Wednesday, May 25, 2011

အခြေခံလူတန်းစာတွေဘ၀ ပြောင်းလဲဖို့အတွက် ပညာရေးက အဓိကကျတယ်

 မောင်ဆွေ(ရန်ကုန်မီဒီယာဂရုပ်)

ယနေ့ခေတ်သည် နည်းပညာခေတ်ဖြစ်သည်။ နည်းပညာ ခေတ်တွင် ဘ၀ရပ်တည်နိုင်ရေး
အတွက် ပညာတတ်ဖို့လိုသည်။ ပညာတတ် မှလည်း ပြောင်းလဲနေတဲ့ခေတ်ကို သိနိုင်မည်
ဖြစ်သည်။ အဲဒီလိုသိနိုင်မှ ပြောင်း လဲမှုနှင့် လိုက်လျောညီထွေမှုရှိမည့် အလုပ်ကိုလုပ်နိုင်
မည်ဖြစ်သည်။ ယင်းသို့လုပ်နိုင်မှ ဘ၀ပြောင်းလဲမှုရှိလာမည်ဖြစ်သည်။ 

ဒါကြောင့် အခြေခံလူတန်းစာတွေဘ၀ ပြောင်းလဲဖို့အတွက် ပညာရေးက အဓိကကျ 
တဲ့အရာဖြစ်သည်။ ပညာမတတ်သူအတွက် အမှားအမှန်ကို ကောင်းစွာ မခွဲနိုင်သည့်အပြင် အလုပ်အကိုင်ရရှိဖို့ဆိုတာ မဖြစ်နိုင်ပေ။ အတန်းပညာသော်လည်းကောင်း၊ အသက်မွေး ၀မ်းကျောင်းပညာသော်လည်းကောင်း ကျွမ်းကျင်စွာတတ်မြောက်ထားသူအတွက် လောက
တွင် ကောင်းမွန် စွာ ဘ၀ကို တည်ဆောက်နိုင်မည်ဖြစ်သည်။ ထိုသူမျိုးအတွက်  ပြောင်းလဲမှု
ကို လွယ်ကူစွာ ဆောင်ရွက်နိုင် မည်ဖြစ်သည်။ ယင်းသို့ဆောင်ရွက်နိုင်ခြင်းသည် ပညာတတ်ထားခြင်းကြောင့်ဖြစ်သည်။ 

ပညာတတ်မြောက် မှသာ ဘ၀ကို ကောင်းမွန်ပြောင်းလဲအောင် ဆောင်ရွက်နိုင်မည်ဖြစ်သည်။ ယနေ့ခေတ်တွင် အောင်မြင် နေသောသူများနှင့် ကြီးပွားချမ်းသာနေသူများကိုကြည့်ပါက 
ဘ၀ကို ပညာဖြင့် ထိန်းကျောင်းဆောင်ရွက်ခဲ့ခြင်း ကြောင့်ဖြစ်ကြောင်း တွေ့ရှိရမည်ဖြစ်သည်။

ယင်းအတွက် အခြေခံလူတန်းစားတွေမှ မဟုတ်။ လူတိုင်းရဲ့ဘ၀ တိုးတက်ပြောင်းလဲဖို့အတွက် ပညာရေးအဓိကအရေးပါကြောင်း ထင်ရှားနေပေသည်။

No comments: