Monday, May 30, 2011

တုန်ယန်းပီဇာ

ဒီတစ်ပတ်တော့ ပီဇာကြိုက်သူတွေပိုပြီးစွဲသွားမယ့် တုန်ယန်းပီဇာ စားကြ ရအောင်။

ပါဝင်ပစ္စည်းများ

ပီဇာ၊ ခရမ်းချဉ်သီးဆော့၊ စပါးလင်၊ ရှောက်ဘီလူးရွက်၊ ငရုတ်သီးစိမ်း၊ ပတဲကော၊
ငရုတ်သီးအနီ၊ မှို၊ ပုစွန်၊ ပြည်ကြီးငါး၊ ငါး၊ ကဏန်း၊
အသားချောင်း၊ ခုံး၊ သကြား၊ ပုစွန်ငံပြာရည်၊ သံပရာရည်၊ ချိစ်၊ နံနံပင်။
ငရုတ်သီးအနီ၊ မှို၊ ပုစွန်၊ ပြည်ကြီးငါး၊ ငါး၊ ကဏန်း၊ အသားချောင်းနဲ့ ခုံးတွေကို
ရောပြီးပြုတ်ထားပါ။ တုန်ယန်းအနှစ်ရလာအောင် စပါးလင်၊ ရှောက်ဘီလူးရွက်၊ ပတဲကော၊ ငရုတ်သီးစိမ်းတွေကို အမှုန့်ကြိတ်ပါ။ ရလာတဲ့အမှုန့်ထဲကို ပုစွန်ငံပြာရည်၊ သံပရာရည်၊
သကြားထည့်ပြီး ဆီနည်းနည်းနဲ့ အိုးပေါ်မှာ အပူပေးပါ။ ပီဇာပေါ်မှာ ခရမ်းချဉ်ဆော့
ပါးပါးသုတ်ပြီး တုန်ယန်းအနှစ်သုတ်ပါ။ အပေါ်က ချိစ်ထပ်ဖြူးပါ။ ချိစ်ဖြူးထားတဲ့ ပီဇာကိုအသားပြုတ်ထဲထည့်ပြီး ချိစ်ထပ်ဖြူးပါ။
ပြီးရင်တော့ အပူချိန် ၃၅၀ ဒီဂရီ ဖာရင်ဟိုက်ရှိတဲ့ မုန့်ဖုတ်စက်ထဲမှာ ဆယ်မိနစ်လောက် ထားလိုက်မယ်ဆိုရင်တော့ အားလုံးအကြိုက် တွေ့မယ့် တုန်ယန်းပီဇာရပါပြီ။

No comments: