားများသည်ဆောက်လုပ်ရေး၊စိုက်ပျိုးရေး၊ကုန်ထုတ်လုပ်ရေးလုပ်ငန်း
များတွင်ဝင်ရောက်လုပ်ကိုင်နေကြသည်။မလေးရှားနိုင်ငံသည်အာရှတိုက်တွင်နိုင်ငံခြားသားအလုပ်သ
မားအများဆုံးရှိသောနိုင်ငံဖြစ်သည်။စုစုပေါင်း၁.၈သန်းခန့်ရှိသည်ဟုသုတေသနစာတမ်းများတွင်ဖော်
ပြထားသည်။




No comments: