Wednesday, May 25, 2011

တန်ဖိုးကြီးပစ္စည်းများ စာချုပ်ချုပ်ဆိုမှုအတွက် အထူးတံဆိပ်ခေါင်းထုတ်ဝေ

ကျော်သူ
 
ရန်ကုန်၊ တန်ဖိုးကြီးပစ္စည်းများ စာချုပ် ချုပ်ဆိုရန်အတွက် အထူးကပ်တံဆိပ် ခေါင်း (နံပါတ်ပါ)အမျိုးအစားသစ်များ ကို ပြည်တွင်းအခွန်ဦးစီးဌာနမှထုတ်ဝေ ကာသုံးစွဲခွင့်ပြု

ထားပြီဖြစ်ကြောင်း သိရသည်။
 

ယခင်က ကျပ် ၅၀၀၀တံဆိပ်ခေါင်းဖြင့် သာ တန်ဖိုးကြီးပစ္စည်းများကိုလွှဲပြောင်း၊ ရောင်းချရာတွင်ပစ္စည်းတန်ဖိုးမြင့်မား ပါကတံဆိပ်ခေါင်းအလုံးရေအလိုက် များ ပြားစွာသုံးစွဲရသည့်အခက်အခဲ များကိုဖြေရှင်းသည့်အနေဖြင့် ကျပ် ၁၀၀၀၀၀၊ ၃၀၀၀၀၀၊ 
၅၀၀၀၀၀တန် တံဆိပ်ခေါင်းများကိုထုတ်ဝေကာ စ တင်သုံးစွဲနိုင်ပြီဟု ရန်ကုန်တိုင်းအခွန် 
ဦးစီးဌာန အဆင့်မြင့်အရာရှိတစ်ဦးက ပြောသည်။
 

၂၀၁၁-၂၀၁၂ဘဏ္ဍာနှစ်သစ်မှ စတင်ကာ ယင်းနံပါတ်ပါတံဆိပ်ခေါင်း များကို 
သုံးစွဲနိုင်ရန်အတွက် ထုတ်ဝေ ခြင်းဖြစ်သည်ဟု သိရသည်။ 

No comments: