Friday, May 27, 2011

ကြော်ငြာများဖြင့် ဈေးကွက်ရရန် ဆွဲဆောင်နေသည့် ပွဲစားဆန်ဆန်ပြုမူနေသော ပညာရေးအေးဂျင့် အချို့ကြောင့် လူငယ်များ၏ ပညာရေးလမ်းကြောင်း လွဲချော်သည့် ဖြစ်ရပ်များ ရှိနေ

ဈေးကွက်ရလိုမှု တစ်ခုတည်းကို ကြည့်၍ ကြော်ငြာအားကိုးဖြင့် ပွဲစားဆန်ဆန် ပြုမူနေသည့် ပညာရေးအေဂျင်စီ အချို့ကြောင့် လူငယ်များ၏ ပညာရေးလမ်းကြောင်း ရွေးချယ်မှု အလွဲများ
ဖြင့် ကြုံတွေ့ခဲ့ရသည့် ဖြစ်စဉ်များ ရှိနေသည်ဟု ကိုယ်တိုင် တွေ့ကြုံခဲ့ရသည့် ကာယကံရှင်များ
နှင့် နိုင်ငံရပ်ခြား ပညာရေး နယ်ပယ်တွင် အတွေ့အကြုံရှိသော ၀ါရင့်ဆရာများ၏ ပြောကြား
ချက်များ အရ သိရှိရသည်။

ကြော်ငြာများဖြင့် မက်လုံးများပေးကာ ဆွဲဆောင်
ပြည်ပနိုင်ငံများရှိ ပညာရေး အဖွဲ့အစည်းများ အနေဖြင့် နိုင်ငံရပ်ခြား၌ ပညာသင်လိုသော လူငယ်
များအား ပွဲစားဆန်ဆန် ပြုမူနေသော ပြည်တွင်းရှိ ပညာရေး အေဂျင်စီများနှင့် ချိတ်ဆက်ကာ
၎င်းတို့ထံမှ ဘာသာရပ်များအား ရာနှုန်းပြည့် ပညာသင်ဆုများပေးခြင်း၊ တစ်စိတ်တစ်ပိုင်း ပညာ
သင်ဆုများ ထောက်ပံ့ပေးခြင်းများဖြင့် ဈေးကွက်ဆွဲဆောင်မှုများ ရှိခဲ့ကြသည်။

''ကြော်ငြာတစ်ခုမှာ သူတို့ရဲ့ ကျောင်းကိုတက်ရင် ထူးချွန်သူတွေ အတွက် စင်ကာပူဒေါ်လာ
တစ်သောင်း ပညာသင်ဆုပေးမယ်လို့ ကြော်ငြာတယ်။ ဟိုဘက်က အဖွဲ့အစည်းက ချမ်းသာလို့
ပေးတာ ဖြစ်နိုင်ပေမယ့် ကိုယ်ရမယ့် ဒီဂရီ၊ ဘွဲ့က နိုင်ငံတကာမှာ အသုံးဝင်ပါ့မလား၊ အသိအမှတ်
ပြုရဲ့လား ဆိုတာ ချင့်ချိန်ပြီးမှ လျှောက်သင့်ပါတယ်''ဟု စင်ကာပူမှ ဒီဂရီ ရရှိခဲ့ပြီး ကိုယ်ပိုင်စီးပွား
ရေး လုပ်ကိုင်နေသူက ပြောပြခဲ့ပါသည်။

ဒေါ်လာတွေပေးတဲ့ ပညာသင်ဆုတွေရဲ့ နောက်ကွယ်က . . .
ရန်ကုန်ရှိ ပညာရေးအေဂျင်စီ အချို့နှင့် ပြည်ပတက္ကသိုလ်များ ပူးပေါင်းကာ မြန်မာကျောင်းသား
ရရန် ဈေးကွက်ရှာဖွေကြရာတွင် အချို့မှာ ဘာသာရပ် အလိုက် ဒေါ်လာ သောင်းဂဏန်း မကပင် ပညာသင်ဆုပေးခြင်းများ ရှိခဲ့သည်။ သို့ရာတွင် ထိုကဲ့သို့ပေးသည့် ပညာရေး အဖွဲ့အစည်းများ၏ နောက်ကွယ်တွင် မည်သည့် အကြောင်းအရင်းများ ရှိနေသည်ကို ထည့်သွင်း စဉ်းစားသင့်ကြောင်း
ပြည်ပ ပညာရေး အတိုင်ပင်ခံ ဆရာတစ်ဦးက ပြောပြခဲ့သည်။


တက္ကသိုလ်ဆီကို နောက်ဆုံးနှစ်တက်ဖို့ ကူးပြောင်းခဲ့တဲ့အခါ သြစတြေးလျဘက်က ၀င်ခွင့်မပြုခဲ့တဲ့ ဖြစ်ရပ်မျိုး ရှိခဲ့တယ်။ ကျောင်းကောင်းတယ်၊ သူ့ဆီက ဘွဲ့တွေနဲ့ ဘယ်နိုင်ငံက တက္ကသိုလ်၊ အဖွဲ့အစည်းမှာမဆို ၀င်ခွင့်ရနိုင်တယ် ဆိုတဲ့ အချက် မခိုင်မာကြောင်း ဒီကျောင်းက သင်ခန်းစာ ပေးလိုက်တာပဲ။ ပညာသင်ဆု ပေးတိုင်းလည်း နောက်ကွယ်က အကြောင်းတွေ ဘယ်လို ရှိသလဲဆိုတာ ချိန်ဆပြီးမှ သွားတာ ကောင်းပါတယ် . . . .

''စင်ကာပူက စီမံခန့်ခွဲမှု ကျောင်းတစ်ခုက စင်ကာပူဒေါ်လာ တစ်သောင်းပေးပြီး ပညာသင်ဆုပေး
မယ်လို့ ကြော်ငြာတယ်။ သူက နိုင်ငံတကာ တက္ကသိုလ်ပေါင်း ၄၉ ခုနဲ့ ချိတ်ဆက်ထားတယ်လို့
သိရတယ်။ ပြဿနာက လွန်ခဲ့တဲ့နှစ် ၂၀၁၀ ပြည့်နှစ်က အဲဒီ စင်ကာပူကျောင်းမှာ တက်နေတဲ့ ကျောင်းသားတချို့က သူနဲ့ link လုပ်ထားတဲ့ သြစတြေးလျက Edith Cown တက္ကသိုလ်ဆီကို နောက်ဆုံးနှစ်တက်ဖို့ ကူးပြောင်းခဲ့တဲ့အခါ သြစတြေးလျဘက်က ၀င်ခွင့်မပြုခဲ့တဲ့ ဖြစ်ရပ်မျိုး
ရှိခဲ့တယ်။ ကျောင်းကောင်းတယ်၊ သူ့ဆီက ဘွဲ့တွေနဲ့ ဘယ်နိုင်ငံက တက္ကသိုလ်၊ အဖွဲ့အစည်းမှာ
မဆို ၀င်ခွင့်ရနိုင်တယ် ဆိုတဲ့ အချက် မခိုင်မာကြောင်း ဒီကျောင်းက သင်ခန်းစာပေးလိုက်တာပဲ။ ပညာသင်ဆု ပေးတိုင်းလည်း နောက်ကွယ်က အကြောင်းတွေ ဘယ်လိုရှိသလဲ ဆိုတာ ချိန်ဆပြီးမှ
သွားတာ ကောင်းပါတယ်''ဟု နိုင်ငံတကာ ပညာရေး လုပ်သက်အတွေ့အကြုံ နှစ် ၃၀ ရှိသော
ဆရာက ရှင်းပြခဲ့သည်။

လူငယ်များ၏ လက်တွေ့ဘ၀နှင့် လွဲချော်ခဲ့ရသည့် တစ်ခါက ပြည်ပပညာရေး
''၂၀၀၈ တုန်းက စင်ကာပူမှာ Marina Bay Sands နဲ့ Integrated Resorts တွေဖွင့်ဖို့ အလုပ်သမား
သိန်းဂဏန်း လိုတယ်လို့ စင်ကာပူက ပြောစဉ်က အေးဂျင့်တချို့က Hospitality & Tourism
တက်ရင် သေချာပေါက် အလုပ်ရမယ်။ ပြီးရင် Internship ဆင်းလို့ရတော့ ကျောင်းလခလည်း ကာမိတယ်ဆိုလို့ သွားခဲ့တဲ့ မြန်မာတွေ မနည်းဘူး။ နောက်ကမ္ဘာ့စီးပွားရေး အကျပ်အတည်း
လည်း ဖြစ်ရော အလုပ်လည်း မရ၊ Internship လည်း မဆင်းခဲ့ရဘဲ ပြန်လာရသူတွေ ရှိခဲ့တယ်''ဟု
၂၀၀၉ ခုနှစ်က မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာခဲ့သူက သူမ၏ ကိုယ်တွေ့ကြုံခဲ့သည့်
ဖြစ်စဉ်ကို ပြန်လည် ပြောပြခဲ့သည်။

ထိုအချိန်က ယင်းဘာသာရပ်တက်ရန် မြန်မာကျပ်ငွေ သိန်း ၆၀ နီးပါးမျ အကုန်အကျ ခံခဲ့သူများမှာ စင်ကာပူ၌ မည်သည့် အလုပ်အကိုင်မျှ မရဘဲ ဘာသာရပ် ပြောင်းခဲ့ကြရသည်။ ယင်းကြောင့် မလိုလားအပ်သော ငွေများနှင့်အချိန်များ ဆုံးရှုံးခဲ့ရသည့်အပြင် လူငယ်များ၏ ဘ၀တစ်ဆစ်ချိုး
အတွက် နစ်နာမှု များစွာ ရှိခဲ့ကြသည်။

''သြစတြေးလျမှာ ဆေးကျောင်းတက်လို့ရတယ် ဆိုလို့ ငွေရှိပြီး ချမ်းသာတဲ့ ကလေးတချို့ သွားကြ
တယ်။ စာသင်နှစ်ဝက်ကျမှ နိုင်ငံတကာ ကျောင်းသားတွေကို Internship မပေးတော့ဘူး ဆိုပြီး
သြစတြေးလျ အစိုးရက ကြေ ညာလိုက်တဲ့အခါ အဲဒီမှာရှိတဲ့ မြန်မာကလေးတွေ ဘွဲ့လည်းမရဘဲ ပြန်လာခဲ့ရတယ်။ လူငယ်တွေရဲ့ အနာဂတ်ကို သတင်းအချက်အလက် အလွဲတွေနဲ့ ရိုက်ချိုးခဲ့တာပဲ''
ဟု စမ်းချောင်းမြို့နယ်ရှိ အိုင်ဂျီစီအက်စ်အီး(သင်္ချာ)နည်းပြ ဆရာက ပြောပြခဲ့ပါသည်။

နိုင်ငံကြီးတွေမှာ ဗီဇာရဖို့ ခက်လာပြန်တော့ သွယ်ဝိုက်သောနည်းနဲ့ လုပ်စားလာပြန်တဲ့ သူတို့တွေ
ယခုအခါ စင်ကာပူရှိ ပုဂ္ဂလိက ကျောင်းများမှ သြစတြေးလျ၊ ကနေဒါ၊ ယူကေ၊ ပြင်သစ် စသော တက္ကသိုလ်များ၏ တိုက်ရိုက်ဘွဲ့ပေးခြင်း၊ ထိုကျောင်းများနှင့် ဆက်သွယ် ချိတ်ဆက်ထားသည်ဟု
ဆိုကာ ဈေးကွက် ရှာဖွေမှုများ ရှိလာကြသည်။ သို့ရာတွင် မိမိသည် ထိုတက္ကသိုလ်ကြီးများသို့ ကူးပြောင်းတက်ရောက်မည်၊ မိမိလက်ရှိ တက်နေသော ကျောင်းနှင့် ကူးပြောင်းမည့် ကျောင်းသည် အမှန်တကယ် ချိတ်ဆက်ထားခြင်း ရှိ၊ မရှိအား သေချာစွာ မေးမြန်း စုံစမ်းပြီးမှ ကူးပြောင်းသင့်သည်
ကို စင်ကာပူ Kaplan ၌ Acconunting ဘာသာရပ် လေ့လာနေသူ အမျိုးသမီးက အကြံပြု ပြောပြခဲ့ပါ
သည်။

''အခု အင်္ဂလန်၊ သြစတြေးလျ၊ ကနေဒါ၊ နယူးဇီလန် စတဲ့ နိုင်ငံကြီးတွေမှာရှိတဲ့ တက္ကသိုလ်တွေကို
ဝင်ဖို့ ဗီဇာ အခက်အခဲတွေ ရှိတယ်။ ဒီတော့ စင်ကာပူ၊ မလေးရှား၊ ထိုင်း စတဲ့ အရှေ့တောင်အာရှက တက္ကသိုလ်တွေ၊ ကောလိပ်ပညာရေး အဖွဲ့အစည်းတွေက ဒီက အေးဂျင့်တွေနဲ့ပေါင်းတယ်။ ပြီးတော့
သူတို့ တက္ကသိုလ်၊ကောလိပ်တွေကနိုင်ငံကြီးတွေနဲ့ affiliationလုပ်ထားတယ်။Worldwide recongnize လုပ်ထားတယ်လို့ ပြောတယ်။ ဟိုမှာ မရှိတဲ့ ဘာသာတွေကို ဒီမှာ ရှိသယောင်ယောင်နဲ့
ဟိုက တိုက်ရိုက် ဘွဲ့ပေးတယ် ဆိုပြီး လိမ်တာတွေကတော့ ကိုယ့်မြန်မာအချင်းချင်း ကိုယ်ချင်းစာ
တရား နည်းလွန်းရာကျပါတယ်''ဟု လန်ဒန်သို့ ဟိုတယ်ဘာသာရပ် သင်ရန် ရောက်ရှိနေသော
မြန်မာ အမျိုးသမီးတစ်ဦးက ပြောပြခဲ့ပါသည်။

ဘယ်သူတာဝန်ယူမှာလဲ . . .
ပညာရေးသည် စင်စစ်အားဖြင့် ထုတ်ကုန်တစ်ခု ရောင်းချရခြင်းမျိုး မဟုတ်ဘဲ အချိန်နှင့်ငွေကြေး
များစွာ ရင်းနှီးထားကြရခြင်းကြောင့် မလျော်ကန်သော နည်းလမ်းများဖြင့် ပညာရေးအား ခုတုံးလုပ်
ကာ စီးပွားရှာဖွေနေသူများသည် ကျင့်ဝတ်သိက္ခာနှင့် လျော်ကန်မှု မရှိကြောင်းကို ရန်ကုန် ပညာ
ရေး တက္ကသိုလ်မှ အငြိမ်းစား တက္ကသိုလ် ပါမောက္ခ တစ်ဦးက ထောက်ပြ ပြောဆိုခဲ့ပါသည်။

''ဗြိတိန်နဲ့ နိုင်ငံကြီး တချို့မှာ ကျောင်းဝင်ခွင့်တွေရဖို့ သိသိသာသာ ခက်လာတယ်။ ပြည်ဝင်ခွင့် စနစ်
တွေဆို အင်္ဂလန်မှာ ခဏခဏ ပြောင်းနေတယ်။ ကျွန်တော်တို့က ဒီမှာရောက်နေတော့ ကိုယ့်မြန်မာ
တွေ ဒုက္ခရောက်နေတာတွေ့လို့ မေးလိုက်ရင် အေးဂျင့်တွေကြောင့်ပဲ ဖြစ်ရတယ်။ ခံရပြန်တော့လည်း ဒီကိစ္စကို တရားစွဲဖို့ကခက်။ တိုင်ဖို့ကလည်း ဘယ်သူ့ဆီ ဘယ်လို တိုင်ရမယ် ဆိုတာတွေက မလွယ်
မှန်းသိလို့ လုပ်စားနေတဲ့ အေးဂျင့်တွေ အခုထိ ရှိနေတုန်းပဲ''ဟု ဗြိတိန်နိုင်ငံ ၀ီဂန်၌ နေထိုင်သူတစ်ဦး
က ပြောပြခဲ့သည်။

သတင်းအမှန်တွေရဖို့ ဒီအချက်တွေလိုတယ် . . .
ပြည်ပနိုင်ငံ အသီးသီးရှိ တက္ကသိုလ်များမှ နိုင်ငံရှိ အေးဂျင့်များနှင့် ချိတ်ဆက်ကာ ကျောင်းသားဈေး
ကွက် ရှာဖွေကြရာတွင် ၎င်းတို့ပြောဆိုသည့် အချက်များမှာ အလုံးစုံ မှန်ကန်မှု ရှိ၊ မရှိ ကို အွန်လိုင်းများမှတစ်ဆင့် စုံ့စမ်း စစ်ဆေးနိုင်ကြခြင်းဖြင့် သတင်းအမှန် ရရှိနိုင်သည်ဟု နိုင်ငံတကာ
ပညာရေး ကျွမ်းကျင်သူအချို့က အကြံပြု ပြောဆိုကြသည်။

''အခု နိုင်ငံတော်တော်များများမှာ တက္ကသိုလ်၊ ကောလိပ်တွေကို အရည်အသွေး ထိန်းချုပ်တဲ့ အနေနဲ့ စဉ်ဆက်မပြတ် အကဲခတ်တဲ့ စနစ်တွေ ထားရှိလာပြီ။ မမှန်ကန်တဲ့ တက္ကသိုလ်၊ ကောလိပ်တွေ ဆိုရင်
လည်း ကျောင်းပိတ်တဲ့ အထိ အရေးယူတာတွေ လုပ်လာခဲ့တယ်။ ဘယ်လိုပဲဖြစ်ဖြစ် အခုခေတ်က အင်တာနက်ကနေတစ်ဆင့် လိုတဲ့ အချက်အလက်တိုင်းကို ရှာဖွေနိုင်လို့ မသွားခင် သေချာစိစစ်ပြီးမှ သွားတာ အကောင်းဆုံးပါ''ဟု ဗြိတိန်နိုင်ငံ ၀ီဂန်၌ ရောက်ရှိနေသူ မြန်မာလူငယ်တစ်ဦး က ပြောပြခဲ့
ပါသည်။

နိုင်ငံခြားမှာပညာသင်ဖို့ ကိုယ့်ဘက်က အဆင်သင့်ဖြစ်ရဲ့လား . . .
ယခုအခါ ရန်ကုန်ရှိ ပညာရေး အေဂျင်စီများမှ နယ်မြို့များသို့ တိုက်ရိုက်သွားကာ ပညာရေးပြပွဲများ ပြုလုပ်လာခဲ့ကြသည်။ ယင်းကြောင့် နယ်မြို့များရှိ ငွေကြေးတတ်နိုင်သည့် မိသားစုများ၌ ပြည်ပသို့ ပညာသင်သွားခြင်းမှာ ဂုဏ်ဒြပ်တစ်ခု အနေဖြင့် အမြင်များ ပြောင်းလဲလာကြသည်။
မည်သို့ပင်ဖြစ်စေ မိမိတို့ သားသမီးများ၏ အရည်အသွေးပိုင်းအား ဦးစွာ စစ်ဆေးပြီးမှ နိုင်ငံခြား၌ ပညာသင်ရန် စေလွှတ်သင့်ကြောင်းကို ဆရာဦးမိုးသူက ပြောပြခဲ့ပါသည်။

''ချမ်းသာတဲ့ မိသားစုဝင်တွေဆို ကိုယ့်ကလေးကို နိုင်ငံခြားပို့ပြီး ပညာ သင်စေချင်ကြတယ်။ မြန်မာ
ပြည်မှာ ဆေးတက္ကသိုလ်၊ အင်ဂျင်နီယာလိုင်းတောင် အမှတ်မမီတဲ့ ကလေးကို မိဘ က ပိုက်ဆံချမ်း
သာလို့ နိုင်ငံခြားက ဆေးတက္ကသိုလ် ထားမယ်ဆိုရင် မိမိ သားသမီးရဲ့ အရည်အချင်း မလိုက်နိုင်တဲ့
အခါ နောင်မှာကလေးရဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာ ရှိလာနိုင်တယ်။ ဟိုက ဘာသာရပ်တစ်ခုသင်ဖို့ လိုက်နိုင်အောင် ကလေးရဲ့ ဉာဏ်ရည်ဉာဏ်သွေး သာမက ဘာသာစကား ကျွမ်းကျင်မှုရှိမှသာ လိုက်နိုင်ပါလိမ့်မယ်''ဟု စမ်းချောင်းမြို့နယ်မှ ဆရာဦးမိုးသူ(သင်္ချာ) က ပြောပြခဲ့ပါသည်။

မည်သို့ပင်ဖြစ်စေ ပြည်ပသို့ ပညာသင်ရန် နိုင်ငံရပ်ခြား တက္ကသိုလ်များသို့ လူငယ်များ ထွက်ခွာခဲ့
ကြသည်မှာ ဦးရေ သိန်းဂဏန်းမကပင် ရှိခဲ့ကြပြီ ဖြစ်သည်။ သို့ရာတွင် အများစုမှာ ထိုနိုင်ငံများ၌
အခြေချ နေထိုင်သွားကြသည်က ပိုများကြသည်။ ထို့ပြင် ၀ါသနာနှင့် မိမိ ငွေကြေးတတ်နိုင်မှု၊
အေးဂျင့်များ၏ ကျောင်းသားရရန် မက်လုံးပေး မဲဆွယ်မှုများကြောင့် ပညာရေးလမ်းကြောင်း
လွဲချော်သည့် ဖြစ်စဉ်နှင့် ကြုံတွေ့ခဲ့ကြဖူးသည်က များကြသည်။ ထို့ကြောင့် အမှန်တကယ်
ထူးချွန်ပြီး အရည်အချင်း ရှိသူများ အနေဖြင့် နိုင်ငံရပ်ခြားသို့ သွားရန် မည်သည့် အေးဂျင့်နှင့်မျှ ဆက်သွယ်သွားရန်ပင် မလိုအပ်ကြောင်း နိုင်ငံခြား ပညာသင် ကဏ္ဍ၌ အတွေ့အကြုံရှိ ၀ါရင့်
ဆရာကြီးများက ထောက်ပြ ပြောဆိုခဲ့ကြသည်။

မြန်မာလူငယ်များ ပညာသင် အသွားများသော နိုင်ငံများ၏ မြန်မာနိုင်ငံ အခြေစိုက် အဖွဲ့အစည်းများမှ တာဝန်ရှိသူ အချို့၏ ပြောကြားချက်များအား ပြန်လည် ကောက်နုတ်
ဖော်ပြချက် အချို့

မြန်မာနိုင်ငံအခြေစိုက် ဗြိတိသျှကောင်စီ၏ ဒါရိုက်တာ Mr. Alan Smart က ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် စာနယ်ဇင်း တွေ့ဆုံပွဲ၌ ပြောကြားချက်

''အင်္ဂလန်က ကျောင်းတွေနဲ့ ချိတ်ဆက် ဖွင့်လှစ်လာတဲ့ မြန်မာနိုင်ငံက သင်တန်းတွေမှာ တက်မယ့် ကလေးတွေနဲ့ မိဘတွေ သိထားရမှာက ပညာရေး အတွက် ငွေကုန်ကြေးကျ အရမ်းများပါတယ်။ ဗြိတိသျှကောင်စီ အနေနဲ့ကလည်း အာမခံချက်ပေးမှာ မဟုတ်သလို ကိုယ်တက်မယ့်ကျောင်းရဲ့ ခိုင်
မာမှု ရှိ၊ မရှိ ဆိုတာ မိမိဘာသာ အဲဒီ ၀က်ဘ်ဆိုက်တွေကနေ တစ်ဆင့် သေချာစစ်ဆေးဖို့ လိုပါတယ်''

မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူသံအမတ်ကြီး H.E Robert H.K.Chua က ၂၀၁၁ ခုနှစ် မတ်လ 
၂၆ ရက်နေ့၌ ပြုလုပ်သော စင်ကာပူ ပညာရေးပြပွဲတွင် ပြောကြားချက်

''စင်ကာပူနိုင်ငံကို ပညာသင်သွားဖို့ ပြုလုပ်နေတဲ့ လူငယ်ကျောင်းသား အရွယ်တွေကို မှန်ကန်တဲ့ သတင်းအချက်အလက်များ ပေးဖို့ လွန်စွာ အရေးပါလှပါတယ်။ ပညာရေးကို အမြတ်ထုတ်လိုပြီး
မှန်ကန်မှု မရှိတဲ့ အေးဂျင့်တွေရဲ့ လိမ် လည်မှုတွေကနေ ကင်းဝေးအောင် မိဘကျောင်းသားများက သက်ဆိုင်ရာ ကျောင်းဝက်ဘ်ဆိုက်များမှ တစ်ဆင့် မေးမြန်း ဆက်သွယ်မှုများ ပြုလုပ်သင့်ပါတယ်။ စင်ကာပူကို အလည်သော်လည်းကောင်း၊ ပညာသင်ဖို့သော်လည်းကောင်း သွားမယ်ဆို စင်ကာပူ သံရုံးရဲ့ဗီဇာကို လွယ်ကူအောင် ထုတ်ပေးနေပါတယ်''

မြန်မာနိုင်ငံ အခြေစိုက် ကိုရီးယားသံရုံးမှ ကောင်စစ်ဝန် Mr. Kim Dong-bae က ၂၀၁၁ 
ခုနှစ် မေလ ၆ ရက်နေ့က ပြောကြားချက်

''ကိုရီးယားကို ပညာသင်သွားဖို့ ခိုင်မာတဲ့ အဖွဲ့အစည်းက ဖြစ်တယ်ဆို သံရုံးက ဗီဇာ ထုတ်ပေးပါ
တယ်။ ပညာသင်ဖို့ ကိုယ့်အစီအစဉ်နဲ့ ပြင်ပ အေးဂျင့်တွေကနေ သွားမယ်ဆို လိမ်လည်လှည့်ဖျား
ခဲ့တဲ့ ဖြစ်စဉ်တွေ ရှိခဲ့တော့ သတိထား စေချင်ပါတယ်။ မကြာခဏ ပြင်ပ အဖွဲ့အစည်းတွေနဲ့ သွား
တယ်ဆို လိမ်ညာမှုတွေ ရှိနေတာကြောင့် မိမိသွားမယ့်ကျောင်းဟာ ခိုင်မာမှု ရှိ၊ မရှိကို သံရုံးမှာ
လာရောက် စစ်ဆေးတာတွေ ပြုလုပ်နိုင်ပါတယ်''

No comments: